မြန်မာငွေ ဆယ့်ခြောက်သိန်းကျော်တန် ခိုအိမ်တိုက်ခန်းများ ရောင်းချနေမှု တရုတ် ပိတ်ပင် - Property News in Myanmar from iMyanmarHouse.com
2569 Views

မြန်မာငွေ ဆယ့်ခြောက်သိန်းကျော်တန် ခိုအိမ်တိုက်ခန်းများ ရောင်းချနေမှု တရုတ် ပိတ်ပင်

တရုတ်နိုင်ငံတောင်ပိုင်း မြို့တစ်မြို့မှ အာဏာပိုင်တွေက အလွန်သေးငယ်တဲ့ တိုက်ခန်းကျဉ်းများ ရောင်းချနေခြင်း
ကို တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။

ရှန်ဇန်းမြို့မှာ ခိုအိမ်များလို့ နောက်ပြောင် ခေါ်ဝေါ်နေကြတဲ့ အလွန်သေးငယ်တဲ့ တိုက်ခန်းကျဉ်းတွေကို မြန်မာငွေ ဆယ့်ခြောက်သိန်းကျော်ဖြင့် ရောင်းချနေကြောင်း ဆိုရှယ်မီဒီယာမှာ ဓာတ်ပုံများထွက်ပေါ်လာခဲ့ပြီးနောက် အာဏာပိုင်တွေကအဆိုပါခိုအိမ်တိုက်ခန်းများ
ရောင်းချနေခြင်းကို တားမြစ်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

တရုတ်သတင်းဝက်ဆိုက်တစ်ခုက ဖော်ပြမှုအရ အလွန်သေးငယ်တဲ့ တိုက်ခန်းအတွင်းမှာ အိပ်ရာကို နံရံမှာကပ်ပြီး ခေါက်သိမ်းထားနိုင်ပြီး မီးဖိုချောင်၊ ရေချိုးခန်းနဲ့ အိမ်သာက တစ်ခန်းတည်းမှာ ဖြစ်ပါတယ်။ မီးဖိုရဲ့အပေါ်ဘက်မှာ တီဗီတစ်လုံး တပ်ဆင်ထားတာကိုလည်း တွေ့ရပါတယ်။

ခိုအိမ်လို့ တင်စားခေါ်ဝေါ်ကြတဲ့ အဆိုပါ တိုက်ခန်းကျဉ်းလေးတွေရဲ့ အကျယ်အဝန်းက ၆၄ စတုရန်းပေမျှသာ ရှိတယ်လို့ ဆိုပါတယ်။ အလွန်သေးငယ် ကျဉ်းမြောင်းတဲ့ အဆိုပါ တိုက်ခန်း ၉ ခန်းကို နာရီပိုင်းအတွင်း ရောင်းချနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံမှာ မြို့ပြနေ လူဦးရေထူထပ်များပြားလာမှုကြောင့် အဓိက မြို့ကြီးတွေမှာ နေအိမ်ဈေးနှုန်းများ မြင့်တက်လျက်ရှိပါတယ်။ အလားတူ နည်းပညာလုပ်ငန်းများ အခြေစိုက်ရာ ရှန်ဇန်းမြို့မှာလည်း နေအိမ်ဈေးနှုန်းမှာ သိသာစွာ မြင့်တက်ခဲ့ပြီး ယမန်နှစ်မေလမှ ယခုနှစ် ဧပြီလအထိ ၁၂ လအတွင်း ၆၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။

Credit: Duwun
မြန်မာငွေ ဆယ့်ခြောက်သိန်းကျော်တန် ခိုအိမ်တိုက်ခန်းများ ရောင်းချနေမှု တရုတ် ပိတ်ပင် - Property News in Myanmar from iMyanmarHouse.com
မြန်မာငွေ ဆယ့်ခြောက်သိန်းကျော်တန် ခိုအိမ်တိုက်ခန်းများ ရောင်းချနေမှု တရုတ် ပိတ်ပင် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service