တရုတ်အိမ်ဈေးကွက်ဖွံ့ဖြိုးမှုနှုန်း နိုဝင်ဘာတွင် ကျဆင်း - Property News in Myanmar from iMyanmarHouse.com
1004 Views

တရုတ်အိမ်ဈေးကွက်ဖွံ့ဖြိုးမှုနှုန်း နိုဝင်ဘာတွင် ကျဆင်း

ပြီးခဲ့သည့် အောက်တိုဘာလ၌ တရုတ်ရှိ ပထမနှင့် ဒုတိယတန်းစား မြို့ကြီးများ၏ (ရောင်း
ချရန် ၎င်းအောက်တိုဘာလတွင် ဈေးကွက်ထဲဝင်ရောက်လာခဲ့သည့်) အိမ်သစ်ဈေးကွက်
နှင့် (ဈေးကွက်ထဲ ယခင်လများကတည်းက ၀င်ရောက်လာခဲ့ပြီး ရောင်းမထွက်သေးဘဲ
ကျန်ရှိနေသေးသည့်) လက်ကျန်အိမ်ဈေးကွက်တို့တွင် အိမ်ဈေးမြင့်တက်နှုန်း သိသိသာသာ
ကျဆင်းခဲ့သဖြင့် ဈေးကွက်ဖွံ့ဖြိုးမှုနှုန်းကျဆင်းသည့် လက္ခဏာများ တွေ့မြင်ခဲ့ရကြောင်း
တရုတ်အမျိုးသားစာရင်းအင်းဗျူရိုက နိုဝင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်အမျိုးသားစာရင်းအင်းဗျူရိုသည် နိုင်ငံတစ်ဝန်းရှိ မြို့ကြီး ၇၀ ၏ ထိုဈေးကွက်များကို ဆန်း
လေ့လာ၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ပထမတန်းစားနှင့် ဒုတိယတန်းစားမြို့ကြီးများတွင် အိမ်သစ်ဈေးနှုန်းများသည် ပြီးခဲ့သည့်
စက်တင်ဘာလကထက် အောက်တိုဘာလတွင် ပျမ်းမျှအားဖြင့် ၀ ဒသမ ၅ ရာခိုင်နှုန်းနှင့်
၁ ဒသမ ၃ ရာခိုင်နှုန်းစီ အသီးသီး မြင့်တက်ခဲ့သည်။

သို့သော်လည်း သြဂုတ်လထက်
စက်တင်ဘာလတွင် ၃ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဖြစ်
သဖြင့် အောက်တိုဘာလမြင့်တက်နှုန်းသည် စက်တင်ဘာလမြင့်တက်နှုန်းအောက် ကျဆင်း
ခဲ့သည်။

ကြိုပွိုင့်ဈေးကွက်တွင်လည်း အိမ်ဈေးသည် ပြီးခဲ့သည့် စက်တင်ဘာလကထက် အောက်တို
ဘာလတွင် ပျမ်းမျှအားဖြင့် ၀ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၀ ဒသမ ၈ ရာခိုင်နှုန်းစီ အသီးသီး
မြင့်တက်ခဲ့ပြီး စက်တင်ဘာလမြင့်တက်နှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂ ဒသမ ၉
ရာခိုင်နှုန်းတို့အောက် ကျဆင်းခဲ့သည်။

"ပထမတန်းစားမြို့ကြီးတွေရော၊ ဒုတိယတန်းစားမြို့ကြီးတွေမှာပါ အောက်တိုဘာလက
အိမ်ဈေးကွက်တွေ ဖွံ့ဖြိုးနှုန်းကျဆင်းခဲ့ပါတယ်။ တတိယတန်းစားမြို့တွေမှာတော့ တည်ငြိမ်
နေဆဲပါ" ဟု ဗျူရို၏ အကြီးတန်းစာရင်းအင်းပညာရှင် လျိုကျန်ဝေက ပြောကြားခဲ့သည်။
"တစ်လချင်းမဟုတ်ဘဲ မနှစ်ကအောက်တိုဘာဖွံ့ဖြိုးနှုန်းနဲ့ယှဉ်ရင်လည်း အနည်းငယ်
ကျဆင်းတာပါပဲ" ဟုလည်း သူက ပြောကြားခဲ့သည်။

