ပုံစံပြောင်းဖို့လိုတဲ့ ပြည်တွင်းတိုက်ခန်းအိမ်ရာ ရောင်းဝယ်ရေးစနစ် - Property News in Myanmar from iMyanmarHouse.com
1061 Views

ပုံစံပြောင်းဖို့လိုတဲ့ ပြည်တွင်းတိုက်ခန်းအိမ်ရာ ရောင်းဝယ်ရေးစနစ်

နိုင်ငံတကာ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္မဏီတွေနဲ့ ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္မဏီတွေ အကြားမှာ ကွဲပြားခြားနားတဲ့ လုပ်ငန်းစီမံခန့်ခွဲမှုတွေ ၊ ငွေကြေးရရှိနိုင်တယ့် အရင်းအမြစ် တွေ ပုံသဏ္ဍာန်ကွဲလွှဲတဲ့ ဈေးကွက် အနေအထား တွေကြောင့် တိုက်ခန်းအိမ်ရာဈေးကွက်အနေအထားအရ အခြားနိုင်ငံတွေက ဈေးကွက်နဲ့ ပြည်တွင်းတိုက်ခန်းအရောင်းအ၀ယ်ဈေးကွက်ကို နှိုင်းယှဉ်ဖို့ အင်မတန်ခက်ပါတယ် ။

မြန်မာပြည်က ဆောက်လုပ်ရေးလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံရတာက အခြားသော ကမ္ဘာနိုင်ငံတွေက ဆောက်လုပ်ရေး လုပ်ငန်းတွေ မှာရင်းနှီးမြုပ်နှံရတာ ထက် ပိုပြီးခက်ခဲသလို ဦးနှောက်စားတာ လုပ်ငန်းရှင်တွေ ၊ ပက်သက်ဆက်နွယ်သူတွေ အသိဆုံးဖြစ်ပါတယ်။ အခုလို လုပ်ငန်းတွေကမောက်ကမဖြစ်ပြီး အရောင်းအ၀ယ်ကျဆင်းနေတဲ့ အချိန်မှာ ပြသနာပေါင်းစုံ နဲ့ ရင်ဆိုင်နေရတဲ့ အတွက် တော်ရုံတန်ရုံ ခါတော်မီ ကန်ထရိုက်တာတွေ ၊ ပေါ်ပင်ကုမ္မဏီတွေ ရပ်တည်ရှင်သန်ဖို့ ဆိုတာ သိပ်မလွယ်ကူတော့ပါဘူး။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဆို့ရင် ဆောက်လုပ်ရေး ကုမ္မဏီတွေ အနေနဲ့ အဆောက်အအုံ တစ်ခုဆောက်ချင်ပြီဆိုရင် စာရွက်စာတမ်း အထောက်အထား အပြည့်အစုံနဲ့ ကြိုတင်ပြီး ဘဏ်က နေချေးငွေကိုတင်ပြပြီး ငွေ ပြည့်ပြည့်၀၀ ရပြီး မှ ဆောက်လုပ်ကြတာဖြစ်ပါတယ် ။ ပြည်တွင်းမှာတော့ ဘဏ်ကနေ ဆောက်လုပ်ဖို့ ငွေချေးမယ် ဆိုရင်တော့ အပေါင်ပစ္စည်းအဖြစ် ပိုင်ဆိုင်မှု တွေ တင်ပြပြီးမှ ချေးလို့ရသလို ပရောဂျက်တစ်ခုလုံး အတွက် ပြည့်ပြည့်၀၀ ငွေချေးနိုင်ခဲ့တယ် ဆိုတာ မကြားမိရသလောက်ပါဘဲ။

ငွေကြေးဓန အင်အားတောင့်တင်းတဲ့ ဆောက်လုပ်ရေး ကုမ္မဏီကြီးတွေကို မဆိုလိုပေမယ့် ဆောက်လုပ်ေ၇း ကုမ္မဏီငယ် တွေ အတွက်ကတော့ မြေရှင်နဲ့ နားလည်မှု ယူပြီးပြီ ဆိုရင်ဘဲ စာရွက်စာတမ်းတွေ အဆင့်ဆင့် လုပ်ရကိုင်ရ သလို အရေးကြီးတဲ့ ငွေရေးကြေးေ၇း ရနိုင်တဲ့ နည်းလမ်းပေါင်းစုံကို ကြံဆရပါတော့တယ် ။ဘဏ်ကို အပေါင်ပစ္စည်းတင် ငွေချေးပြီး ဆောက်နိုင်တဲ့ ဆောက်လုပ်ရေး ကုမ္မဏီ ငယ်တွေက ရှိကောင်းရှိနိုင်ပေမယ့် ဈေးကွက်တစ်ခုလုံး နဲ့ ယှဉ်ရင် အင်မတန်နည်းပါးတဲ့ ရာခိုင်နှုန်းလောက်ဘဲ ရှိပါတယ်။

