တစ်ဒေါ်လာ ၁,၂၈၆ ကျပ်ထိ တက်သွားပြီး ဘဏ်အချို့ ဒေါ်လာအရောင်းယာယီပိတ် - Property News in Myanmar from iMyanmarHouse.com
2034 Views

တစ်ဒေါ်လာ ၁,၂၈၆ ကျပ်ထိ တက်သွားပြီး ဘဏ်အချို့ ဒေါ်လာအရောင်းယာယီပိတ်

ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေး ဆက် တိုက်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းပုဂ္ဂလိက ဘဏ်အချို့ ၌ ဒေါ်လာအရောင်း ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။

ငွေဈေးကစားသူများဝင် ရောက်ဈေးကစားမှုကြောင့် ပြင်ပ
ဈေးကွက်တွင် အမေရိကန်ဒေါ် လာသည် ရက်ပိုင်းအတွင်း ဈေး ဆက်တိုက် မြင့်တက်လာကာ အောက်တိုဘာ ၁ ရက်မှ ၄ ရက် အတွင်း တစ်ဒေါ်လာလျှင် ၂၀ ကျပ်ခန့် ဈေးမြင့်တက်လာသည်။ အောက်တိုဘာ ၁ ရက်တွင် တစ်ဒေါ်လာ ၁,၂၆၆ ကျပ်မှ အောက်တိုဘာ ၄ ရက်တွင် ၁,၂၈၆ ကျပ်သို့ မြင့်တက်လာ သည်။‘‘ဒေါ်လာဈေးက ဆက်မြင့် ဦးမယ်’’ဟု ပြည်ပသို့ ဆန်တင်ပို့ ရောင်းချနေသည့် ကုန်သည်ဦးမျိုး သူရအေးက ဆိုသည်။

ဒေါ်လာဈေးမြင့်တက်ခြင်း သည် ပုဂ္ဂလိကဘဏ်များက ရက် ပိုင်းအတွင်း အတိုးပေးသည့် ခေါ် ယူအပ်ငွေ အတိုးနှုန်းလျှော့ချခြင်း၊ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများ ရောင်းချရာတွင် အဖမ်းအဆီးများ ခြင်းကြောင့် ပြည်တွင်းသို့ နိုင်ငံ ခြားငွေ အမေရိကန် ဒေါ်လာ အဝင်နည်းနေပြီး ပြင်ပဈေးကွက်တွင် ပို့ကုန်ရငွေတန်ဖိုးမြင့်တက်ပြီးအမေရိကန် ဒေါ်လာဈေးလည်း ဆက်တိုက်မြင့်တက်လာ ခြင်းဖြစ်သည်ဟု စီးပွားရေးလုပ် ငန်းရှင်အချို့က သုံးသပ်သည်။

အစိုးရက ဘတ်ဂျက်လိုငွေ ကျပ် ၁,၂၃၆ ဘီလီယံကို ဗဟို ဘဏ်မှ ချေးယူခြင်း၊ လယ်သမား များကို တိုးမြှင့်ပေးသည့် စိုက်ပျိုး စရိတ်ချေးငွေ ကျပ်ဘီလီယံ ၅၀၀ အတွက် ငွေစက္ကူ ရိုက်ထုတ်ရခြင်းနှင့်မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းမှုတို့ကလည်း ဒေါ်လာဈေးကို မြင့်တက်စေသည့် အကြောင်းရင်းများဖြစ်ကြောင်း အမျိုးသားလွှတ် တော်ကိုယ်စားလှယ် စီးပွားရေး ပညာရှင်ဦးသန်းစိုး (ဘောဂဗေဒ)က ပြောသည်။

အမေရိကန်ဒေါ်လာတန်ဖိုး တစ်လအတွင်း လျင်မြန်စွာ မြင့် တက်ရခြင်း၏ အဓိကအကြောင်း ရင်းတစ်ခုသည် ပြင်ပဈေးကွက် တွင် ငွေကြေးကြွယ်ဝသူ အချို့ ဈေးကစားမှုကြောင့် စက်တင်ဘာ တစ်လအတွင်း တစ်ဒေါ်လာလျှင် ၁၀၀ ကျပ်ကျော် မြင့်တက်လာသည်ဟု ဦးသန်းစိုးက ပြောကြားသည်။

‘‘ချမ်းသာတဲ့ပွဲစားကြီးတွေ က ငွေကြေးစစ်ပွဲ ဖန်တီးနေသလို ပဲ။ ငွေကြေးကစားမှုတွေကို တာ ဝန်ရှိသူတွေက ထိန်းဖို့လိုတယ်’’ ဟု ဦးသန်းစိုးက သူ၏အမြင်ကို ပြောသည်။

ဒေါ်လာဈေးနှုန်း မြင့်တက် မှုကို ဗဟိုဘဏ်က ဝင်ရောက် မထိန်းခြင်းအပေါ် ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများက ဝေဖန်ပြီး ဗဟိုဘဏ်သည် နိုင်ငံခြားငွေ စီမံ ခန့်ခွဲမှုနှင့်ပတ်သက်၍ စနစ်တကျ ထိန်းကျောင်းပေးရန် လိုအပ် သော်လည်း ဗဟိုဘဏ်သက်တမ်း သုံးနှစ်အတွင်း ထိရောက်စွာ လုပ် ကိုင်နိုင်မှုမရှိကြောင်း ကမ္ဘောဇ ဘဏ် အကြီးတန်းအကြံပေး ဦးသန်းလွင်က ပြောသည်။

အမေရိကန် ဒေါ်လာဈေး နှုန်းသည် လက်ရှိ စီးပွားရေးအခြေ အနေအရ ဆက်လက်မြင့်တက် လာမည်ဆိုလျှင် တိုင်းပြည်စီးပွား ရေး စိုးရိမ်စရာဖြစ်နေပြီး အစိုးရအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက
ပြောကြားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service