မြန်မာနိုင်ငံတွင် ပထမဆုံး ပင်လယ်ပြင်ကို မျက်နှာမူထားသော အခန်းပေါင်း ၂၄၀၀ ကျော် ပါဝင်သည့် ခေတ်မီကွန်ဒို ၁၂ လုံး မြိတ်မြို့၌ စတင်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1699 Views

မြန်မာနိုင်ငံတွင် ပထမဆုံး ပင်လယ်ပြင်ကို မျက်နှာမူထားသော အခန်းပေါင်း ၂၄၀၀ ကျော် ပါဝင်သည့် ခေတ်မီကွန်ဒို ၁၂ လုံး မြိတ်မြို့၌ စတင်တည်ဆောက်မည်

မြန်မာနိုင်ငံတွင် ပထမဆုံးပင်လယ်ပြင်ကို မျက်နှာမူထားသော အခန်းပေါင်း ၂၄၀၀ ကျော်ပါဝင်သည့် ခေတ်မီကွန်ဒို ၁၂ လုံးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် မြိတ်မြို့၌ စတင်တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

Sea View Condo ဟု အမည်ပေးထားသော ကွန်ဒိုများကို မြိတ်မြို့ကမ်းနားလမ်းတွင် တည်ဆောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ပင်လယ်ကို မျက်နှာမူထားသည့် ဈေးဆိုင်ခန်းနှင့် အိမ်ရာပေါင်းစပ် ပြုလုပ်တည်ဆောက်သည့် စီမံကိန်းတစ်ခုဖြစ်ကာ လမ်းလျှောက်ဈေးများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီစီမံကိန်းကို ငါးနှစ်အတွင်း အပြီးသတ် တည်ဆောက်မှာပါ။ ရာသီဥတုနဲ့ ဆောက်လုပ်ရေးပစ္စည်း သယ်ယူမှုအပိုင်းများ ဒီထက်လွယ်ကူမယ်ဆိုရင် ငါးနှစ်တောင် မပြည့်ပါဘူး။ ပထမဆုံး ဧက ၁၁ ဒသမ ၈ ဧက အကျယ်အ၀န်းမှာ အဆောက်အအုံ လေးလုံးကို စတင်ဆောက်လုပ်ပါ့မယ်။ ဒီဇင်ဘာလကုန်လောက်မှာ အဆောက်အအုံတွေ စတင် ဆောက်လုပ်တော့မယ်။ လိုအပ်တဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို တရုတ်နိုင်ငံကနေ မှာယူထားပြီး ဖြစ်ပါတယ်။

ပင်လယ်နဲ့နီးတဲ့အတွက် အောက်ခံကို သေချာစီစဉ်ထားပါတယ်။ အနက်မီတာ ၆၀ အထိ ဖောင်ဒေးရှင်းချမှာပါ။ အဓိကအဆောက်အအုံများမှာ အထပ်ရေ ၃၂ ထပ်အထိ ရှိမှာပါ။ ငလျင်ဒဏ် ခံနိုင်အားကိုလည်း စမ်းသပ်ထားပြီး ဖြစ်တဲ့အတွက် အနိမ့်ဆုံး ၆ ဒသမ ၈ ရစ်ခ်ျစတာစကေးကို ခံနိုင်အားရှိမှာပါ” ဟု Sea View Condo ဈေးကွက်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကွန်ဒိုများတွင် အဆောက်အအုံပေါင်း ၁၂ လုံး ပါဝင်မည်ဖြစ်ကာ ၃၂ ထပ် အဆောက်အအုံ ရှစ်လုံး၊ ၂၈ ထပ် အဆောက်အအုံ နှစ်လုံး၊ ၂၂ ထပ် အဆောက်အအုံ နှစ်လုံး ပါဝင်မည်ဖြစ်ပြီး အခန်းပေါင်း ၂၄၉၇ ခန်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ဒီစီမံကိန်းက မြိတ်မြို့အနေနဲ့ အိပ်မက်လို ဖြစ်နေပါတယ်။ တကယ်ဖြစ်လာရင်တော့ မြို့ရဲ့ဂုဏ်သိက္ခာ အရမ်းတက်မှာပေါ့။ ကမ်းနားလမ်း သဲကွင်းဖို့မြေမှာ လုပ်မှာဆိုတော့ နည်းပညာပိုင်း အရမ်းကိုကောင်းဖို့လိုမယ်။ မြိတ်သူ၊ သားတွေအတွက် အပန်းဖြေ လည်ပတ်စရာနေရာတစ်ခု တိုးလာမှာပါ။ ဒီစီမံကိန်းကြီး ဖြစ်လာဖို့ပဲ လိုပါတယ်။ လူနေမှုအဆင့်အတန်းက တိုးတက်သွားမှာတော့ အမှန်ပါပဲ” ဟု မြိတ်မြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ ကွန်ဒိုစီမံကိန်း အကျယ်အ၀န်းမှာ ၂၇ ဧကရှိပြီး အားကစားကွင်းများ၊ ဘောလုံးကွင်း၊ ဈေးဆိုင်ခန်းအတွင်း၊ အပြင်များ၊ လမ်းလျှောက်ဈေးများ၊ ကြီးမားသည့် ရေကူးကန်၊ ရေအလှမြင်ကွင်း၊ အားကစားခန်းမ၊ ဆေးခန်း၊ အနီလွန်ရောင်ခြည် အီလက်ထရွန်နစ် စောင့်ကြည့်ရေးစနစ်များ ပါဝင်မည်ဖြစ်ကြောင်း ကွန်ဒိုတာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါ ကွန်ဒိုစီမံကိန်း ဧရိယာအပြင် ကမ်းနားလမ်းတစ်ဖက် ရေပြင်တွင်လည်း အများပြည်သူ အပန်းဖြေနိုင်သည့် ရေပေါ်ပန်းခြံ၊ ဆိပ်ခံတံတားငယ်များကို အကုန်အကျခံ တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ဆောက်လုပ်ခွင့် အတွက်လည်း တိုင်းဒေသကြီးအစိုးရက ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကွန်ဒိုအခန်းများကို မြို့ခံများကြားတွင် စိတ်ပါဝင်စားသူ မြင့်တက်လျက်ရှိပြီး လက်ရှိအချိန်တွင် စတင်ရောင်းချဦးမည် မဟုတ်ဘဲ လာမည့် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလတွင် ပြပွဲပြုလုပ်မည်ဖြစ်ပြီး ဆောက်လုပ်ဆဲ ကာလရောက်မှ စတင်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

ရိုးရိုးခန်း၊ နှစ်ထပ်ခန်းများ ပါဝင်ပြီး ဒီဇိုင်းအမျိုး ၂၀ ခန့်ရှိကာ အနိမ့်ဆုံး အခန်းဈေးနှုန်းမှာ ကျပ်သိန်း ၁၀၀၀ ကျော်မှ စတင်ဖွယ်ရှိနေပြီး အတွင်းအပြင်အဆင်များကိုမူ ၀ယ်ယူမှပြင်ဆင်ရမည် ဖြစ်သလို ကွန်ဒိုစီမံကိန်း တာဝန်ရှိသူများကို ငှားရမ်းပြင်ဆင်ရန် တာဝန်ပေးနိုင်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို မြိတ်မြို့မှ ပြည်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီ၊ South Asia International Investment Group PTE.LTD (Singapore) တို့က ရင်းနှီးမြှုပ်နှံထားကာ ဟောင်ကောင်ကုမ္ပဏီများက ဒီဇိုင်း ရေးဆွဲပေးထားကြောင်း သိရသည်။



Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service