ရန်ကုန်−ဒလ တံတားကို ငါးနှစ်အတွင်း အပြီးတည်ဆောက်မည်ဟု ဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
1069 Views

ရန်ကုန်−ဒလ တံတားကို ငါးနှစ်အတွင်း အပြီးတည်ဆောက်မည်ဟု ဝန်ကြီးပြော

ရန်ကုန်−ဒလ တံတားတည်ဆောက်ခြင်းကို ငါးနှစ်အ တွင်း အပြီးတည်ဆောက်နိုင်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

တံတားတည်ဆောက်ရန် လမ်းအူကြောင်း ရွေးချယ်ထားပြီး စီမံကိန်းကို လာမည့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြီးစီး ရန် စီစဉ်ထားသည်ဟု စက်တင် ဘာ ၂၀ ရက် က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးက ပြောကြားသည်။

လမ်းအူကြောင်းသုံးခု ရွေး ချယ်ရာတွင် လက်ရှိရွေးချယ်ထား သော ရန်ကုန်ဘက်ကမ်း၊ လမ်းမ တော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလဘက်ကမ်း ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင် လမ်းကို ဆက်သွယ်ထားသော လမ်းအူကြောင်းသည် ထိခိုက်မှု အနည်းဆုံး လမ်းကြောင်းဖြစ် သည်ဟု ဝန်ကြီးကဆိုသည်။

ဒလတံတား စီမံကိန်းသည် ရန်ကုန်မြို့လယ် စီးပွားရေးဗဟို ကို ရန်ကုန်မြစ်တောင်ဘက် ဒလ သို့ တိုးချဲ့ဖော်ထုတ်နိုင်ခြင်း၊ ကော့မှူး၊ တွံတေး၊ ကွမ်းခြံကုန်း မြို့များ၏ လူမှုစီးပွားဖွံ့ဖြိုးရေး အတွက် အထောက်အကူ ကြီး ကြီးမားမားဖြစ်မည့်အပြင် ရန်ကုန်မြို့ ပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးရေး နှင့် အနာဂတ်တွင် ရန်ကုန်မြစ်ဝ၌ ပင်လယ်ဆိပ်ကမ်း ဖွံ့ဖြိုးရေးတို့ အတွက် လိုအပ်သော လမ်းတံတားအခြေခံအဆောက်အအုံကို ဖြည့်ဆည်းပေးနိုင်
မည်ဟု ဝန်ကြီး၏ တင်ပြချက်တွင် ပါရှိသည်။

တံတားစီမံကိန်း စတင်နိုင် ရန် အတိုင်ပင်ခံ ကုမ္ပဏီ ရွေးချယ်ခြင်းအဖြစ် အတိုင်ပင်ခံ သဘောတူစာချုပ် (Consultant Contr-act Agreement) ချုပ်ဆို နိုင်ရေး စာချုပ်ပါအချက်အလက်များကို ပြည်ထောင်စု
ရှေ့နေချုပ်ရုံးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှ သဘောထားမှတ်ချက်ရယူထားပြီးဖြစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရန်ရှိနေသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏အတည်ပြုချက်ရပါက အတိုင်ပင်ခံကုမ္ပဏီနှင့် သဘောတူစာချုပ်ချုပ်ဆိုပြီး ယင်းကုမ္ပဏီက အသေးစိတ်ပုံစံ ရေးဆွဲခြင်း လုပ်ငန်းများ ရှစ်လခန့် ကြာမြင့်မည်ဖြစ် ကာကန်ထရိုက်ရွေးချယ်ခြင်း သည်လည်း လေးလခန့် ကြာမြင့် မည်ဖြစ်ပြီး တည်ဆောက်ရေး ကန်ထရိုက်တာ ရွေးချယ်ပြီးပါက တံတားတည်ဆောက်ရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက် မည်ဟုဝန်ကြီးက ပြောသည်။

မြန်မာ-ကိုရီးယား ချစ်ကြည် ရေးအနေဖြင့် ရန်ကုန်-ဒလ တံတားတည်ဆောက်ရေးကို ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေချေးငွေနှင့်
မြန်မာအစိုးရ ထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service