ကွန်ဒိုဥပဒေ အတည်ပြုပြီးသော်လည်း နိုင်ငံခြားသား အများစု ဈေးသက်သာသည့် အခန်းများတွင်သာ ငှားရမ်းနေ - Property News in Myanmar from iMyanmarHouse.com
1221 Views

ကွန်ဒိုဥပဒေ အတည်ပြုပြီးသော်လည်း နိုင်ငံခြားသား အများစု ဈေးသက်သာသည့် အခန်းများတွင်သာ ငှားရမ်းနေ

ကွန်ဒိုဥပဒေအတည်ပြု ပြဋ္ဌာန်းပြီးဖြစ်သော်လည်း နိုင်ငံခြားသား အများစုသည် ဈေးနှုန်းသက်သာသည့် ရပ်ကွက်တွင်းတိုက်ခန်းများတွင်သာ ငှားရမ်းနေထိုင်ကြသူ များပြားကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။

နိုင်ငံခြားမှ လာရောက်သူအများစုသည် ငွေကြေး သုံးစွဲနိုင်သည့်လူတန်းစားထက် သာမန်ဝင်ငွေအဆင့်ရှိရုံ ကုမ္ပဏီဝန်ထမ်းအများစု ဖြစ်သဖြင့် ယခုကဲ့သို့ ရပ်ကွက်များအတွင်းရှိ လူနေတိုက်ခန်းများသို့ ၀င်ရောက်နေထိုင်ကြခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

‘‘ကျွန်တော်ဆောက်ထားတဲ့ မုဒိတာတန်ဖိုးနည်းအိမ်ရာမှာဆို လူမျိုးစုံပဲ။ လာငှားနေကြတာတွေ အများကြီးရှိတယ်’’ဟု တော်ဝင် ဆောက်လုပ်ရေး လုပ်ငန်းရှင်ဦး ကိုကိုထွေးကဆိုသည်။
အများစုကရပ်ကွက်များအ တွင်းရှိ ဈေးနှုန်းသင့်တင့်သော လူနေတိုက်ခန်းများတွင် ငှားရမ်း နေထိုင်ကြကြောင်း အိမ်ခြံမြေအ ရောင်းအ၀ယ်ပြုလုပ်သူများကဆို သည်။

‘‘ကွန်ဒိုမှာ ငှားနေရင်တစ်လ ၁၀သိန်းကနေ ၁၅သိန်းလောက်ရှိ တယ်။ ရပ်ကွက်ထဲနေရင် နှစ်သိန်း လောက်နဲ့ အခန်းသန့်သန့် ရ တယ်’’ ဟု ရွှေအိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းရှင်ဦးတိုးနိုင်က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း က ဂျပန်လူမျိုးများအတွက် လုံး ချင်းအိမ်ပြင်ဆင်ပြီး ပရိဘောဂအ စုံအလင်ပါ တစ်လကျပ်ငါးသိန်းနှုန်းဖြင့် တောင်ဥက္ကလာပမြို့နယ်၌ ငှားရမ်းပေးခဲ့ရကြောင်း ၎င်းကပြောသည်။

ကွန်ဒိုဥပဒေပြဋ္ဌာန်းပြီးပါက လုပ်ငန်းရှင်များက နိုင်ငံခြားသားများအား ငှားရမ်းရဖွယ်ရှိသည်ဟု တွက်ချက်မှန်းဆ၍ အလုံးအရင်းဖြင့် တည်ဆောက်ကြသော်လည်း လတ်တလောတွင် ထင်သလောက်ရောင်းချနိုင်ခြင်းမရှိကြောင်းတော်ဝင်ဆောက်လုပ်ရေးလုပ်ငန်းရှင်ဦးကိုကိုထွေးကဆိုသည်။

နိုင်ငံခြားသားများကို ရောင်း ချရန်အခက်အခဲဖြစ်နေရခြင်းမှာ ကွန်ဒိုဥပဒေပါ အချို့အချက်အ လက်များသည် လက်တွေ့ကျင့်သုံးရန်ခက်ခဲသဖြင့် နိုင်ငံခြားသားများ ၀ယ်ယူမှု နည်းပါးခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

နေရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service