မင်းဓမ္မ ဗဟိုအထူးစီးပွားရေးဇုန်တည်ဆောက်ရေးလွှတ်တော်မှာ မေးမြန်း - Property News in Myanmar from iMyanmarHouse.com
1552 Views

မင်းဓမ္မ ဗဟိုအထူးစီးပွားရေးဇုန်တည်ဆောက်ရေးလွှတ်တော်မှာ မေးမြန်း

မင်းဓမ္မဗဟို အထူးစီးပွားရေးဇုန်တည်ဆောက်ရေးမှာ စီမံကိန်းဆက်လက်ဆောင်ရွက်ဖို့၊ နိုင်ငံခြားကုမ္ပဏီ နဲ့ ဖက်စပ်လုပ်ကိုင်ဖို့နဲ့ တင်ဒါ အာမခံတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး

လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းပါတယ်။

သည်ကြယ်ပွင့်ပြမေးခွန်းကို သည်လ ဒုတိယအပတ်ကကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဒဂုံမြို့သစ် (တောင်ပိုင်း)လွှတ်တော်ကိုယ်စားလှယ် ဦးညီညီကမေးမြန်းခဲ့တာဖြစ်ပါတယ်။

ဦးညီညီက ရန်ကုန်တိုင်းမှာ စီမံကိန်းတွေများစွာဖော်ဆောင်နေပါတယ်၊ လူထုကိုယ်စား လှယ်တွေက ဘယ်နေရာမှာအသုံးတည့်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်ဆိုတာ မသိရှိတာအများစုဖြစ်နေပါတယ်၊ ဒီနေ့အထိထင်သာမြင်သာမဆောင်ရွက်ခဲ့တဲ့ စီမံကိန်းကို ဆက်လက်လုပ်ဆောင်မှုရှိမရှိ မေးမြန်းတာဖြစ်တယ်လို့ပြောပါတယ်။

မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းပေါ်က မင်းဓမ္မ ဗဟိုအထူးစီးပွားရေးဇုန် စီမံကိန်းအကောင် အထည်ဖော်ဖို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက တင်ဒါခေါ်ယူခဲ့တာပါ။ သည်စီမံကိန်းကို လုပ်ဆောင်ဖို့ UMG Media One ကုမ္ပဏီ၊ဘော်စတွန်ဆောက်လုပ်ရေးကုမ္ပဏီ၊ မြန်မာ့ဂုဏ်ရည်ကျောက် မျက်ရတနာရောင်းဝယ်ရေးကုမ္ပဏီ၊ First Myanmar Construction နဲ့ Global Development ကုမ္မဏီ၊ မြန်မာဗွီပိုင်ကုမ္ပဏီငါးခုကလျှောက်ထားခဲ့ပါတယ်။

သည်ကုမ္ပဏီငါးခုထဲက First Myanmar Construction နဲ့ Global Development ကုမ္ပဏီကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကရွေးချယ်ပါတယ်။ လုပ်ငန်းစတင်လုပ် ကိုင်နိုင်ဖို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သည်လ ၁၁ ရက်နေ့ကခွင့်ပြုပါတယ်။ စည်ပင်သာယာရေး ကော်မတီနဲ့ မြေငှားရမ်းဖို့စာချုပ်ကို သည်နှစ်ထဲမှာလက်မှတ်ရေးထိုးပါတယ်။

သည်စီမံကိန်းက မြေဧက ၃၆.၅၅၁ ဧကပေါ်မှာတည်ဆောက်မှာပါ။ ၁၂ ထပ်ရှိတဲ့ ဟိုတယ်တစ်လုံး၊ ၁၂ ထပ်ရှိတဲ့ကုန်သွယ်ရေးစင်တာတစ်ခု၊ ငါးထပ်အမြင့်ရှိတဲ့ ဈေးဝယ် စင်တာတစ်ခုနဲ့ မြေဧက ၃.၅ ဧကကျယ်ဝန်းတဲ့ ငါးထပ် အမြင့်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတစ်ခု တည်ဆောက်မှာဖြစ်ပါတယ်။

မြန်မာကွန်ဗင်းရှင်းစင်တာကိုတော့ မြေငှားရမ်းခ ပရီမီယံကြေး ၇၂.၆၅ သန်းအတွက် နိုင်ငံတော်ကို သည်အဆောက်အအုံဆောက်လုပ်ပေးတာဖြစ်ပါတယ်။ ကျန်တဲ့အဆောက်အအုံလေးခုကိုတော့ ကုမ္ပဏီကငှားရမ်းတာတွေ ကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

သည်အဆောက်အအုံလေးခုအတွက် အစိုးရကို နှစ်စဉ်မြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၁.၂ သန်းပေးရမှာဖြစ်ပြီး မြေကိုနှစ် ၅၀ နဲ့ ထပ်တိုး ၁၀ နှစ် နှစ်ကြိမ်နဲ့ စုစုပေါင်း နှစ် ၇၀ ငှားရမ်းမှာ ဖြစ်ပါတယ်။

သည်စီမံကိန်းနဲ့ပတ်သက်ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက စီမံကိန်းက တင်ဒါအာမခံကြေးပေးသွင်းမှုရှိမရှိနဲ့ နိုင်ငံခြားကုမ္ပဏီ နဲ့ ပူးပေါင်း ဆောင်ရွက်မှုရှိမရှိနဲ့ ကုမ္မဏီဘက်က လွှတ်တော်ကိုယ်စားလှယ်တွေကို စီမံကိန်းနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းပြဖို့ ထပ်ဆင့်မေးခွန်း မေးမြန်းခဲ့ပါတယ်။

သည်ထပ်ဆင့်မေးခွန်းကို ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက တင်ဒါအာမခံငွေပေးသွင်းပြီးဖြစ်ကြောင်းနဲ့ စီမံကိန်းနဲ့ပတ်သက်ပြီး တည်ဆောက်မယ့် ကုမ္ပဏီကိုလာရောက်ရှင်းပြဖို့ကိုလည်း ဆက်လက်ဆောင်ရွက်ပေး မယ်လို့ ရန်ကုန်မြို့တော် ၀န်ကိုယ်စား ဖြေကြားပေးခဲ့ပါတယ်။

မင်းဓမ္မ ဗဟိုအထူးစီးပွားရေးဇုန်တည်ဆောက်ရေးနဲ့ပတ်သက်ပြီး စီမံကိန်းဆက်လက် လုပ်ဖို့ ရှိမရှိကိုတော့ လွှတ်တော်မှာတိတိကျကျဖြေကြားတာမရှိခဲ့ပါဘူး။


Credit:Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service