ရှယ်ယာခွဲခြမ်းမည့် သီလ၀ါအများပိုင်ကုမ္ပဏီ၏ ရှယ်ယာများ ဈေးဆက်တိုက်မြင့် - Property News in Myanmar from iMyanmarHouse.com
1370 Views

ရှယ်ယာခွဲခြမ်းမည့် သီလ၀ါအများပိုင်ကုမ္ပဏီ၏ ရှယ်ယာများ ဈေးဆက်တိုက်မြင့်

သီလ၀ါအများပိုင်ကုမ္ပဏီ၏ ရှယ်ယာများခွဲခြမ်းမည်ဆို ခြင်းကြောင့် ရှယ်ယာဈေး ရက်ပိုင်းအတွင်းဆက်တိုက်မြင့်တက် လာကြောင်း
ရန်ကုန်စတော့အိတ်ချိန်းမှ သတင်းရရှိသည်။

‘‘စက်တင်ဘာလကုန်ကနေ တက်လာတာ အောက်တိုဘာ အထိပဲ။ သီလ၀ါက ၄၂,၀၀၀ ကနေ အခု ၄၉,၀၀၀။ ဒီနေ့ဆို ၅၂,၀၀၀ အထိဖြစ်လာပြီ။ အ များကြီးတက်တက်လာတာ’’ဟု ရန်ကုန် စတော့အိတ်ချိန်းတွင်ရှယ်ယာအရောင်းအ၀ယ်ပြုလုပ် သူ ဦးကြည်ရှိန်က အောက်တိုဘာ ၂၇ ရက်၌ ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်း တွင် လက်ရှိရောင်းချနေသော FMI၊ မြန်မာနိုင်ငံသားများဘဏ် နှင့် သီလ၀ါကုမ္ပဏီတို့၌
သီလ၀ါကရက်ပိုင်းအတွင်းရှယ်ယာ ဈေးမှာတရိပ်ရိပ်
မြင့်တက်လာ ခြင်းဖြစ်ကြောင်း ရှယ်ယာအ ရောင်းအ၀ယ်ပြုလုပ်သူများက ဆိုသည်။

သီလ၀ါ ကုမ္ပဏီသည် အောက်တိုဘာ ၃၁ ရက်မှ နိုဝင် ဘာ ၃ ရက်အထိ လေးရက်ကြာ ရှယ်ယာခွဲခြမ်းမှုများ ပြုလုပ်မည် ဖြစ်၍ ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာမှတ်ပုံတင်ခြင်းနှင့် ရန်ကုန် စတော့အိတ်ချိန်းပြင်ပ ရောင်းချမှုကိုပါ ရပ်ဆိုင်းမည်ဟု ကြေညာထားသည်။

လေးရက်ကြာ ရောင်းချမှု များ ရပ်ဆိုင်းပြီး ဈေးကွက်ပြန် လည်ဖွင့်လှစ်ချိန်တွင် ရှယ်ယာ များ ဆက်လက်မြင့်တက်နိုင်သေး ကြောင်း ဦးကြည်ရှိန်က ပြော ကြားသည်။

အောက်တိုဘာ ၂၇ ရက် ရန်ကုန် စတော့အိတ်ချိန်းဈေး ကွက်ပိတ်ချိန်တွင် FMI ကုမ္ပဏီ သည် အစုရှယ်ယာတစ်စုလျှင် ၁၆,၅၀၀ ကျပ်၊ သီလ၀ါအများ ပိုင်ကုမ္ပဏီက ၅၂,၀၀၀ ကျပ်နှင့် မြန်မာနိုင်ငံသားများဘဏ်က ၉,၀၀၀ ကျပ်ဈေးဖြင့် အရောင်းအ ၀ယ်ဖြစ်ခဲ့သည်။

သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီသည် ရှယ်ယာ စတင်ရောင်းချချိန်တွင် ရှယ်ယာပေါင်း လေးသန်းခန့်ရှိပြီး
ရှယ်ယာတန်ဖိုး တစ်ခုလျှင် ကျပ် ၁၀,၀၀၀ သတ်မှတ်ခဲ့သည်။

ယခု ခွဲခြမ်းစိတ်ဖြာမှုအရ ရှယ်ယာအစုပေါင်း သန်း ၄၀ ခန့် နှင့် ရှယ်ယာတစ်စုလျှင် ကျပ် ၁,၀၀၀ တန်ဖိုးရှိလာမည်ဟု ထုတ်ပြန်ထားသည်။

ဈေးနှုန်း ထပ်မံမြင့်တက် မည်ဟု ခန့်မှန်းနေသည့် သီလ၀ါ ကုမ္ပဏီသည် အထူးစီးပွားရေးဇုန် တွင် မြေငှားရမ်းမှုများဖြင့်
ရင်းနှီး မြှုပ်နှံမှုများပြားသော စီးပွားရေး လုပ်ငန်းဖြစ်နေ၍ စိတ်ဝင်စားမှု များပြားခြင်းဖြစ်ကြောင်း ရှယ်ယာအရောင်းအ၀ယ်ပြုလုပ်သူများက ဆိုသည်။

စတော့အိတ်ချိန်းဝင်ကုမ္ပ ဏီသုံးခုတွင် FMI ကုမ္ပဏီက အစုရှယ်ယာအရေအတွက် ၂၃ သန်းကျော်ကို ၁၃၆ ရက်အတွင်း ရောင်းချထားပြီး သီလ၀ါကုမ္ပဏီ က အစုရှယ်ယာသုံးသိန်းခြောက် သောင်းကျော်ကို ၁၀၆ ရက်အ တွင်း ရောင်းချထားပြီးဖြစ်သည် ဟု ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်ထားသည်။

တတိယမြောက်အဖြစ် စက် တင်ဘာက စတင်ရောင်းချသည့် မြန်မာနိုင်ငံသားများဘဏ်က ရက်ပေါင်း ၃၇ ရက်အတွင်း အစု ရှယ်ယာအရေအတွက် တစ်သိန်း တစ်သောင်းကျော် ရောင်းချထား ပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၅ ဒီဇင်ဘာက စတင် ဖွင့်လှစ်ပြီး ၂၀၁၆ မှသာ လုပ်ငန်း များ လည်ပတ်ခဲ့သည့် ရန်ကုန် စတော့အိတ်ချိန်းသည် အလျင် အမြန်ဖွင့်လှစ်ခဲ့သောကြောင့် လူ စိတ်ဝင်စားမှုနည်းပြီး အောင်မြင် မှုရရန် ရုန်းကန်နေရသည်ဟု ဝေ ဖန်မှုများရှိနေသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service