ပုံစံတင်တာတွေ ၊ စာရွက်စာတမ်း အဆင့်ဆင့် ၊ ကိုယ်ဆောက်မယ့် အဆောက်အအုံ ရဲ့ ဘေးဘယ်ညာ အိမ်တွေဆီက ထောက်ခံချက်တွေကို လိုက်တောင်းရတာတွေ လုပ်ရတဲ့ အပြင် ကုန်ကျစရိတ်တွေ အတွက် လိုအပ်တဲ့ ငွေကြေးကိုလည်း နည်းလမ်းပေါင်းစုံ နဲ့ ရှာဖွေလုပ်ကိုင်ရတဲ့ အခက်အခဲပေါင်းများစွာ ကျော်ဖြတ်ရပါတယ် ။
လိုတဲ့ ငွေတွေရဖို့ အတွက် မဆောက်ရသေးတဲ့ တိုက်ခန်းကို ဈေးနှုန်းတစ်ခု လျှော့ပြီး ကြိုပွိုင့်အားကိုးနဲ့ လုပ်ငန်းလည်ပတ်ဖို့ ကြိုးစားကြသလို မိတ်ဆွေ သူငယ်ချင်းတွေ ဆီကနေ အတိုးနှုန်းတစ်ခုနဲ့ ငွေရယူထားပြီး တိုက်ခန်းပြီး အခန်းရောင်းငွေပြန်ပေါ်မှ အတိုးကော အရင်းကော ဆပ်ကြရတဲ့ ကန်ထရိုက်တာတွေကလည်း ဆောက်လုပ်ရေး လောကမှာ ထုနဲ့ထေး အများအပြားရှိပါတယ် ။

မြေရှင်တွေ ၊ အခန်းဝယ်ထားတဲ့ ဖောက်သည်တွေ ကိုလိမ်လည်လှည့်ဖြားတဲ့ ရည်ရွယ်ချက်သက်သက် နဲ့ ကိုယ်ကျိုးရှာ ကန်ထရိုက်တွေ ၊ ကုမ္မဏီငယ်တွေ ရှိကောာင်းရှိနိုင်ပေမယ့် ရုတ်တရက် ဈေးကွက်ပျက်ပြီး မူဝါဒ မခိုင်မာလို့ ဈေးကွက်ကျဆင်းနေချိန်မှာ ပြင်ပကနေ အတိုးကြီးကြီးနဲ့ ချေးယူ ဆောက်ထားရတဲ့ ကန်ထရိုက်တွေ အတွက် ဒုက္ခပင်လယ်ဝေပြီး မပြေးချင်ပေမယ့် ထွတ်ပြေးတိမ်ရှောင်နေရတဲ့ ကန်ထရိုက်တာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။

ပိုက်ဆံအရမ်းချမ်းသာပြီး ကန်ထရိုက်လုပ်ငန်း လုပ်ဖို့အတွက် ကျွမ်းကျင်တဲ့ လူကို ငွေပေးဌားပြီး လုပ်တဲ့ ကုမ္မဏီတွေကို မဆိုလိုပေမယ့် ပုံမှန် ကန်ထရိုက်တာကောင်းတစ်ယောက် ၊ အောင်မြင်တဲ့ ဆောက်လုပ်ရေးကုမ္မဏီ ကို ဦးဆောင်သူတစ်ယောက်ဖြစ်ဖိုဆိုတာ နှစ်ပေါင်းများစွာ ရင်းနှီးထားရတဲ့ အတွေ့အကြုံတွေ၊ ခါးသီးမှုတွေ ၊ ပက်သက်ရာပက်သက်ကြောင်းတွေရဲ့ နှိပ်စက်မှုတွေ ကို ရင်ဝယ်ပိုက်ပြီးမှ ခက်ခက်ခဲခဲရှင်သန်ကျော်ဖြတ်ရတာဖြစ်ပါတယ်။

