၂၀၁၆ ခုနှစ်အတွင်းစင်္ကာပူ၏ အကြီးမားဆုံးအိမ်ခြံမြေ၀ယ်ယူမှုမှာ ထိုင်းနိုင်ငံတွင် ဖြစ်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
473 Views

၂၀၁၆ ခုနှစ်အတွင်းစင်္ကာပူ၏ အကြီးမားဆုံးအိမ်ခြံမြေ၀ယ်ယူမှုမှာ ထိုင်းနိုင်ငံတွင် ဖြစ်ဖွယ်ရှိ

၂၀၁၆ ခုနှစ်အတွင်းစင်္ကာပူ၏ အကြီးမားဆုံးအိမ်ခြံမြေ၀ယ်ယူမှုမှာ ထိုင်းနိုင်ငံတွင် ဖြစ်ဖွယ်ရှိကြောင်းဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

စင်္ကာပူ၏ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်သောဖရာဆာစင်တာပွိုင့် လိမိတက် (FCL)သည် ထိုင်းနိုင်ငံ၏ အကြီးမားဆုံးစက်မှုလုပ်ငန်းကဏ္ဍ အဆောက်အအုံကုမ္ပဏီဖြစ်သောTicon Industrial Connection Public Companyတွင် ရှယ်ယာ ၄၀ ရာခိုင်နှုန်းအထိ ၀ယ်ယူရန် ပြင်ဆင်လျက်ရှိသည်ဟူသောသတင်းထွက်ပေါ်လာရာထိုင်းနှင့် စင်္ကာပူအိမ်ခြံမြေကဏ္ဍအတွက် ထိပ်တန်းသတင်းတစ်ခု ဖြစ်လာသည်။

ဖရာဆာသည် Ticon ၏ ရှယ်ယာပေါင်း ၇၃၅ သန်းကိုထိုင်းဘတ်ငွေ ၁၃ ဒသမ ၂၃ ဘီလီယံ (ကန်ဒေါ်လာသန်း ၃၇၀) ဖြင့် ၀ယ်ယူရန် စီစဉ်လျက်ရှိခြင်းဖြစ်ပြီးရှယ်ယာတစ်ခုပေါက်ဈေးမှာထိုင်းငွေ ၁၈ ဘတ် (ကန်ဒေါ်လာ ၀ ဒသမ ၅) ဒေါ်လာ ဖြစ်သည်။

Ticonသည် ထိုင်းနိုင်ငံတစ်ဝန်းတွင် စက်မှုဇုန်နယ်မြေအကျယ်အ၀န်း စတုရန်းမီတာ ၂ ဒသမ ၅ သန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီလည်း ဖြစ်သည်။

ယခင်နှစ်အတွင်းကလည်းစင်္ကာပူ developer တို့သည် ထိုင်းနိုင်ငံရှိMalmaisonဟိုတယ်ကိုစင်္ကာပူဒေါ်လာ ၆၂၁ သန်း (ကန်ဒေါ်လာ ၄၄၈ သန်း) ဖြင့် ၀ယ်ယူခဲ့မှုမှာ အကြီးမားဆုံးခြေလှမ်းတစ်ရပ် ဖြစ်ခဲ့သည်။

FCL ၏ ခြေလှမ်းမှာထိုင်းစီးပွားရေးကဏ္ဍတွင် တည်ငြိမ်စွာဖွံ့ဖြိုးမှုများရှိမည်ဟုသုံးသပ်ကာရေရှည်ရည်မှန်းချက်ဖြင့် ရင်းနှီးမြှုပ်နှံခြင်းလည်း ဖြစ်သည်။

ထိုင်းအစိုးရကလည်းလာမည့်နှစ်အနည်းငယ်အတွင်းအခြေခံအဆောက်အဦကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ကန်ဒေါ်လာ ၉၈ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံသွားရန် ရည်မှန်းထားရာဆောက်လုပ်ရေးကဏ္ဍအတွက် သတင်းကောင်းတစ်ရပ်လည်း ဖြစ်သည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service