မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ လျှောက်လွှာဝယ်ယူရန် လွှတ်တော်ကိုယ်စားလှယ်၊ ထွေအုပ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်တောင်းမည့်အပေါ် မြို့ခံပြည်သူများ ဝေဖန် - Property News in Myanmar from iMyanmarHouse.com
945 Views

မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ လျှောက်လွှာဝယ်ယူရန် လွှတ်တော်ကိုယ်စားလှယ်၊ ထွေအုပ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်တောင်းမည့်အပေါ် မြို့ခံပြည်သူများ ဝေဖန်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ တန်ဖိုးမျှတအိမ်ရာများအား ၀ယ်ယူခွင့် လျှောက်လွှာခေါ်ယူရာတွင် ၀င်ငွေနည်းပြည်သူများ အနေဖြင့် အဆိုပါ လျှောက်လွှာအတွက် လွှတ်တော်ကိုယ်စားလှယ်၊ ထွေအုပ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်ပါမှ လျှောက်လွှာကို လက်ခံမည်ဆိုသည့်အပေါ် မြို့ခံပြည်သူများမှ ဝေဖန်လျက်ရှိသည်။

“ရန်ကုန်မှာ ကားပါကင်ရှိကြောင်း ထွေအုပ်တွေ ထောက်ခံချက်ပေးမှ ကားတင်သွင်းခွင့်ပေးမယ်ဆိုတဲ့ မူဝါဒချလိုက်တော့ ထောက်ခံစာ ဈေးကွက်ဖြစ်လာတာပဲ အဖတ်တင်တယ်။ တကယ်ကားပါကင်ရှိ၊ မရှိ ဘယ်သူမှ လိုက်စိစစ်နိုင်တာ မဟုတ်ပါဘူး။ အခုလည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦး၏ ထောက်ခံချက်တဲ့။ ကျွန်တော်တို့ မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို ဘယ်လိုက်ရှာရမှာလဲ။ အမြဲတမ်း အလုပ်ရှုပ်နေတဲ့ ထွေအုပ်ဆီက လက်မှတ်ကရော အလွယ်တကူရမှာလား။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက် ယူတာပဲ လွယ်မယ်။ ကျန်တာကတော့ သာမန်ပြည်သူတွေအဖို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ကိုလိုနီခေတ်ကတည်းက ကျင့်သုံးလာတဲ့ အဆင့်ဆင့် သွားရတဲ့ ကြိုးနီစနစ်ကို ပြင်ဖို့အချိန်တန်ပါပြီ” ဟု အမရပူရမြို့ခံ ဦးအောင်ကိုက ပြောကြားသည်။

ယနေ့ခေတ် ကုန်ဈေးနှုန်းအရ တစ်လ၀င်ငွေ လေးငါးသိန်းမရှိဘဲ မိသားစုဝင် ငါးဦးရှိသော အိမ်တစ်အိမ်အနေဖြင့် မည်သို့မှ ရပ်တည်ရန် မဖြစ်နိုင်ကြောင်း၊ အိုးပိုင်၊ အိမ်ပိုင်ရှိ၊ မရှိဆိုသည်ကို လွှတ်တော်ကိုယ်စားလှယ်များ၊ ထွေအုပ်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အနေဖြင့် တိတိကျကျ မသိရှိနိုင်သည့် အတွက် ယခုလို ထောက်ခံချက်သုံးခု တောင်းခြင်းအား သဘောမတူကြောင်း အောင်မြေသာစံမြို့နယ်နေ ဦးထွန်းလင်းက ပြောကြားသည်။

“တကယ်က ဘယ်သူဖြစ်ဖြစ် လျှောက်လွှာ တင်ပေးသင့်တယ်။ အိမ်ပိုင်ယာပိုင်ရှိသူတွေ လျှောက်လွှာမတင်ကြနဲ့၊ စိစစ်လို့ တွေ့ရှိရင် ပြန်သိမ်းမယ်လို့ စည်းကမ်းချက်ထဲမှာပဲ ထည့်ရေးသင့်တယ်။ ၀ယ်ယူပြီးရင် တိတိကျကျ လိုက်စစ်ဆေးလိုက်၊ စည်းကမ်းဖောက်ဖျက်ရင် ထိထိရောက်ရောက် အရေးယူပေါ့ဗျာ။ အခု တာရိုးနံဘေးမှ ကျုးကျော်တွေ အတွက် မန်းစည်ပင်ကနေ အငှားအိမ်ရာ တိုက်ခန်းတွေ ဆောက်ပေးတယ်။ အဲဒီတုန်းကလည်း ကျုးကျော်တကယ်ဖြစ်ကြောင်း စာရင်းတွေကောက်တာ၊ ထောက်ခံချက်တွေ တောင်းတာ အများကြီးပဲ။ အခုချပေးလိုက်တယ်။ တကယ်ကျုးကျော် မဟုတ်ဘဲ အိုးပိုင် အိမ်ပိုင်ရှိသူတွေ ၀င်နေကြတာ အများကြီးပဲ။ အဲဒါတွေ လိုက်စိစစ်ပြီး အရေးယူတာကျ မတွေ့ရဘူး” ဟု ဦးထွန်းလင်းက ပြောကြားသည်။

အရစ်ကျငွေချေကာ ၀ယ်ယူနိုင်သော အမှန်တကယ် အိမ်ရာလိုအပ်နေသူများသာ လျှောက်ထားနိုင်ရန်အတွက် မန္တလေးတိုင်း ဒေသကြီး၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ ချမှတ်ထားသော မူဝါဒများနှင့်အညီ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်အပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သို့မဟုတ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၏ ထောက်ခံချက်များလည်း ပါဝင်ရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှာ ရောင်းချဖို့ ရည်မှန်းထားတဲ့ မြရည်နန္ဒာ တန်ဖိုးမျှတ တိုက်ခန်း ၅၆၀ အတွက် ၀ယ်ယူခွင့် လျှောက်လွှာတွေကို လာမယ့် ဒီဇင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၃၀ အထိ လျှောက်လွှာတစ်စောင်ကို ကျပ် ၅၀၀ နဲ့ ရောင်းချသွားမှာဖြစ်ပြီး တိုက်ခန်းလျှောက်လွှာတွေကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ နောက်ဆုံးထားပြီး ပြန်လည် လျှောက်ထားရမှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို စိစစ်ပြီးရင် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှာ မဲနှိုက်ပေးဖို့ အကြမ်း ရည်မှန်းထားပါတယ်။ လျှောက်လွှာရောင်းချရာမှာ နိုင်ငံ့ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အစိုးရ၀န်ထမ်း အငြိမ်းစားနဲ့ ၀င်ငွေနည်းပြည်သူဆိုပြီး လျှောက်လွှာကို အရောင်လေးမျိုးခွဲပြီး ရောင်းချမှာပါ” ဟု ပြောကြားသည်။



Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service