ရန်ကုန်မှာ အိမ်ရာလိုအပ်ချက်တွေ အကြီးအကျယ် ဖြစ်နေတာ အားလုံးသိနေတဲ့ကိစ္စဖြစ်ပါတယ် ၊ ဈေးကွက်က ကြီးကြီးမားမားရှိနေရဲ့ သားနဲ့ ဆောက်ပြီးသားတိုက်ခန်းတွေ အရောင်းအ၀ယ်မဖြစ်တာ ၊ ဈေးကွက်ဝယ်နိုင်စွမ်းအား ပျောက်ဆုံးနေတာ ၊ အတိုးပေါ်အတိုးဆင့်ပြီး ဆောက်လုပ်ရေးလောက ဒုက္ခဖြစ်နေတာ အတွက် အဖြေရှာဖို့ လိုလာပါပြီ ။ နိုင်ငံတကာ ဈေးကွက်နဲ့ မြန်မာဈေးကွက်မတူတာက နိုင်ငံတကာမှာက တိုက်ခန်းတွေ ကို ဘုံးပေါလအော ဆောက်ပြီး နေမယ့်ဝယ်မယ့်သူ မရှိလို့ ဆောက်လုပ်ရေး ကုမ္မဏီတွေ ဒုက္ခသုခ တွေ့ကြရပြီး ဘဏ်တွေတောင် ဒေ၀ါလီခံရတဲ့ အဆင့်တောင် ဖြစ်ကြရပါတယ်။

မြန်မာပြည်တိုက်ခန်းဈေးကွက် ပြန်ကြည့်ရင် ဈေးကွက်က အကြီးအကျယ် လိုအပ်ချက် ရှိပေမယ့် ဆောက်ပြီးသား တိုက်ခန်းတွေတောင် ပြည်သူတွေ မ၀ယ်နိုင်တဲ့ ပြသနာကို နည်းလမ်းတကျ ဖြေရှင်းပေးနိုင်တဲ့ စနစ်ကောင်းတစ်ခု လိုအပ်လာပါပြီ ။ အနည်းဆုံးတော့ ပုံမှန်ဝင်ငွေရှိတဲ့ ပြည်သူတွေ အိုးပိုင်အိမ်ပိုင်ရ နိုင်ဖို့ ဘဏ်တွေဘက်က နိုင်ငံတကာ လို နှစ်ပေါင်းများစွာငွေ ပေးသွင်းနိုင်တဲ့ စနစ်ကောင်းတစ်ခု ဖြစ်ထွန်းဖို့ လုပ်ပေးရမှာဖြစ်ပါတယ်၊ ၀န်ထမ်းတစ်ယောက်ရဲ့ လစဉ်ဝင်ငွေ တစ်ခုရဲ့ သတ်မှတ်ရာခိုင်နှုန်းတစ်ခုကိုသာ အချိုးကျပေးသွင်းစေတဲ့ စနစ်ကို ကျင့်သုံးနိုင်ခဲ့မယ် ဆိုရင် အိုးအိမ်မဲ့ ပြသနာတွေ အတိုင်းအတာ တစ်ခုထိ ပြေလည်သွားစေမှာ ဖြစ်ပါတယ် ။

ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်တဲ့ သူတွေ အတွက်လည်း လိုချင်တဲ့ ချေးငွေတွေကို လုပ်သာကိုင်သာ ရှိရှိ ဖြစ်လာနိုင်တဲ့ အဆင့်တစ်ခုရောက်ဖို့ အတွက် လုံလောက်တဲ့ ငွေရရှိဖို့ ဘဏ်တွေဘက်ကကြိုးစားပေးရမှာဖြစ်ပါတယ် ၊ ဒါဆိုလုပ်ငန်းရှင်တွေ လိုအပ်တဲ့ ငွေကြေးကို ပြည့်ပြည့်၀၀ ရနိုင်လို့ အပြင်ကနေ အတိုးကြီးကြီးနဲ့ ငွေချေးစရာ မလိုတော့ပါဘူး ၊ အကျိုးဆက်အနေနဲ့ကတော့ တိုက်ခန်းဈေးတွေ အထိုက်အလျောက်ကျဆင်းလာမှာ ဖြစ်သလို ရေရှည်ဝယ်ယူခွင့် စနစ်ကြီး ဖော်ဆောင်ထားတဲ့ အတွက်ကြောင့်လည်း လုပ်ငန်းတွေ သွက်လက်လည်ပတ်စေမှာဖြစ်ပါတယ်။

