အထပ်မြင့်မှာ ကိုယ်ပိုင်ထရန်စဖော်မာကိစ္စ ပြန်ပြင်ပေးဖို့ တင်ပြ - Property News in Myanmar from iMyanmarHouse.com
1031 Views

အထပ်မြင့်မှာ ကိုယ်ပိုင်ထရန်စဖော်မာကိစ္စ ပြန်ပြင်ပေးဖို့ တင်ပြ

အထပ်မြင့်အဆောက်အအုံတွေမှာ သတ်မှတ်ထားတဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုထက် ကျော်လွန်ရင် ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်သုံးစွဲရမှာကို ပြန်လည်ပြင်ဆင်ပေးဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လိုင်စင်ရ အဆောက်အအုံကန်ထရိုက်တာများ အသင်းကနေ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံကို တင်ပြထားပါတယ်။

အခက်အခဲ

ထရန်စဖော်မာ တပ်ဆင်ဖို့ နေရာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊ တံတား) က လုံးဝခွင့်မပြုတာ သုံးနှစ်ကျော် ကြာပြီဖြစ်တယ်။ မြေအောက်ဓါတ်ကြိုး ဆက်သွယ်ရင်လည်း လမ်းတွေ ပျက်စီးမှာ ဖြစ်ပြီး လမ်းလျော်ကြေး အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ ရေရှည်မှာ ပြဿ နာတွေ ဖြစ်ပေါ်လာနိုင်တာဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လိုင်စင်ရ အဆောက်အအုံ ကန်ထရိုက်တာများ အသင်းကနေ အခက်အခဲတွေကို ထုတ်ပြထားတာ ဖြစ်ပါတယ်။

ကိုယ်ပိုင်ထရန်စဖော်မာတွေ တပ်ဆင်တဲ့အခါ တိုက်ခန်းတွေရဲ့ ဈေးနှုန်းတွေ မြင့်တတ်လာတာမို့ မူလအိမ်ပိုင်ရှင်တွေနဲ့ နေထိုင်လိုသူတွေအတွက် အခက်အခဲ တွေ့စေနိုင်တယ်လို့ သိရပါတယ်။

ကိုယ်ပိုင်ထရန်စဖော်မာတွေ တပ်ဆင်တဲ့အခါ တိုက်ခန်းတွေရဲ့ ဈေးနှုန်းတွေ မြင့်တတ်လာတာမို့ မူလအိမ်ပိုင်ရှင်တွေနဲ့ နေထိုင်လိုသူတွေအတွက် အခက်အခဲ တွေ့စေနိုင်တယ်လို့ သိရပါတယ်။

ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်တာကြောင့် ထရန်စဖော်မာ ထိုင်ဖို့နေရာ အခက်အခဲတွေ၊ ထိန်းသိမ်းစောင့်ရှောက်ရတဲ့ အခက်အခဲတွေနဲ့ ဆောက်လုပ်သူ နည်းပါးရင် မူလအိမ်ဟောင်းတွေရဲ့ အခြေအနေ၊ မီးဘေးအန္တရာယ် စိုးရိမ်ရတာတွေ ဖြစ်လာနိုင်တယ်လို့ ပြောထားပါတယ်။

ထရန်စဖော်မာ တပ်ဆင်တဲ့နေရာတွေ များပြားနေတာကြောင့် မီးဘေးအန္တရာယ်ကို ပိုပြီး ဖြစ်ပေါ်စေနိုင်တာ၊ ဓါတ်လိုက်မှု အန္တရာယ်တွေ ပိုပြီးဖြစ်ပေါ်စေနိုင်တာတွေ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ အရင် ၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့အတိုင်း ကိုယ်ပိုင်ထရန်စဖော်မာတွေ တပ်ဆင်ခွင့်ပြုသင့်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လိုင်စင်ရ အဆောက်အအုံ ကန်ထရိုက်တာများအသင်းက အကြံပြုထားတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ တိုက်ခန်းတစ်ခန်းကို ၁၀ ကီလိုဝပ်နှုန်းနဲ့ တိုက်ခန်း ၁၇ခန်းအထိ အများပြည်သူသုံး ထရန်စဖော်မာကနေ ရိုးရိုးအိမ်သာသုံးမီတာနဲ့ တပ်ဆင်သုံးခွင့်ရှိတယ်။ ၁၈ ခန်းနှင့်အထက် ဖြစ်မှသာ သင့်တော်တဲ့ ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်သုံးစွဲဖို့ ကြေငြာထားတာပါ။ ၂၀၁၆ခုနှစ် သြဂုတ် ၁၁ ရက်မှာ လျှပ်စစ်ဓါတ်အား သုံးစွဲမှု ၃၀ ကီလိုဝပ်( ၃၇.၅ ကေဗီအေ) ထက် ကျော်လွန်တဲ့ အထပ်မြင့် အဆောက်အအုံတွေကို ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်သုံးစွဲဖို့ ကြေညာခဲ့တာလို့ သိရပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service