အာရပ်စော်ဘွားများပြည်ထောင်စုတွင် ကန်ဒေါ်လာ ၁ ဘီလီယံအကုန်အကျခံကာ တည်ဆောက်လျက်ရှိသည့် ဆေးဝါးမြို့တော်ကြီး ၈၅ ရာခိုင်နှုန်းခန့် ပြီးစီး - Property News in Myanmar from iMyanmarHouse.com
829 Views

အာရပ်စော်ဘွားများပြည်ထောင်စုတွင် ကန်ဒေါ်လာ ၁ ဘီလီယံအကုန်အကျခံကာ တည်ဆောက်လျက်ရှိသည့် ဆေးဝါးမြို့တော်ကြီး ၈၅ ရာခိုင်နှုန်းခန့် ပြီးစီး

အာရပ်စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီမြို့တော်တွင် ကန်ဒေါ်လာ ၁ ဒသမ ၀၈ ဘီလီယံအကုန်အကျခံကာ တည်ဆောက်လျက်ရှိသည့် ရှိတ်ခ် ရှက်ဘောက် ဆေးဝါးမြို့တော် ဆောက်လုပ်နေမှုသည် ယခုအခါတွင် ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးလျက်ရှိပြီဖြစ်ပြီး အဘူဒါဘီအခြေစိုက် ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီ ဆီဟာသို့ လာမည့် ၂၀၁၇ ခုနှစ်၊ စတုတ္ထသုံးလပတ်အတွင်း လွှဲပြောင်း ပေးနိုင်ဖွယ်ရာရှိသည်ဟု အရှေ့အလယ်ပိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါ ဆေးဝါးမြို့တော်တွင် ကုတင် ၇၃၂ ခန့် ၀င်ဆံ့မည်ဖြစ်ပြီး တော်ဝင်နှင့် ဗွီအိုင်ပီအခန်း ၃၆ ခန်းပါဝင်မည်ဖြစ်ကာ ခွဲစိတ်ကုသပြီး အတွင်းလူနာများအတွက် ကုတင် ၄၂၄ ရှိမည်ဖြစ်၍ မိခင်နှင့်ကလေးအတွက် ကုတင် ၁၂၀ ပါဝင်မည်ဖြစ်သည်ဟု ဆိုသည်။

အဘူဒါဘီတွင် နိုင်ငံတကာအဆင့်အတန်းမီ အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှု ရှိစေရန် ရည်မှန်းချက် ချမှတ်ထားရာ အဆိုပါရည်မှန်းချက်အရ အရည်အသွေးမြင့်မားသည့် ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်ရန် ရည်ရွယ်ဆောက်လုပ်ခြင်း ဖြစ်သည်။

ထို့အပြင် အထူးကြပ်မတ်ကုသဆောင်တွင် ကုတင် ၃၂ လုံးပါမည်ဖြစ်ပြီး နှလုံးရောဂါအထူးကုဆောင်တွင် ကုတင် ၃၀၊ နှလုံးခွဲစိတ်ဌာနတွင် ကုတင် ၂၄ လုံး၊ မီးလောင်မှုကုသရေးဌာနတွင် ကုတင် ၂၀ ၊ မွေးစကလေးငယ် အထူးကြပ်မတ်ကုသဆောင်တွင် ၂၆ ကုတင်တို့လည်း ပါဝင်မည် ဖြစ်သည်။

ရှိတ်ခ် ရှက်ဘောက် ဆေးဝါးမြို့တော်သည် အာရပ်စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီမြို့တော်၊ အယ်လ် မာဖရက်ခ်အရပ်တွင် တည်ရှိပြီး စတုရန်းမီတာ ၃၀၀၀၀၀ ကျယ်ဝန်းသည့် မြေနေရာတွင် ဆောက်လုပ်ထားခြင်း ဖြစ်ကာ မော်တော်ယာဉ်ပေါင်း ၁၆၆၀ ရပ်နားနိုင်မည့်နေရာ ပါဝင်သည်။

ဆေးဝါးမြို့တော်ဝန်းကြီးအတွင်း အဓိက မျှော်စင် ၄ ခုတွင် ဆေးရုံအဖြစ် အသုံးပြုမည်ဖြစ်ပြီး ပြင်ပတွင် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းဆိုင်ရာ အဆောက်အအုံများ၊ လျှပ်စစ်နှင့် လေအေးပေးစက်ဆိုင်ရာ အဆောက်အအုံများအပြင် ရဟတ်ယာဉ်ကွင်း ၂ ခုလည်း ပါဝင်သည်ဟု ဆိုသည်။



Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service