တဒင်္ဂအခက်အခဲ ရုန်းကန်နေရဆဲ - Property News in Myanmar from iMyanmarHouse.com
1440 Views

တဒင်္ဂအခက်အခဲ ရုန်းကန်နေရဆဲ

နိုင်ငံတကာ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ရဲ့ ဥပဒေနဲ့အမေရိကန် နိုင်ငံခရီးစဉ်ဟာ အောင်မြင်ဖြစ်
ထွန်းမယ့် ရလာဘ်ကောင်းတွေ ရှိလာမယ်လို့ ပြည်သူအများက မျော်လင့်နေကြပါတယ် ။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့မှုအရေးယူမှု ဖယ်ရှားပေးတယ် ကုန်သွယ်မှုအခွင့်ရေး (GSP) ပေးလိုက်တာတွေကြောင့် မြန်မာ့စီးပွားရေး အလားအလာအများကြီးကောင်းလာနိုင်ပါတယ် ။

ဘဏ်စုဆောင်းငွေတွေထုတ်ပြီး ရွှေဝယ် / ဒေါ်လာငွေဝယ် / ကနေ "မြေဝယ်' ဖို့တွေ စုံစမ်းကာ ထို့အတူ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလည်း အများအပြားဝင်လာနိုင်တဲ့အတွက် ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေ ရောင်းဝယ်ငှား ဈေးကွက်ဟာလည်း အနည်းငယ် လှုပ်ခတ်လာတာတွေ့ရပါတယ် ။

မကြာသေးမီကာလကလည်း ဘဏ်များက အတိုးနှုန်းတွေ လျော့ချတော့မယ် ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာတဲ့အတွက်ကြောင့် ဘဏ်များမှ စုထားတဲ့ ငွေကြေးတွေကို ထုတ်ယူပြီး ရွှေဝယ်ယူစုဆောင်းမှုတွေ များလာတာကြောင့် ရွှေဈေးဟာ တစ်ကျပ်သား ၉ သိန်းနီးပါးအထိ စံချိန်တင်မြင့်တက်လာတာကို သတင်းစာတွေမှာ ဖတ်ရပါတယ် ။

ရွှေနှင့်အပြိုင် ဒေါ်လာဈေးကွက်ဟာလည်း တစ်ရက်မှာ ၅ ကျပ် ၁၀ ကျပ်နှုန်းနဲ့ မြင့်တက်လာတာတွေ့ရတယ် ။ ဒါကြောင့် အိမ်ခြံမြေဝယ်ယူစဉ် မေးမြန်းစုံစမ်းမှုတွေ ရှိလာတာကို တွေ့ရပါတယ် ။

ရွှေဈေး ၊ ကားဈေး ၊ ဒေါ်လာဈေး အတက်အကျကြောင့် အိမ်ခြံမြေဈေးကွက် သွက်မလာ

လက်ရှိအခြေအနေမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးနေခြင်း ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေများ ပြန်လည်ပြင်ဆင်ရေးဆွဲနေခြင်း ဘဏ်များမှ အတိုးနှုန်း လျော့ချမည်ဟူသော အတည်မပြုနိုင်သေးသော သတင်းများ ထွက်ပေါ်နေခြင်း ၊ ရွှေဈေးနှုန်းများ စံချိန်တင် မြင့်တက်လာခြင်း ၊ ဒေါ်လာဈေးနှုန်းများ မြင့်တက်ခြင်း ၊ ကားဈေးကွက်မှာ ရင်းနှီးမြှုပ်နှံပြန်တော့လည်း အကျိုးအမြတ်နည်းလာခြင်းကြောင့် မြန်မာနိုင်ငံရဲ့
အိမ်ခြံမြေအရောင်းအဝယ်အလားအလာကို
စောင့်ကြည့်နေကြတဲ့ သဘောလည်းရှိပါတယ် ။

သို့ပေမယ့်ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်းမှာ
အောက်ဈေးနဲ့ ပြန်ရောင်းတဲ့ အိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်နေတယ်လို့ လေ့လာစုံစမ်းသိရှိရပါတယ် ။ အိမ်ခြံမြေဈေးကွက် တဖြည်းဖြည်းပွင့်လာပြီလို့ ပြောလို့ရတယ် ။ ဒီတော့ ဈေးကွက်အေးနေတုန်းကတောင် အမြင့်ဈေးနဲ့ တောင်းခံထားတဲ့ အိမ်ခြံမြေဈေးတွေက အခုအချိန်မှာဆိုရင် ဈေးလျော့ရောင်းဖို့နည်းနေနိုင်ပါတယ် ။ ငွေကြေးလည်ပတ်မှုအရမ်းလိုအပ်တဲ့သူတွေကတော့
ဈေးလျော့ရောင်းနေကြတယ်လို့ သိရတယ် ။

"မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ" အောက်ဈေးနဲ့ ဝယ်ချင်သူတွေရှိနေ

