တိုက်ခန်းရောင်းဝယ် ဥပဒေသတ်မှတ်ချက် နိုင်ငံတကာပုံစံ သတ်မှတ်သင့် - Property News in Myanmar from iMyanmarHouse.com
1796 Views

တိုက်ခန်းရောင်းဝယ် ဥပဒေသတ်မှတ်ချက် နိုင်ငံတကာပုံစံ သတ်မှတ်သင့်

တိုက်ခန်းအရောင်းအဝယ်ပိုင်ဆိုင်မှုပြသနာတွေအတွက်ရေးဆွဲနေတဲ့ဥပဒေထဲမှာစံချိန်စံညွှန်းတွေသတ်မှတ်ချက်တွေကိုနိုင်ငံတကာမှာလုပ်ဆောင်နေတဲ့ဥပဒေပုံစံတွေအတိုင်းသတ်မှတ်ထားသင့်တယ်လို့သိရပါတယ် ။

တိုက်ခန်းနေထိုင်သူတွေကြားမှာတိကျတဲ့သဘောတူညီချက်နဲ့ခွင့်ပြုချက်တွေရရှိပြီးမှသာစိတ်ချလက်ချဝယ်ယူစေသင့်တယ်။မသေချာသေးဘဲကြိုတင်ရောင်းချမှုတွေကြောင့်အငြင်းပွားမှုတွေဖြစ်ပေါ်နေကြတာပါ ။

နိုင်ငံအများစုမှာတော့ဆောက်လုပ်ခွင့်ရရှိပြီးဆောက်လုပ်မယ့်နှစ်ကာလအတိအကျသတ်မှတ်ပြီးမှသာစတင်ရောင်းချခွင့်ပြုတယ်လို့သိရပါတယ်။ပြည်တွင်းမှာလည်းတိကျခိုင်မာတဲ့ဥပဒေရှိသင့်နေပြီလို့ကျွမ်းကျင်သူတချို့ကပြောပါတယ် ။
ဆောက်လုပ်ရေးနဲ့အဆောက်အအုံဆိုင်ရာဥပဒေရေးဆွဲနေပေမဲ့ဈေးကွက်ထဲမှာဥပဒေမရှိသေးတာကြောင့်အခုချိန်အထိကန်ထရိုက်တာနဲ့မြေရှင်တွေကြားပြသနာတွေနဲ့ကြိုပွိုင့်ဝယ်မိသူတွေရဲ့ပြသနာတွေရှိနေပါသေးတယ် ။

ပြည်တွင်းနဲ့ပြည်ပအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသူကိုကျော်ဦးက’တခြားနိုင်ငံတွေမှာဥပဒေတွေနဲ့နိုင်ငံသားပဲဝယ်ဝယ်၊နိုင်ငံခြားသားကပဲဝယ်ဝယ်ဥပဒေနဲ့သတ်မှတ်ထားပြီးစည်းကမ်းအတိုင်းလုပ်ဆောင်ရတယ် ၊ဒီမှာလိုမဟုတ်ဘူး၊စာချုပ်ချုပ်တုန်းးကပါဝင်တဲ့အတိုင်းမဟုတ်ရင်တရားစွဲလို့ရတယ် ၊ပြန်လုပ်ခိုင်းလို့ရတယ် ၊ကြိုပွိုင့်ကအစအခန်းအပ်တာတောင်ငွေကအကျေမပေးရဘူး ၊အခန်းခိုင်ခံမှုကစာချုပ်အတိုင်းဟုတ်မဟုတ် ၊စံမီမှနေလို့လပိုင်းကြာမှငွေအကျေချေရတာ ‘လို့ပြောပါတယ် ။

တခြားနိုင်ငံတွေမှာချမှတ်ထားတာကဆောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ဘဏ်တစ်ခုခုနဲ့ဆောက်လုပ်မယ့်အိမ်ရာအတွက်သီးသန့်ငွေစာရင်းဖွင့်ရပါတယ်။ကြိုပွိုင့်ဝယ်ယူသူတွေကအဆောက်အအုံပြီးစီးမှုအပေါ်အရစ်ကျငွေပေးချေကြရတယ်။ ကြိုပွိုင့်ရောင်းချငွေတွေကိုသက်ဆိုင်ရာအဆောက်အအုံဆောက်လုပ်ရေးတွေအသုံးပြုဖို့သာကန်ထရိုက်ကငွေထုတ်ယူခွင့်ရှိတယ်။တခြားမသက်ဆိုင်တဲ့အသုံးစရိတ်တွေအတွက် ငွေထုတ်ယူခွင့်မပြုထားဘူးလို့သိရပါတယ် ။

သည်မှာကတော့ဆောက်လုပ်စရိတ်ကကြိုပွိုင့်သွင်းငွေတွေနဲ့တည်ဆောက်ကြတာ၊ကြိုငွေသွင်းပြီးတော့မှမဆောက်လုပ်တော့တာ ။ မြေရှင်နဲ့ကန်ထရိုက်တာတွေကြား ညှိုနှိုင်းမရဘဲစာချုပ်စာတမ်းတွေဖျက်သိမ်းလို့ဝယ်မိသူတွေအခက်အခဲဖြစ်ကြတဲ့ပြသနာတွေမျိုးစုံအောင်ရှိတယ်လို့သိရပါတယ် ။

