နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် ဘဏ်(၁၃) ဘဏ် ခွင့်ပြုပြီးဖြစ် - Property News in Myanmar from iMyanmarHouse.com
1441 Views

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် ဘဏ်(၁၃) ဘဏ် ခွင့်ပြုပြီးဖြစ်

ကိုရီးယားနိုင်ငံအခြေစိုက် ဘဏ်တစ်ခုဖြစ်သည့် Shinhan Bank ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တစ်ခုအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ရ ဘဏ်ခွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး၊ ကိုရီးယားနိုင်ငံ Financial Supervisory Service of Korea, Governor Mr. ZinWoong-Seob, ကိုရီးယားသံအမတ်ကြီး Mr. Yoo Jae Kyung, Shinhan Bank President and CEO Mr. Cho Yong-Byoung, မြန်မာနိုင်ငံ၊ ကိုရီးယားလုပ်ငန်းရှင်များအသင်းဥက္ကဌ Mr. Lee Jeong Woo, မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်တွင်းပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။


ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်က နိုင်ငံတော် ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်မှာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုကဏ္ဍသည် အရေးကြီးသော အခန်း ကဏ္ဍတစ်ခုဖြစ်တဲ့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုအရည် အသွေးများတိုးတက်စေရန်နှင့် နိုင်ငံတကာဘဏ်လုပ်ငန်း ကျွမ်းကျင်မှုနှင့် နည်းပညာများရရှိစေ ရန်အတွက် မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ကို ခွင့်ပြုခဲ့ရာပထမအကြိမ် နိုင်ငံခြားဘဏ် (၉) ဘဏ်နှင့်ဒုတိယအကြိမ် နိုင်ငံခြားဘဏ် (၄) ဘဏ်၊ စုစုပေါင်း (၁၃)ဘဏ်ခွင့်ပြု ခဲ့ပြီးဖြစ်ကြောင်း၊Shinhan Bank သည် ဒုတိယအကြိမ်ခွင့်ပြုခဲ့သည့် နိုင်ငံခြားဘဏ်ခွဲ (၄)ခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးဘဏ်ခွဲ ဖွင့်လှစ်ခွင့်ရခဲ့သော ကိုရီးယားသမ္မတနိုင်ငံ၏ ဘဏ်တစ်ခုဖြစ်ကြောင်း၊
Shinhan Bank အနေဖြင့် မြန်မာနိုင်ငံနှင့် ကိုရီးယားနှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးတက် မြင့်မားရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ တိုးတက်လာရေး အတွက် စီးပွားရေးလုပ်ငန်းလာရောက် လုပ်ကိုင်နေသည့် ကိုရီးယားလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှုပြု လုပ် သူများအားငွေရေးကြေးရေးနှင့် ဘဏ်ဝန်ဆောင်မှုများ ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ ပြည်တွင်း ဘဏ်တွေကတစ်ဆင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများကို အထောက် အကူပြုပေးသွားခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို ဖော်ဆောင်သွား ကြရန်လိုပါ ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံတကာ အဆင့်မီ ဘဏ်လုပ်ငန်းစနစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ငွေပေးချေမှုစနစ် အဆင့်အတန်း မြင့်မားလာစေရေး တို့အတွက် အထူးကြိုးပမ်းဆောင်ရွက် နေချိန်တွင် Shinhan Bank အနေဖြင့်လည်းမိမိတို့၏ နည်းပညာများ၊ အတွေ့အကြုံကောင်းများကို ပြည်တွင်းဘဏ်များထံ လက်ဆင့်ကမ်းဖြန့်ဝေပြီး အတူတကွလက်တွဲဆောင်ရွက်စေလိုပါကြောင်းပြောကြားသည်။


ဆက်လက်၍ Mr. ZinWoong-Seob က ကိုရီးယားနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံခွင့် ရရှိသည့် အတွက် အလွန်ပင်ဝမ်းမြောက်ပါကြောင်း ပြောကြားသည်။


ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ ၏ ငွေရေးကြေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအစီအမံများ နိုင်ငံခြားဘဏ်များဝင်ရောက် လာခြင်း ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အထောက်အကူပြုစေသည့် အချက်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။


ယင်းနောက် ကိုရီးယားနိုင်ငံသံအမတ်ကြီး Mr. Yoo Jae Kyung, ဘဏ်များ အသင်းဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ကိုရီးယားလုပ်ငန်းရှင်များအသင်းဥက္ကဌ Mr. Lee JeongWoo နှင့် Korea International Co-orporation Agency မှ Chief Representative Mr. Shin EulCheolတို့ က အသီးသီးဝမ်းမြောက်စကားများ ပြောကြားကြသည်။


Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service