"ဘဏ်ငွေချေး" ချင်တာ "ပုံစံ-၇" မှာ "အမည်မှန်" ထည့်ပေးမှ ရမှာ....... - Property News in Myanmar from iMyanmarHouse.com
1397 Views

"ဘဏ်ငွေချေး" ချင်တာ "ပုံစံ-၇" မှာ "အမည်မှန်" ထည့်ပေးမှ ရမှာ.......

လယ်ယာမြေများကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း များ ပြုလုပ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ က ခွင့်ပြုထားသဖြင့် လယ်ယာပိုင်ဆိုင်သူများမှာ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်(ပုံစံ-၇) ရပိုင်ရန် အထူးစိတ်ဝင်စားကြသည်။ အချို့မြို့နယ်များတွင် ရက် ၁၀၀ အတွင်း ပုံစံ-၇ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်များ ပေးအပ်ပွဲ များကို အခမ်းအနားဖြင့် ပေးအပ်သည့် သတင်းများကိုလည်း သတင်းစာဂျာနယ် စာစောင်များတွင် ဖတ်ရှုရပါသည်။ သို့အတွက် တောင်သူလယ်သမားများ ကိုယ်စား အထူးဝမ်းမြောက်ဂုဏ်ယူမိပါသည်။

သို့သော် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်(ပုံစံ-၇) ထုတ်ပေးသော မြို့နယ်များကို လေ့လာကြည့်လျှင် တစ်မြို့နယ်လုံးမှ ကျေးရွာ တစ်ရွာသားလျှင် ပုံစံ-၇ ထုတ်ပေးနိုင်သည်မျိုး တွေ့ရပါသည်။ အခြားမြို့နယ်ရှိ ကျေးရွာများမှ တောင်သူလယ်သမားများမှာလည်း "သူတို့ရွာပြီးရင် ငါတိုရွာလာမှာပဲ" ဆိုသည့် အတွေးဖြင့်သာ စိတ်ကူးယဉ်ခဲ့ကြရသည်။ လက်တွေ့မှာတော့ ပုံစံ-၇ ထုတ်ပေးမည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများက မျှော်သာမျှော် ပေါ်မလာကြသေးပါ။

"ပုံစံ-၇" ရဖို့ အဆင့်ဆင့် တတ်ကြစို့

"ပုံစံ-၇" ဆိုသည်မှာလည်း ရက် ၁၀၀ အတွင်း ရကြသည်ဟုသာ ကောင်းသတင်းကြားရသော်လည်း လယ်ယာမြေ နည်းဥပဒေအရ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်လျှင် အလွယ်နှင့်မရနိုင်သည်ကို တွေ့ရသည်။ ပထမဆုံး လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားလိုသူများ သိစေရန် ကြော်ငြာရမည်။ လျှောက်ထားလိုသူအတွက် လျှောက်လွှာ "ပုံစံ-၁" ကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ အခမဲ့ တောင်းယူနိုင်သည်။ ပုံစံ-၁ တွင် ပြည့်စုံအောင် ဖြည့်စွက်၍ မြို့နယ်၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ မြို့နယ် ဦးစီးမှူးမှာ တင်ပြရမည်။ မြို့နယ် ဦးစီးမှူးရုံးမှ စိစစ်ပြီး မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့သို့ တင်ပြရမည်။

ခွင့်ပြုမလား/ ငြင်းပယ်မလား "ခရိုင် ကယ်-စီ" ရုံး ကို သွား

မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှ ထပ်မံ စိစစ်ပြီး ခရိုင်တင်ရမည်။ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ မှ ထပ်မံစိစစ်မည်။ စိစစ်ပြီးပါက မြို့နယ် ဦးစီးရုံးသို့ "ခွင့်ပြုသည်" သို့မဟုတ် "ငြင်းပယ်သည်" စသည်ဖြင့် အကြောင်းကြားမည်။ မြို့နယ်ဦးစီးဌာနရုံးက ခွင့်ပြုကြောင်း အကြောင်းကြားလျှင် လျှောက်ထားသူအား ငွေစာရင်းဌာနတွင် မှတ်ပုံတင်ကြေး ပေးသွင်းစေ၍ မှတ်ပုံတင်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်(ပုံစံ-၇) ထုတ်ပေးရမည်...ဖြစ်သည်။

အများပြည်သူ သိရှိစေရန် ကြေငြာသင့်သော်လည်း အချိန်မရ

ယင်းသို့ အဆင့်ဆင့် လုပ်ဆောင်ရာတွင် အရေးတကြီး လုပ်ရသဖြင့် အဆင့်များကျော်၍ လုပ်ရသည်များလည်း ရှိသည်။ အများပြည်သူ သိရှိစေရန် ကြေငြာချက်များ ထုတ်ပြန်နိုင်ခြင်း မရှိတော့ဘဲ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (ယခင် အခေါ် မြေစာရင်းဦးစီးဌာန) တို့မှ အဆင်ပြေသလို ကြည့်လုပ်ပေးရပြီး နောက်ဆုံး "ပုံစံ-၇" ထုတ်ပေးထားသည့် အဆင့်ရောက်မှသာ လယ်ယာမြေ လျှောက်ထားသူများထံမှ မှတ်ပုံတင်ကြေး တောင်းယူရသည့် နည်းမျိုးစုံသုံးလိုက်ရသည်ဟု သိရသည်။

