ပြင်ပဈေးကွက်တွင် ကန်ဒေါ်လာဈေး ၂၅ ကျပ်ခန့် ပြန်ကျ - Property News in Myanmar from iMyanmarHouse.com
2087 Views

ပြင်ပဈေးကွက်တွင် ကန်ဒေါ်လာဈေး ၂၅ ကျပ်ခန့် ပြန်ကျ

ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များကို ဒေါ်လာဈေးမက စားရန် ခေါ်ယူသတိပေးပြီး သုံး ရက်ခန့်အကြာတွင် ပြင်ပဈေး ကွက်၌ အမေရိကန်တစ်ဒေါ်လာ လျှင် ၂၅ ကျပ်ခန့် ဈေးကျဆင်းလာကြောင်း သတင်းရရှိသည်။

ပြင်ပဈေးကွက်တွင် ဈေးက စားမှုများကြောင့် အမေရိကန်ဒေါ် လာတန်ဖိုးသည် စက်တင်ဘာကစတင်မြင့်တက်လာပြီး တစ်ဒေါ်လာလျှင် ၁,၂၉၀ ကျပ်သို့ ရောက်ရှိခဲ့သည်။

ဒေါ်လာဈေးနှုန်း ဆက် တိုက်မြင့်တက်မှုကို ထိန်းချုပ်ရန် ဗဟိုဘဏ်က အောက်တိုဘာ ၄ ရက်တွင် ပုဂ္ဂလိကဘဏ်များအား ခေါ်ယူသတိပေးပြီးနောက် ဒေါ် လာဈေးမှာ ရက်ပိုင်းအတွင်းဆက် တိုက်ကျဆင်းပြီး အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းတွင် တစ်ဒေါ်လာ ၁,၂၆၅ ကျပ်သို့ ကျဆင်းလာသည်။

ပို့ကုန်လုပ်ငန်းများ ပြန်လည် စတင်လာနိုင်ပါက ပြည်ပမှ ဒေါ် လာအ၀င်များလာလျှင် ဒေါ်လာ ဈေးတက်နိုင်ခြေ လျော့နည်းမည် ဟု ပို့ကုန်လုပ်ငန်းရှင်အချို့က ပြောကြားသည်။

တရုတ်နိုင်ငံမှ ဘဏ်များ မကြာမီရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်ရန် ရှိနေသဖြင့် ဒေါ်လာတန်ဖိုး အတက်နည်းမည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ ပို့ကုန်ထက်ဝက်ခန့်ကို ပုံမှန်ဝယ်ယူနေသည့် တရုတ်နိုင်ငံသည် အောက်တိုဘာ ၁ ရက်က စတင်၍ ၇ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့် (၆၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ရုံးပိတ်ရက်ရှည်ပေးထား သည်။

တစ်နှစ်ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ငါးဘီလီယံခန့်ရောင်းချနေသည့်နိုင်ငံတွင် ရုံးပိတ်ရက်များနေသဖြင့် အမေရိကန်ဒေါ်လာ အ၀င်မရှိခြင်း ကြောင့် ငွေဈေးကစားသူများက ဈေးဆွဲတင်သဖြင့် ရုတ်တရက် ဈေးမြင့်တက်ခြင်းဟု ကုန်သည် အချို့ကပြောသည်။

အမေရိကန်ဒေါ်လာ တန်ဖိုး ကျဆင်းသကဲ့သို့ ပြည်တွင်းရွှေ ဈေးမှာလည်း ကျပ်ကိုးသိန်းခန့်မှ ကျဆင်းလာသည်။ ပြည်တွင်းရွှေဈေးသည် တစ်ပတ်အတွင်း ကျပ်လေးသောင်းကျော် ပြန်လည်ကျဆင်းလာသည်။ ပြည်တွင်းရွှေဈေးမှာ အောက်တိုဘာ ၁ ရက်တွင် ကျပ်ကိုးသိန်းခန့်မှ အောက်တိုဘာ ၇ ရက်တွင် ကျပ်ရှစ်သိန်းခြောက်သောင်းခန့်အထိ ဈေးကျလာသည်။



Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service