အိမ်ခြံမြေကို ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်လာမယ်ဆိုရင် - Property News in Myanmar from iMyanmarHouse.com
1086 Views

အိမ်ခြံမြေကို ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်လာမယ်ဆိုရင်

အိမ်ခြံမြေဈေးကွက်ကို ပြည်ပက ဝင်ရောက်လာရင် ဥပဒေပိုင်းတွေမှာ လိုအပ်ချက်တွေရှိနေသေးတာကြောင့် ပြည်တွင်းအတွက် ကာကွယ်ပေးနိုင်မှု အားနည်းနိုင်တယ်လို့ သိရပါတယ် ။

ဥပဒေတွေ ပြဌာန်းထားပေမဲ့ တချို့ဥပဒေတွေက လိုအပ်ချက်တွေ ၊ အားနည်းချက်တွေ ရှိနေပါတယ် ။ တချို့ပြည်ပကလာတဲ့ လုပ်ငန်းရှင်တွေဆိုပေမဲ့ ယုံကြည်လို့ရတာမျိုးမဟုတ်တာတွေလည်း ပါဝင်တာကြောင့် ဥပဒေတွေမှာ ကိုယ့်နိုင်ငံသားကိုယ့်ပြည်သူတို့ကိုလည်း ကာကွယ်ပေးတဲ့ ဥပဒေဖြစ်ဖို့လိုသလို နိုင်ငံခြားသားတွေကိုလည်း ကာကွယ်ပေးတဲ့ ဥပဒေဖြစ်ဖို့ လိုအပ်နေသေးတယ်လို့ အကျိုးဆောင်တချို့နဲ့ ဥပဒေပညာရှင် ၊ စီးပွားရေးလုပ်ငန်းရှင်တချို့က ပြောပါတယ် ။

စီးပွားရေးနှင့် ဥပဒေလမ်းညွန် ဦးတင်သန်းဦးက ‘စာချုပ်စာချုပ်စာတမ်းနဲ့ ပတ်သက်တာတွေဆို လိမ်လည်မှုတွေရှိလာနိုင်တယ် ၊ ပြည်တွင်းမှာတောင် ဒီလိုကိစ္စတွေကဖြစ်နေတာ ၊ ဟိုမှာက ဒီထက်ကျွမ်းကျင်မှုတွေပိုတယ် ၊ နည်းပညာတွေမြင့်တယ် ၊ ဥပဒေအရ ပြည်တွင်းကသူတွေအတွက် သေချုလုပ်ဆောင်ထားသင့်တယ်’ လို့ပြောပါတယ် ။

အိမ်ခြံမြေဈေးကွက်ကို ဝင်ရောက်လာနိုင်ဖို့က သေချာခိုင်မာမှုမရှိတာတွေကြောင့် ပြည်တွင်းက သူတွေအတွက်တင်မက နိုင်ငံခြားသားတွေကလည်း ရင်းနှီးမြှုပ်နှံဖို့မဝံ့မရဲဖြစ်ကြတာတွေလည်း ရှိတယ် ။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးမင်းနိုင်က ‘တခြားနိုင်ငံက လူတွေကလဲ သူတို့အရမ်းကြီး ရင်းနှီးမြှုပ်နှံချင်လို့သာ စွန့်စားလိုက်ရခြင်းဖြစ်တယ် ၊ တော်တော်များများက သေချာခိုင်မာမှုမရှိဘူး ၊ ပြည်ပကနေ ပြည်တွင်းကို ဝင်ရောက်တာတွေတော့ အများကြီးရှိတယ်’ လို့ ပြောပါတယ် ။

အကျိုးဆောင်ရှေ့နေ မသူသူက ‘နိုင်ငံခြားသားတွေက ဥပဒေတွေက အားနည်းနေတော့ ကျော်ခွသွားတာတွေ လက်တစ်လုံးခြားလုပ်တာတွေ ရှိပြီး တိုင်းပြည်နစ်နာပါတယ် ၊ ဒါတွေကို ခိုင်မာမှုရှိအောင် အစိုးရဘက်က လုပ်ပေးရမှာပါ ၊ အဲဒီလိုလုပ်မှ အဆင်ပြေမယ်’ လို့ပြောပါတယ် ။



Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service