အကျိုးဆောင်ရှေ့နေ မသူသူက‘အစိုးရတာဝန်ရှိဌာနတွေရဲ့ ခွင့်ပြုချက်ရမှာသတင်းစာထဲထည့်ပြီးအသိပေးဝယ်ယူရောင်းချတာတွေလုပ်သင့်တယ် ၊မြေဝယ်သလိုလုပ်သင့်တယ် ‘လို့ပြောပါတယ် ။

ငွေပေးသွင်းတဲ့ပုံစံ

ကြိုပွိုင့်ငွေပေးသွင်းရတဲ့အခါမှာပြည်တွင်းမှာကဆောက်လုပ်တဲ့ကုမ္ပဏီတွေပေါ်မူတည်ပြီးပေးသွင်းရတဲ့ငွေပုံစံကွာခြားကြတယ်။တချို့ကငွေကြေပြီးအခန်းအပ်ပြီးတာတောင် နေထိုင်ခွင့်မကျသေးလို့ ပြန်ရောင်းလို့မရတာတွေကြုံကြရတယ်လို့သိရပါတယ်။တခြားပြည်ပနိုင်ငံတွေမှာတော့ ကြိုပွိုင့်ဝယ်ယူသူတွေကိုအိမ်သော့အပ်တဲ့အခါမှာတန်ဖိုး၈၅ရာခိုင်နှုန်းအထိပေးသွင်းပြီးကျန်တဲ့၁၅ရာခိုင်နှုန်းငွေကိုနေထိုင်ပြီးတစ်နှစ်ကြာမှသာပေးသွင်းရတာမျိုးဖြစ်တယ်လို့သိရတယ် ။

ကိုကျော်ဦးက ‘ပြည်ပတွေမှာက ၁၂လအတွင်း အိမ်အတွင်းအပြင်ပျက်စီးမှုရှိပါက ဆောက်လုပ်ရေးကုမ္ပဏီကအခမဲ့ပြင်ဆင်ပေးရပါတယ် အိမ်သော့အပ်တဲ့အချိန် သတ်မှတ်ထားတဲ့အရည်သွေးပစ္စည်းတွေသုံးမသုံးစံချိန်စံညွှန်းသတ်မှတ်ချက်တွေနဲ့ညီမညီတွေစစ်ဆေးပြီးမှလက်ခံနိုင်တယ်၊စံချိန်မမီရင်ပြင်ဆင်ခိုင်းနိုင်တယ်၊ဒီမှာကျတော့ဒီလိုအချက်တွေကအားနည်းနေတယ် ‘လို့ပြောပါတယ်။

တခြားနိုင်ငံတွေမှာကြိုပွိုင့်အရစ်ကျငွေပေးသွင်းရတာကစရန်ငွေငါးရာခိုင်နှုန်းပေးချေပြီးကနဦးစာချုပ်လက်မှတ်ရေးထိုးရတယ်။အိမ်တန်ဖိုးရဲ့၅၀ရာခိုင်နှုန်းကနေ၈၀ရာခိုင်နှုန်းအထိဘဏ်ချေးငွေရနိုင်တယ်။တစ်ပတ်အတွင်းအိမ်တန်ဖိုးရဲ့၁၅ရာခိုင်နှုန်းပေးသွင်းရတယ်။ ပေးသွင်းရတဲ့ငွေပမာဏက ဆောက်လုပ်မှုပြီးစီးတဲ့အဆင့်ပေါ်မူတည်ပြီးငါးရာခိုင်နှုန်းစီပေးသွင်းရတာမျိုးရှိသလိုတချို့က ၁၀ရာခိုင်နှုန်း ၊၁၅ရာခိုင်နှုန်းဆိုပြီးပေးသွင်းရတာတွေရှိတယ် ။

ယာယီနေထိုင်ခွင့်ရပြီး၁၂လအတွင်း၁၅ရာခိုင်နှုန်းအခွန်ပေးဆောင်ရတယ်။စကာပူနိုင်ငံတွေတော့အခွန်ကအိမ်တန်ဖိုးရဲ့သုံးရာခိုင်နှုန်းကိုပဲကောက်ခံတယ်။အိမ်ကိုတစ်နှစ်အတွင်းပြန်လည်ရောင်းချရင်တန်ဖိုးရဲ့၁၆ရာခိုင်နှုန်းအခွန်ပေးဆောင်ရတယ် ။နှစ်နှစ်အတွင်းရောင်းချတဲ့သူတွေကို ၁၂ရာခိုင်နှုန်း ၊သုံးနှစ်အတွင်းရှစ်ရာခိုင်နှုန်း၊လေးနှစ်အတွင်းလေးရာခိုင်နှုန်း အခွန်ဆောင်ရတယ်။ငါးနှစ်နဲ့နောက်ပိုင်းရောင်းချအခွန်ကင်းလွတ်ခွင့်ရှိတယ် လို့သိရပါတယ် ။

တခြားနိုင်ငံတွေမှာဥပဒေနဲ့အတိအကျထုတ်ပြန်ထားကြပေမဲ့ပြည်တွင်းမှာတော့မရှိသေးတာကြောင့်အားနည်းချက်တွေရှိပြီးအခွန်ပိုင်းရောအရောင်းအဝယ်ပိုင်းတွေမှာပြသနာနဲ့အခက်အခဲတွေရှိနေတာဖြစ်တယ်လို့သိရပါတယ် ။


Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service