ဘဏ်တွေဘက်က ဆောက်လုပ်ရေး လုပ်ငန်းတွေ အတွက် လုံလောက်တဲ့ ချေးငွေကို ရရှိအောင် လုပ်ပေးဖို့လိုသလို တစ်ဖက်မှာလည်း နှစ်ရှည်စနစ် နဲ့ ၀ယ်သူတွေကို အရစ်ကျ ပေးသွင်းစေတဲ့ စနစ်ကို လုပ်ထားတဲ့ စနစ်ဖြစ်တဲ့ အတွက် ဆောက်တဲ့ ကုမ္မဏီ တွေလည်း အကျိုးရှိမှာ ဖြစ်သလို အိုးပိုင်အိမ်ပိုင် ဖြစ်နေတဲ့ ပြည်သူတွေလည်း အိုးပိုင်အိမ်ပိုင် ဘ၀ကို ရရှိစေမှာ ဖြစ်ပါတယ် ။

ဘဏ်တွေဘက်ကလည်း ဆောက်လုပ်ရေး ကုမ္မဏီတွေကို ချေးငွေထုတ်ချေးထားလို့ ထိုက်သင့်တဲ့ အတိုးတွေ ရမှာဖြစ်သလို တစ်ဖက်မှာလည်း ဆောက်လုပ်ရေးကုမ္မဏီတွေနဲ့ ဘဏ်တွေ ချိတ်ဆက်ပြီး တိုက်ခန်း ၀ယ်သူတွေ အတွက် အခန်းတွေကို နှစ်ရှည်စနစ်နဲ့ ရောင်းထားပေးလို့ ထိုက်သင့်တဲ့ အတိုးကိုလည်းထပ်မံ ခံစားရမှာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘဏ်အနေနဲ့ နှစ်ဖက်သွား ဓားလို ဆောက်လုပ်ရေးကုမ္မဏီတွေနဲ့ တိုက်ခန်းဝယ်ယူထားသူတွေ ဆီက အတိုးကို နှစ်ခါ ရနေမှာဖြစ်ပါတယ် ။
ဘဏ်ဆိုတဲ့ သဘောသဘာဝ အရ ပြည်သူတွေ ယုံကြည်စိတ်ချလို့ လာအပ်ထားတဲ့ ငွေတွေမဆုံးရှုံးအောင် စိတ်ချယုံကြည်ရတဲ့ လုပ်ငန်းတွေကိုသာ ငွေထုတ်ချေးတယ် ဆိုတဲ့ သီအိုရီကို လုပ်ငန်းရှင်တွေ ၊ ပြည်သူတွေ သဘောပေါက်ကြပါတယ် ။ ဒါပေမယ့် ငွေချေးဖို့ အတွက်များပြားလှတဲ့ အထောက်အထား သက်သေခံတွေ ၊ ပိုင်ဆိုင်မှုတွေ ပြပြီး အာမခံပစ္စည်းတွေပါမှ ငွေထုတ်ချေးပေးတဲ့ စနစ်ကိုတော့ အတိုင်းအတာတစ်ခုအထိ လျှော့ပေါ့ပေးသင့်ြ့ပီလို့ ထင်ပါတယ်။

ငွေကြေးဆိုတာ လည်ပတ်စီးဆင်းရတဲ့ သဘောသဘာဝရှိတဲ့ အတွက် ငွေကြေးလည်ပတ်စီးဝင်မှု တစ်နေရာတည်းမှာ ရပ်တန့်နေရင် တိုင်းပြည်စီးပွားရေး ထိခိုက်မှု ရှိပါတယ် ၊ ဆောက်လုပ်ရေးလောကဆိုတာ ငွေကြေးစိမ့်ဝင်စီးဆင်းမှု အားအကောင်းဆုံး ကဏ္ဍကြီး ဖြစ်နေတဲ့ အတွက် ဘဏ်လည်းအကျိုးရှိ ၊ ဆောက်လုပ်ေ၇းကုမ္မဏီနဲ့ ပြည်သူတွေ သုံးဦး သုံးဖလှယ်အကျိုးရှိနိုင်တဲ့ ပြည်တွင်းတိုက်ခန်းရောင်းဝယ်ရေး စနစ်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ လိုအပ်လျက်ရှိနေပါပြီ ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service