တရုတ်အိမ်ခြံမြေကဏ္ဍ တတိယသုံးလပတ်အတွင်း ၈ ဒသမ ၈ ရာခိုင်နှုန်း ဖွံ့ဖြိုး - Property News in Myanmar from iMyanmarHouse.com
840 Views

တရုတ်အိမ်ခြံမြေကဏ္ဍ တတိယသုံးလပတ်အတွင်း ၈ ဒသမ ၈ ရာခိုင်နှုန်း ဖွံ့ဖြိုး

တရုတ် အိမ်ခြံမြေကဏ္ဌသည် ယခုနှစ် တတိယ သုံးလပတ်အတွင်း ယခင်နှစ်တတိယ သုံးလပတ်ကထက် ၈ ဒသမ ၈ ရာခိုင်နှုန်း ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း အောက်တိုဘာလ ၂၀ ရက်က ထုတ်ပြန်ခဲ့သည့် အစိုးရ၏ စာရင်းဇယားများအရ သိရသည်။ တတိယသုံးလပတ် ဆိုသည်မှာ တစ်နှစ်အား လေးပုံပုံလျှင် တတိယမြောက် အပုံဖြစ်သည့် သုံးလတာကို ဆိုလိုခြင်းဖြစ်သည်။ ယခုသတင်းတွင် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာတို့ကို ဆိုခြင်းဖြစ်သည်။

အမျိုးသားစာရင်းအင်းဗျူရို(NBS) က ကဏ္ဌအသီးသိး၏ ဂျီဒီပီကိန်းဂဏန်းများကို ထိုနေ့တွင်ထုတ်ပြန်ခဲ့သည်။ ယင်းဒေတာက အိမ်ခြံမြေကဏ္ဌ၏ ဂျီဒီပီသည် ယခုနှစ် တတိယသုံးလပတ်အတွင်း ၈ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၃ ဒသမ ၅ ထရီလျံယွမ်(အမေရိကန်ဒေါ်လာ ၅၂၀ ဘီလျံ) ရှိခဲ့သည်။

"အိမ်ခြံမြေကဏ္ဌတွင် ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ်ပထမကိုးလအတွင်း ယခင်နှစ်ပထမကိုးလကထက် ၅ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ယခုနှစ်ပထမရှစ်လတွင် ယခင်နှစ်ပထမရှစ်လကထက် ၅ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ယခုနှစ်ပထမခုနစ်လတွင် ယခင်နှစ်ပထမခုနစ်လကထက် ၅ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်" ဟု ယင်းဒေတာအချက်အလက်ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အိမ်ခြံမြေဈေးကွက်ကို တည်ငြိမ်စေရန် တရုတ်မြို့ကြီးများစွာတွင် အိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုများ ပြုလုပ်လာကြသဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ရောင်းအားများ ကျဆင်းလာခြင်းဖြစ်သည်။

ယင်းသို့ရောင်းအားကျဆင်းမှုသည် အနည်းငယ်သာဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှုသိသိသာသာကျဆင်းမည့် အန္တရာယ်ကို မမြင်ကြောင်း Commerzbank အကြီးတန်းစီးပွားရေးပညာရှင်ကျိုးဟောင်က ခန့်မှန်းခဲ့သည်။

တရုတ်စီးပွားရေးသည် ယခင်နှစ် ၂၀၁၅ က ၆ ဒသမ ၉ ရာခိုင်နှုန်းသာဖွံ့ဖြိုးခဲ့သည်။ယင်းသည် ၂၅ နှစ်အတွင်း အနှေးကွေးဆုံးနှုန်းဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service