မန္တလေးတွင် အခန်းပေါင်း ၃,၀၀၀ ကျော်ပါဝင်မည့် တန်ဖိုးမျှတအိမ်ရာအခန်းများ လာမည့်နှစ်တွင် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
1073 Views

မန္တလေးတွင် အခန်းပေါင်း ၃,၀၀၀ ကျော်ပါဝင်မည့် တန်ဖိုးမျှတအိမ်ရာအခန်းများ လာမည့်နှစ်တွင် ရောင်းချမည်

ချမ်းမြသာစည်မြို့နယ် ရှိ မြရည်နန္ဒာရပ်ကွက်နှင့် အောင် သာယာရပ်ကွက်အတွင်းမန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် မြရည်နန္ဒာတန်ဖိုး နည်းအိမ်ရာအနီးတွင် အခန်း ပေါင်း ၃,၀၀၀ ကျော်ပါဝင်မည့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းမှအ ခန်းများကို လာမည့်နှစ်တွင်ရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

စည်ပင်သာယာရေးကော်မ တီမှ ခြောက်ထပ်တိုက် ၁၄၀ လုံး၊ အခန်းပေါင်း ၃,၃၆၀ ခန်းပါဝင် သည့် တန်ဖိုးမျှတအိမ်ရာစီမံကိန်း ကို ဆောက်လုပ်နေပြီး ရောင်းချ ပေးမှုပုံစံကို ဆောက်ပြီးမှသာ သိ ရှိရမည်ဖြစ်ကြောင်း စည်ပင်သာ ယာရေးကော်မတီ အဆောက်အ အုံနှင့်ကုန်ရုံဌာန ဌာနမှူး ဦးဇော် ၀င်းကပြောသည်။

‘‘ဘတ်ဂျက်ကတော့ ပေးမ ထားဘူး။ ကုမ္ပဏီကိုပဲ ခိုင်းထား သေးတယ်။ ဆောက်ပြီးရင်အခန်း အားလုံးကုမ္ပဏီဘက်က ပြန်အပ် ရမှာပါ။ တစ်နှစ်အတွင်း ပြီးဖို့မှန်း ထားတယ်။ ရောင်းရတဲ့အပေါ်မှာ ဆောက်လုပ်ရေးကုမ္ပဏီဘက်ကို ငွေပြန်ပေးမှာပါ။ ဘယ်လိုပုံစံမျိုး နဲ့ လုပ်သွားမယ်ဆိုတာ မသိသေး ပါဘူး’’ဟု ဌာနမှူး ဦးဇော်ဝင်းက ပြောကြားသည်။တန်ဖိုးမျှတအိမ်ရာကို ၂၀၁၆ မေလက စတင် ဆောက်လုပ်ပြီး အဆောက်အအုံအရည်အသွေးပေါ်မူတည်၍ ဈေးနှုန်း သတ်မှတ်ရောင်းချပေးမည်ဖြစ် ကြောင်း စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

‘‘တန်ဖိုးမျှတမှာအစိုးရက ရောင်းဈေးအတိုင်း ပြင်ပပုဂ္ဂလိက ၀န်ထမ်းတွေကိုပါ ရောင်းပေးမယ် ဆိုရင် ဈေးကမများနိုင်ဘူး။ အ ရစ်ကျနဲ့ဆိုရင် ပိုပြီးအဆင်ပြေနိုင် ပါတယ်။ ဒါတောင် လစာကောင်း တဲ့ပုဂ္ဂလိက၀န်ထမ်းတွေပဲဝယ် နိုင်သေးမှာပါ။ အစိုးရအနေနဲ့ ကျန်ရှိနေတဲ့ မြေကွက်လွတ်တွေ မှာ အိမ်ရာတွေများများ ဖော် ဆောင်ပေးပြီး သင့်တော်တဲ့ဈေး နဲ့ ရောင်းချပေးစေချင်ပါတယ်။ အစ်မတို့ဆိုရင် အိမ်ထောင်သက် တမ်း ရှစ်နှစ်ရှိပြီ။ နှစ်ဦးစလုံး အ လုပ်လုပ်တာကို အိမ်ငှားဘ၀က မကျွတ်သေးပါဘူး’’ဟု ပုဂ္ဂလိက ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေ သည့် အိမ်ထောင်သည်အမျိုးသ မီးတစ်ဦးကပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တို ဘာတွင် အခန်းပေါင်း ၁,၃၄၄ ခန်းပါဝင်သည့် မြရည်နန္ဒာတန်ဖိုး နည်းအိမ်ရာကို ဆောက်လုပ်ပြီး မြေကွက် ရောင်းမှားဝယ်မှား ကြုံ တွေ့ရသူ၊ မြေသိမ်းခံရသူများနှင့် ၀န်ထမ်းအချို့အား ရောင်းချပေး ခဲ့သည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service