ရှန်​ဟိုင်းအိမ်​သစ်​​ရောင်းအား ရာခိုင်​နှုန်း ၄၀ ​ကျော်​မြင့်​တက် - Property News in Myanmar from iMyanmarHouse.com
612 Views

ရှန်​ဟိုင်းအိမ်​သစ်​​ရောင်းအား ရာခိုင်​နှုန်း ၄၀ ​ကျော်​မြင့်​တက်

ရှန်​ဟိုင်းတွင်​ အိမ်​ခြံ​မြေ developer များ၏ ​ရောင်းလိုအား နှင့်​ အိမ်​ဝယ်​လက်​များ၏ ဝယ်​လိုအားတို့သည်​ ပြီးခဲ့သည့် သီတင်းပတ်​အတွင်း ဆယ်​ဂဏန်း မြင့်​တက်​ခဲ့သည်​။ ပျမ်းမျှ အိမ်​​ဈေးနှုန်းကမူ တည်​​ဆောက်​မှုဆိုင်​ရာ အ​ပြောင်းအလဲများ​ကြောင့်​ အနည်းငယ်​ကျဆင်းခဲ့သည်​။

အစိုးရမတည်သည့် အိမ်ရာများမှအပ အိမ်သစ်ရောင်းချရမှုဧရိယာသည် စက်​တင်​ဘာလ ၂၅ ရက်တွင် ကုန်ဆုံးခဲ့သည့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ၄၁ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စတုရန်း
မီတာ ၂၆၇,၃၀၀ ရှိခဲ့သည်ဟု Shanghai Centaline အိမ်ခြံမြေကုမ္ပဏီက စက်​တင်​ဘာလ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းသည် သြဂုတ်လလယ်နောက်ပိုင်း သီတင်းပတ် ၆ ပတ်ဆက်တိုက် မြင့်တက်ခြင်းဖြစ်သည်။

အိမ်သစ်များကို ပျမ်းမျှ ၁ စတုရန်းမီတာလျှင် ၄၅,၈၁၅ ယွမ် (၆,၈၇၀ အမေရိကန်ဒေါ်လာ) နှုန်းဖြင့် ရောင်းချခဲ့ရသည်။ ထိုရောင်းဈေးသည် ၁ စတုရန်းမီတာလျှင် ယွမ် ၄၀,၀၀၀ အထက် သီတင်းပတ် ၆ ပတ်ဆက်တိုက် ရောက်ရှိမှုလည်းဖြစ်သည်။ သို​သော်​လည်း တည်​​ဆောက်​မှုဆိုင်​ရာ အ​ပြောင်းအလဲများ​ကြောင့်​ ယင်းမတိုင်​မီ သီတင်းပတ်​​အောက်​ ၄ ဒသမ ၁ ရာခိုင်​နှုန်း ကျဆင်းခဲ့သည်။

ရေပန်းအစားခဲ့ဆုံး စီမံကိန်း ၁၀ ခုတွင် ၄ ခုက ၁ စတုရန်းမီတာလျှင် ယွမ် ၇၀,၀၀၀ အထက်ရှိခဲ့ပြီး ​ဈေးအ​သက်​သာဆုံးက ၁ စတုရန်းမီတာလျှင် ယွမ် ၂၈,၉၉၉ ရှိခဲ့သည်​။

ရှန်ဟိုင်းတွင် ပြီးခဲ့သည့်​သီတင်းပတ်အတွင်း အိမ်​ရာသစ်​စီမံကိန်း ၄ ခုဖြစ်​​သော ​ အိမ်သစ်ရောင်းလိုအားသည် စတုရန်းမီတာ ၉၈,၀၀၀ စတုရန်းမီတာခန့် ရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်ကထက်​ ၂၆ ဒသမ ၇ ရာခိုင်​နှုန်း ​မြင့်​တက်​ခဲ့သည်​။ ယင်း​ရောင်းလိုအား အိမ်​ရာစီမံကိန်းများအနက်​ ၃ ခုက ဒုတိယအကြိမ်​ တတိယအကြိမ်​ အိမ်​ဝယ်​သူများကို ပစ်​မှတ်​ထားခဲ့ပြီး ကျန်​ ၁ ခုက ပထမအကြိမ်​ဝယ်​သူသူများကို ပစ်​မှတ်​ထားခဲ့သည်​။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ရှန်​ဟိုင်းအိမ်​သစ်​​ရောင်းအား ရာခိုင်​နှုန်း ၄၀ ​ကျော်​မြင့်​တက် - Property News in Myanmar from iMyanmarHouse.com
ရှန်​ဟိုင်းအိမ်​သစ်​​ရောင်းအား ရာခိုင်​နှုန်း ၄၀ ​ကျော်​မြင့်​တက် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service