မြေပုံဟောင်းကြီးလည်း လက်မလွှတ်နိုင်ပါ

ရက် ၁၀၀ အတွင်း အမှီဆောင်ရွက်ပေးရသဖြင့် အချို့ဝန်ထမ်းများမှာ အပြေးအလွှား ကွင်းဆင်းစစ်ဆေး တိုင်းတာမှုများ ရှိသကဲ့သို့ အချို့ဝန်ထမ်းများမှာ ကွင်းဆင်းစစ်ဆေးချက်များ မပြုလုပ်နိုင်ဟု သိရသည်။ ထိုအခါ အားကိုးအားထား အနေဖြင့် လက်မလွှတ်နိုင်သည့် "အဖာတစ်ရာထပ်နေသည့် မြေပုံဟောင်းကြီးများကိုသာ " အားကိုးပြီး အတည်ပြု ထုတ်ပေးရသည်ဟု သိရသည်။

"ပုံစံ-၇" နဲ့ "ပုံစံ-၁၀၅" ပူးတွဲပါရ

"ပုံစံ-၇" မြန်မြန်ဆန်ဆန် ထုတ်ပေးလိုက်ရသည့်အတွက် "ပုံစံ-၇" စာရွက် မှားပါသည့် နာမည်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် ပါသည့် နာမည်နဲ့လွှဲမှားသွားမှုများနှင့် လယ်ယာမြေ အကျယ် ဧရိယာ ဧကများ မထင်ရှားတို့နှင့် ကြုံတွေ့ကြရသည်။ ယင်းအချက်များကြောင့် ချေးငွေ လျှောက်ခွင့်မရဘဲ ပယ်ဖျက်ခြင်းခံရသည်များလည်း ကြုံတွေ့ရတတ်ကြောင်း သိရသည်။ ထို့အပြင် "ပုံစံ-၇" ကတ်ထူပြား စာရွက်လက်မှတ် ထုတ်ပေးရာတွင် ပုံစံ-၇ နှင့်အတူ မြေစာရင်း ပုံစံ-၁၀၅ ပူးတွဲပါရှိသူများလည်း ရှိသလို "ပုံစံ-၁၀၅" မပါလာသူများလည်း ရှိကြသဖြင့် ပြည့်စုံအောင် ထပ်မံ လျှောက်ထားရကြောင်းလည်း သိရသည်။

ဘဏ်ငွေ ချေးရာတွင် လွယ်ကူစေရန် မှတ်ပုံတင် နာမည် အမှန်ယူ

"ပုံစံ-၇" တွင် နာမည်များ လွှာမှားသည်ကိစ္စမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် တိုက်ဆိုင် စစ်ဆေးခြင်း မလုပ်တော့ဘဲ အရပ်ထဲတွင် ခေါ်ဝေါ်သော နာမည်များကို အလွယ်ရေးထည့်ပေးလိုက်ခြင်းကြောင့် ဖြစ်သည်။ ထို့အတူ ကျန်နေရာတွင် အားနည်းချက် တစ်ခုကို သွားတွေ့ရသည်။ ပုံစံ-၇ တွင် သက်ကြီးရွယ်အို အမည် များနှင့် မှတ်ပုံတင်ထားခြင်းပင် ယင်းသို့ သက်ကြီးရွယ်အိုအမည်များဖြင့် မှတ်သားထားခြင်းကြောင့် နိုင်ငံတော်မှ ချေးငွေများ ထုတ်ချေးရာတွင် အခက်အခဲများ ဖြစ်ကြရသည်။

ထိုအခါ အိပ်ရာထဲတွင် လဲနေသူကို သွားခေါ်ရမလို သက်ဆိုင်ရာက အိမ်လိုက်ပြီး လက်ဗွေနှိပ်ခိုင်းရမလို အခက်အခဲ များနှင့် ကြုံတွေ့တတ်ပြန်ပါသည်။ ယင်းသို့ မဖြစ်ပေါ်စေရန် မိသားစုအတွင်း အမွေ ဆက်ခံခွင့်များကို ကြိုတင်ညှိနှိုင်းပြီး အမွေခွဲဝေရရှိသူ လူငယ်များ အမည်ဖြင့် "ပုံစံ-၇" ပြုလုပ်သင့်ကြောင်း အကြံပြုတင်ပြလိုက်ပါသည်။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service