ပွင့်လင်းရာသီရောက်လာပြီဖြစ်လို့ အိမ်ခြံမြေဈေးတွေ အကျိုးဆောင်တွေ မြို့တွင်းမြို့ပြင် လိုက်ပြနေကြတယ်လို့ သိရတယ် ။ အခုလောလောဆယ်မှာတော့ ဝယ်သူကကြိုက်ဈေးဆစ်ပြီး ဝယ်နိုင်တဲ့ ကာလဖြစ်နေပါတယ် ။ ။ ဒါကြောင့် ဈေးလျော့ရောင်းတဲ့ အိမ်ခြံမြေတွေကတော့ အရောင်းအဝယ်ဖြစ်နေကြတယ် ။ အပြီးဈေးနဲ့ ခေါ်တာတဲ့ အိမ်ခြံမြေတွေ တန်ဖိုးကြီးလုံးချင်း တိုက်တွေကွန်ဒိုတိုက်ခန်းတွေကတော့ မေးမြန်းမှုဘဲရှိမယ်လို့ အိမ်ခြံမြေအကျိုးဆေင်တစ်ချို့ထံမှ သိရပါတယ် ။

ပို့ကုန် သွင်းကုန်ကများ ၊ ဒေါ်လာရှိဖို့ အဓိကထား ၊ အိမ်ခြံမြေဘက်မလည့်အား

သို့သော် လက်ရှိကာလမှာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့စီးပွားရေးတစ်ခုခုထိုင်းမှိုင်းနှေးကွေးနေတဲ့ အနေအထားမှာ ရှိနေပါတယ် ။ ဒါကြောင့်လည်း နိုင်ငံခြားဝင်ငွေ စီးဝင်မှုတွေ တန့်နေသလို ပြည်ပမှ အကူအညီပေးမယ့် ငွေကြေးတွေလည်း မရရှိသေးတဲ့ ကာလဖြစ်နေပါတယ် ။ ကုန်သွယ်မှု့ကဏ္ဍကို ကြည့်ရင်လည်း ပို့ကုန်ထက် သွင်းကုန်တွေသာ များနေတဲ့အတွက်ယနေ့ ဒေါ်လာဈေးတွေ မြင့်တက်နေ
တာဖြစ်တယ်လို့စီးပွားရေးပညာရှင်တွေက
ထောက်ပြကြပါတယ် ။

ဒါကြောင့် ရန်ကုန်အိမ်ခြံမြေဈေးကွက်မှာလည်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလရွှေးကောက်ပွဲ အပြီးမှာ အိမ်ခြံမြေဈေးနှုန်းတွေ ပြန်ကောင်းလာမယ်လို့ မျှော်လင့်ချက်တွေဟာ လက်ရှိအနေအထားမှာတော့ "မှန်းချက်နဲ့ နှမ်းတွက်" မကိုက်ဘူးဖြစ်နေတာကို တွေ့ရပါတယ် ။ အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူတွေ နည်းနေခြင်းဟာ ဒေါ်လာဈေးဘက်သို့ ဦးတည်နေတာလည်းပါတယ် ။ ဒါ့အပြင် ရန်ကုန်စတော့ရှယ်ယာဈေးကွက် ဘက်ရောက်သွားတာတွေလည်း ရှိနေတယ် ။

အငှားနေထိုင်သူတွေ ရှိနေသ၍ အကျိုးဆောင်တွေလည်း အလုပ်ရှိနေမှာ

လက်ရှိအချိန်မှာ အရောင်းဈေးနှုန်းများ ကျဆင်းနေပေမယ့် အငှားဈေးနှုန်းတွေကတော့ ကျဆင်းမရှိဘူးဖြစ်နေတယ် ။ ဘာကြောင့်လည်းဆိုတော့ ရန်ကုန်မြို့မှာ နေထိုင်သူ အတော်များများက ကိုယ်ပိုင်တိုက်ခန်း ကိုယ်ပိုင်အိမ်တို့နဲ့ နေထိုင်ကြခြင်းမဟုတ်ဘဲ အိမ်ငှားနေသူ / အခန်းငှားနေသူများနေကြောင်း သိရပါတယ် ။ အခုတော့ဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက အနည်းဆုံး (၅)နှစ်နေခွင့်ရှိတဲ့အငှားအိမ်ရာတွေ မဲဖောက်ပေးတော့မယ်လို့ ကြားသိရပါတယ် ။

လူ့ဘဝမှာ စားဖို့ ၊ ဝတ်ဖို့ အရေးကြီးသလို နေရေးကလည်း မရှိမဖြစ်လိုအပ်နေလေတော့ အိမ်ခြံမြေအရောင်းအဝယ်တွေ မကောင်းသေးပေမယ့်လည်း အိမ်ငှား / မြေငှား တိုက်ခန်းငှား တွေကတော့ (၆) လတစ်ကြိမ် ပြည့်တိုင်းမှာ ရပ်ကွက်ထဲက အိမ်ခြံမြေအကျိုးဆောင် ပွဲစားတွေကတော့ အမြဲအလုပ်ကောင်းနေကြကြောင်း မြင်တွေ့ကြား
သိနေကြောင်းပါခင်ဗျာ ။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service