မန္တလေးမှာ မြေကွက်ကျယ်တွေ အငှားသွက် - Property News in Myanmar from iMyanmarHouse.com
1056 Views

မန္တလေးမှာ မြေကွက်ကျယ်တွေ အငှားသွက်

မန္တလေးအချက်အချာနေရာတွေမှာ အိမ်ခြံမြေငှားရန်းခနှုန်းထားတွေက နေရာအကျယ်အဝန်းအလိုက် ကျပ် ၁၀ သိန်းကနေ သိန်း ၁၀၀ အထိ ဖြစ်နေပါတယ် ။

ဝါကျွတ်ကာလကနေ နိုဝင်ဘာ ၊ ဒီဇင်ဘာလထိ ကာလတွေဟာ မန္တလေးအိမ်ခြံမြေအငှားဈေးကွက် သွက်လေ့ရှိသည် ။ သည်နှစ်ရာသီအစမှာပင် အရင်နှစ်ကထက် အငှားသွက်နေတယ် ။ အရင်နှစ်ထက်စာရင် ငှားရန်းခဈေးနှုန်းမြင့်သွားတယ်လို့ အကျိုးဆောင်လုပ်ငန်းရှင်အချို့က ဆိုပါတယ် ။

‘အငှားဈေးကွက် တအားမြောက်တယ် ၊ မြေကွက်ကျယ်ကျယ်တွေ ပိုဈေးမြောက်တယ် ၊ မနှစ်က တစ်နှစ်ကို သိန်း ၁၅၀ တန်လောက်နဲ့ စာချုပ်ချုပ်ပေးလိုက်တဲ့ဟာက ခုဒီနှစ်ထဲမှာ ၂၀၀ နီးနီးလောက်ထည့်တယ်’ လို့ အိမ်ခြံမြေအကျိုးဆောင်ဦးမြင့်မောင်က ပြောပါတယ် ။

မန္တလေးမြို့ ၆၂ လမ် ၊ ၇၃ လမ်း ၊ ၇၈ လမ်းကနေ ၈၄လမ်းအထိ ၊ လမ်း ၃၀ ၊ သိပ္ပံလမ်း ၊ အနော်ဟရီလမ်းပေါ်က မြေနေရာတွေနဲ့ မြို့သစ်စက်မှုဇုန်ရပ်ကွက်တွေက မြေနေရာငှားရမ်းခမြင့်တက်နေတာပါ ။

အရင်နှစ်က တစ်လငှားရမ်းခ သိန်း ၂၀ ၊ တစ်နှစ်ငှားရမ်းခသိန်း ၂၄၀ ခန့် ကျသင့်တဲ့ စက်မှုဇုန်ဘက်က တစ်ဧက အကျယ်အဝန်းရှိ မြေဟာ အခုနှစ်မှာ တစ်လငှားရန်းခ ကျပ်သိန်း ၃၀ တစ်နှစ်ငှားရန်းခ ကျပ်သိန်း ၃၆၀ ခန့်ရှိတယ်လို့ အကျိုးဆောင်အချို့က ပြောပါတယ် ။

အကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးက ‘မြို့ထဲလမ်းမကြီးပေါ်က သူ့လမ်းပိုင်းနဲ့သူ ဈေးပိုပြီး ငှားရမ်းရတာ ၊ မြို့သစ်ထဲမှာ အာရ်စီတိုက်နဲ့ ၄၀ x ၆၀ ငှားမယ်တို အနည်းဆုံး ၁၀ သိန်း ၊ ၆၂ လမ်းပေါ်က သိန်း ၃၀ ၊ ၄၀ ပေါက်တယ်’ လို့ပြောပါတယ် ။

လိုအပ်ချက်မြင့်

ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင်ပိုင်ရှင် ဦးဝဏ္ဏစိုးကလဲ ‘အငှားဈေးကွက်ကတော့ဈေးကွက်လိုအပ်ချက် မြင့်မားပြီးတော့ ငှားရမ်သူများတယ် ၊ ဈေးကွက်က နောက်တစ်ခု ငွေကြေးဖောင်းပွမှုအရရော တက်တဲ့သဘော’ လို့ပြောပါတယ် ။

မန္တလေးမြို့မှာ မြေကွက် အသင့်အတင့် ကျယ်ဝန်းတဲ့နေရာတွေမှာလည်းအငှားဈေးကွက် ကောင်းမွန်နေတယ် ၊ ပြည်ပက စီးပွားရေးလုပ်ငန်းတွေ ၊ ပြည်ပကုမ္ပဏီနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်း ကုမ္ပဏီတွေက ငှားရမ်းတာများတယ်လို့ အကျိုးဆောင်အချို့ဆီက သိရပါတယ် ။

အခြေခံလူတန်းစားတွေ အများဆုံးနေထိုင်ရာရပ်ကွက်တွေမှာလည်း အိမ်အငှားသွက်နေတယ် ။ ငှားရမ်းနှုန်းထားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုက ထက်စာရင်မြင့်တက်လာတယ်လို့ မြို့ခံအိမ်ခြံမြေအကျိုးဆောင် အချို့က ပြောပါတယ် ။

ချမ်းအေးသာစံမြို့နယ်က ယာဉ်ပျံ ၊ ရွှေယာဉ်မွန် ၊ ကျန်းမာရေး ၊ အောင်မြေသာစံမြို့နယ်က နန်းဦးလွင် ၊ ဘူးကုန်း ၊ သရက်ကုန်း ၊ ပုသိမ်ကြီးမြို့နယ်က မဲခင်းကုန်း ၊ ကျွဲရေကုန်း စတဲ့ ရပ်ကွက်တွေက အိမ်ငှားခတွေ မြင့်တက်လာပါတယ် ။

ဥပမာ အရင်(တစ်လအိမ်ငှားရမ်းခကျပ်)တစ်သိန်းတန်လောက်က ခု ၁၃၀,၀၀၀ လောက်တက်တယ် ။ အိမ်အခြေအနေ ၊ လမ်းအနေအထားတွေပေါ်မှာ လိုက်ပြီး ၁၀,၀၀၀ လောက်တက်ပါတယ် ။

သွားရေးလာရေးလွယ်ကူအဆင်ပြေတာ ၊ မြို့တွင်းအချက်အချာကျတဲ့နေရာတွေနဲ့ မနီးမဝေးမှာရှိတာ ၊ မြို့တွင်းအိမ်အငှားဈေးနှုန်းတွေနဲ့ယှဉ်ရင် အိမ်ငှားရမ်းခ နှုန်းကြောင့် အဲသည်ရပ်ကွက်တွေမှာ အိမ်ငှားနေထိုင်လိုသူတွေ ပိုမိုများပြားလာပါတယ် ။


Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service