မန္တလေးမြို့၌ အိမ်ခြံမြေအရောင်းအ၀ယ်တွင် ရောင်းချသူက မြတ်စွန်းသည့်ဝင်ငွေအပေါ် အခွန်ပေးဆောင်မှု မရှိသလောက်ဖြစ်ပြီးအခွန်စိစစ်မှု ခံယူရန်အသိပေး ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
1206 Views

မန္တလေးမြို့၌ အိမ်ခြံမြေအရောင်းအ၀ယ်တွင် ရောင်းချသူက မြတ်စွန်းသည့်ဝင်ငွေအပေါ် အခွန်ပေးဆောင်မှု မရှိသလောက်ဖြစ်ပြီးအခွန်စိစစ်မှု ခံယူရန်အသိပေး ထုတ်ပြန်

မန္တလေးမြို့တွင် အိမ်ခြံမြေ အရောင်းအ၀ယ် ပြုလုပ်ရာ၌ ရောင်းချသူ အနေဖြင့် မြတ်စွန်းသည့် ၀င်ငွေအပေါ် အခွန်ထမ်းဆောင်မှု မရှိသလောက်ဖြစ်ကြောင်း၊ အိမ်ခြံမြေ အစရှိသည့် အခြေပစ္စည်း ရောင်းချမှုအပေါ် အခွန်စိစစ်မှု ခံယူကြရန် မန္တလေးတိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အသိပေးနှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။

အိမ်ခြံမြေ ၀ယ်ယူခြင်းအတွက် ကာလတန်ဖိုး သတ်မှတ်မှု ပိုမိုလျက်ရှိသော်လည်း ကျသင့်ငွေ အခွန်များကို ၀ယ်ယူသူများမှ ထမ်းဆောင်လျက်ရှိပြီး ရောင်းချသူများ အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အခွန်ထမ်းဆောင်ရန် ပျက်ကွက်လျက်ရှိကြောင်း၊ အခြေပစ္စည်း ရောင်းချခြင်းအတွက် ကျသင့်အခွန်နှုန်းမှာ ၁၀ ရာခိုင်နှုန်း ဖြစ်သော်လည်း ရောင်းချသည့် ကာလတန်ဖိုး အပေါ်တွင် ၁၀ ရာခိုင်နှုန်း ထမ်းဆောင်ရန် မဟုတ်ဘဲ မြတ်စွန်းငွေ အပေါ်၌သာ ၁၀ ရာခိုင်နှုန်း ထမ်းဆောင်ရန် ဖြစ်ကြောင်းကို အခွန်ထမ်းပြည်သူများ သိရှိနိုင်ရန် ပြည်တွင်းအခွန် ဦးစီးဌာနမှ အသိပေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွင်းက အခွန်အရပ်ရပ်မှ စည်းကြပ်ကောက်ခံရရှိငွေကျပ် ၁၅၄ ဘီလျံ ရှိခဲ့ပြီး ယင်းကောက်ခံရရှိငွေ၏ ထက်ဝက်ခန့်မှာ အိမ်ခြံမြေ အရောင်းအ၀ယ်မှ စည်းကြပ်ခွန်မှ ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

“၂၀၁၆ အခွန်ကောက် ဥပဒေအရ အခွန်နှုန်းတွေ ပြောင်းလဲတိုးမြှင့်မှာမို့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကုန်မှာ အခွန်ပေးဆောင်မှု များခဲ့တာပါ။ အခြေပစ္စည်းကနေ မြတ်စွန်းတဲ့ အပေါ် အခွန်ထမ်းဆောင်မှုကတော့ မရှိသလောက်ပါပဲ။ တကယ်တမ်းအိမ်ခြံမြေအရောင်းအ၀ယ်မှာ ရောင်းတဲ့သူ
ဘက်ကလည်း မြတ်စွန်းငွေရဲ့ ၁၀ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရမှာပါ” ဟု တိုင်းဒေသကြီး ပြည်တွင်းအခွန်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်ထွေးက ပြောကြားသည်။

မန္တလေး အိမ်ခြံမြေဈေးကွက်အတွင်း ကျပ်သိန်းသောင်းချီဖြင့် အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့သည့် အကွက်အများစုမှာ ယာယီစာချုပ် အလွှဲအပြောင်းများဖြင့်သာ ရောင်းဝယ်၍ လက်လွှဲလက်ပြောင်း ပြုလုပ်ကြခြင်းဖြစ်ပြီး အခွန်စည်းကြပ်ပေးဆောင်မှု နည်းပါးလျက်ကြောင်းနှင့် ၂၀၁၆ ခုနှစ် အခွန်နှုန်းထားသစ်ဖြင့် အခွန်စည်းကြပ်မှုမှာ လေးခုသာ ရှိသေးကြောင်း သိရသည်။

“သိန်းတစ်သောင်းတန် အကွက်ကို ၀ယ်ပြီး အခွန်စည်းကြပ်မယ်ဆိုရင် သူ့အရင်းက ကျပ်သိန်းတစ်သောင်းခွဲလောက် ဖြစ်သွားမယ်။ ဒီတော့ ၀ယ်ပြီးရင်တော့ ပတ်ကား စာချုပ်ထွက်ဖို့ အခွန်စည်းကြပ်မှု မလုပ်နိုင်ဘူး။ ဒါကြောင့် GP နဲ့ပဲ ချုပ်ကြတာပေါ့” ဟု ၀ါရင့် အကျိုးဆောင် တစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် အိမ်ခြံမြေ စည်းကြပ်မှုမှ ဘဏ္ဍာနှစ်အလိုက် ကောက်ခံရရှိငွေမှာ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ၁၅ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ခုတွင် ၂၁ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၁၁ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ခုတွင် ၃၈ ဘီလျံနှင့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၇၆ ဘီလျံ ရရှိခဲ့ကြောင်း အခွန်ဌာန မှတ်တမ်းများအရ သိရှိရပြီး လတ်တလောတွင် အခွန်နှုန်းထားသစ်ကြောင့်အခွန်ပေးဆောင်မှု လျော့ကျလျက်ရှိကြောင်း သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service