နိုင်ငံ၏ အဓိက၀င်ပေါက်ဆိပ်ကမ်းမြို့ကြီးလေးမြို့တွင် စန်းကျန်း၌သာလျှင် အိမ်ဈေး
ကျဆင်းခဲ့သည်။ စန်းကျန်း၏ အိမ်သစ်ဈေးနှင့် လက်ကျန်အိမ်ဈေး နှစ်ခုလုံးသည်
အောက်တိုဘာလတွင် စက်တင်ဘာလအောက် ၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ကျန်အဓိက၀င်ပေါက်ဆိပ်ကမ်းမြို့ကြီးသုံးမြို့ဖြစ်သည့် ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုးတို့
တွင် ၀ ဒသမ ၃ ရာခိုင်နှုန်း၊ ၀ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၀ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့
သည်။ သို့သော်လည်း စက်တင်ဘာလမြင့်တက်နှုန်းများဖြစ်သည့် ၄ ဒသမ ၉ ရာခိုင်နှုန်း၊
၃ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၃ ဒသမ ၁ ရာခိုင်နှုန်းတို့နှင့် ယှဉ်ပါက ပြန်လည်ကျဆင်းခဲ့ခြင်း
ဖြစ်သည်။

"အစိုးရမူဝါဒအပြောင်းအလဲကြောင့် ဖြစ်ခဲ့တာပါ။ ဒီလိုမျိုးဈေးကွက်အခြေအနေ အနည်းဆုံး
ခြောက်လကနေ ကိုးလအထိကြာနိုင်တယ်လို့ ကျွန်တော်တို့ထင်ပါတယ်" ဟု Centaline
Property အိမ်ခြံမြေကုမ္ပဏီကလည်း နိုဝင်ဘာလ ၁၈ ရက်၌ပင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတစ်ဝန်း မြို့ကြီး ၂၂ မြို့၌ လူတစ်ဦးစီ၏ အိမ်ဝယ်ယူခွင့်အရေအတွက်ကန့်သတ်မှု၊
အိမ်ဝယ်ယူမှုတွင် လက်ငင်းပေးချေရမည့် ငွေပမာဏကို တိုးမြှင့်လိုက်ခြင်းတို့အပါအ၀င်
အိမ်ခြံမြေဈေးနှုန်းမြင့်တက်မှုထိန်းချုပ်ရေး စည်းမျဉ်းတင်းကျပ်မှုများစွာကို စက်တင်ဘာလ
နှောင်းပိုင်းကတည်းက ပြုလုပ်လာခဲ့သည်။ ယင်းထိန်းချုပ်မှုများသည် နိုင်ငံ၏ စီးပွားရေး
ဖွံ့ဖြိုးမှုအတွက် အန္တရာယ်ကို အစပျိုးစေနိုင်သည်။

ထိုမြို့ကြီး ၂၂ မြို့တွင် ၀ယ်လိုအားသည် အောက်တိုဘာတွင် စက်တင်ဘာအောက် ၄၀
ရာခိုင်နှုန်းခန့် တစ်ရှိန်ထိုးကျဆင်းခဲ့ကြောင်းလည်း Centaline Property က ထုတ်ပြန်ခဲ့
သည်။

နိုင်ငံတစ်ဝန်း အောက်တိုဘာလအတွင်း အိမ်သစ်များအား ယွမ် ၉၄၁ ဒသမ ၂ ဘီလျံ
(အမေရိကန်ဒေါ်လာ ၁၃၆ ဒသမ ၃ ဘီလျံ) တန်ဖိုး ရောင်းချခဲ့ရသည်။ ယင်းသည်
စက်တင်ဘာရောင်းအား ယွမ် ၁ ဒသမ ၁၅ ထရီလျံအောက် ကျဆင်းခဲ့ခြင်းဖြစ်သည်။
ဧရိယာအားဖြင့် စတုရန်းမီတာ ၁၃၂ ဒသမ ၆ သန်း ရောင်းချခဲ့ရပြီး စက်တင်ဘာ
ရောင်းအား စတုရန်းမီတာ ၁၅၅ ဒသမ ၇ သန်းအောက် ကျဆင်းခဲ့ကြောင်း တရုတ်
အမျိုးသားစာရင်းအင်းဗျူရိုက ပြီးခဲ့သည့်သီတင်းပတ်အတွင်း နိုဝင်ဘာ ၁၈ မတိုင်မီကပင်
ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service