ဟိုတယ်ဆောက်လုပ်ခွင့်လိုင်စင် ၁၁ ခု တိုင်းအစိုးရထောက်ခံချက်နဲ့ ချထားပေးမည် - Property News in Myanmar from iMyanmarHouse.com
1290 Views

ဟိုတယ်ဆောက်လုပ်ခွင့်လိုင်စင် ၁၁ ခု တိုင်းအစိုးရထောက်ခံချက်နဲ့ ချထားပေးမည်

ဟိုတယ်တည်ဆောက်ဖို့ လိုင်စင်ရယူမထားတဲ့ အဆောက်အအုံ ၁၁ ခုကို တိုင်းဒေသကြီးအစိုးရဖွဲ့ အထူးထောက်ခံချက်နဲ့ ဟိုတယ်လိုင်စင်ချထားပေးမယ်လို့ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုကပြောပါတယ်။

ဟိုတယ်လိုင်စင်တွေကို အခုနှစ်စက်တင်ဘာလကစတင်ပြီး ရန်ကုန်၊မန္တလေးနဲ့ ရှမ်းပြည်နယ် အင်းလေးဒေသတွေမှာ ခေတ္တယာယီရပ်ဆိုင်းတယ်လို့ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။

ဦးစန်းယုကပဲ သူတို့က စည်ပင်ရိပ်သာဆောက်မလား၊ရှောပင်းမောလ်ပဲလုပ်မလား လုပ်တာ၊နောက်ကျတော့အကြောင်းကြောင်း ကြောင့် ချိန်းတဲ့အခါမှာ မသိလိုက်ဘူး၊ သူတို့ဘက်က ဆုံးရှုံးမှုတွေ တင်လာတဲ့အခါ တိုင်းဒေသကြီးရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိတဲ့အတွက် လွှတ်တော်တင်၊လွှတ်တော်ကနေ ပြည်သူမနစ်နာစေချင်လို့ မြို့တော်စည်ပင်သာယာရေးကော်မတီက ဒဏ်ကြေးတပ်မှာလို့ ပြောပါတယ်။

ဟိုတယ်တည်ဆောက်မယ်ဆိုကတည်းက ကြိုတင်တည်ဆောက်ခွင့်ကို တင်ပြကြရပေမဲ့ ဆောက်လုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ မတင်ပြကြဘူးလို့ ဆိုပါတယ်။
တင်ပြခြင်းမရှိဘဲနဲ့ဆောက်တယ်၊သူတို့က အရင်ကအတိုင်းသွားနေတဲ့ ပုံစံမှတ်လို့ လုပ်နေကြတဲ့ သဘော၊အခုကအစိုးရရဲ့ မူဝါဒလဲထွက်လာတော့ ဆုံးရှုံးမှုတွေရှိပါတယ်၊နစ်နာမှုတွေရှိတယ်ဆိုတော့ မြန်မာနိုင်ငံလုပ်ငန်းရှင်တွေလဲ ဖြစ်တော့ ခွင့်ပြုချက်မယူခဲ့တဲ့ အတွက် မန္တလေးမြို့တော်စည်ပင်က ဒဏ်ကြေးပေးရမယ်လို့ ဦးစန်းယုက ပြောပါတယ်။

ဒဏ်ကြေးပေးဆောင်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကို ဒဏ်ကြေးငွေပေးဆောင်ပြီး တဲ့အခါ အဲသည် ဟိုတယ်တွေဟာ ဟိုတယ်တစ်ခုရှိရမယ့် အချက်တွေနဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေးမှုရလဒ်တွေကို တိုင်းအစိုးရအဖွဲ့ကို တင်ပြရမှာပါ။အစိုးရအဖွဲ့က ဆုံးဖြတ်မှာဖြစ်ပါတယ်။

လိုင်စင်ချထားပေးဖို့က မြန်မှာပါ၊သူတို့ဒဏ်ကြေးပေးဆောင်ပြီးတာနဲ့ ဒီမှာလဲအဆင်သင့်ပါပဲ လို့ ဦးစန်းယုကပြောပါတယ်။
မန္တလေးတိုင်းအတွင်းမှာ ဟိုတယ် ၁၈၄ လုံးရှိပြီး အခန်းပေါင်း ၇၄၁၇ ခန်းရှိပါတယ်။ဒေသတွင်းခရီးသွားဝင်ရောက်မှုမှာ ပြီးခဲ့တဲ့ နှစ်က သုံးသိန်းခန့် ရှိခဲ့ပြီး အခုနှစ်မှာတော့ လေးသိန်းခန့် ၀င်ရောက်နိုင်ဖို့ မှန်းထားပါတယ်။လာရောက်မှုအများဆုံး နိုင်ငံသားတွေကတော့ တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။

Credit : Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service