အိမ် ခြံ မြေ ရေစီး တစ်နှစ်တာခရီးအတွက် ဘယ်လိုကျားကန်မလဲ - Property News in Myanmar from iMyanmarHouse.com
2549 Views

အိမ် ခြံ မြေ ရေစီး တစ်နှစ်တာခရီးအတွက် ဘယ်လိုကျားကန်မလဲ

အိမ် ခြံ မြေ အရောင်းအဝယ်ကျဆင်းမှုတွေကနေ ပြန်လည်ခေါင်းမော့နိုင်ဖို့ အချိန်တစ်နှစ်ဝန်းကျင်နီးပါး လိုအပ်နေဦးမယ်လို့ ဝါရင့်အကျိုးဆောင်တွေက ခန့်မှန်းသုံးသပ်ထားပါတယ်။သို့သော်ငြား လက်ရှိမှာလည်း အိမ် ခြံ မြေ ဈေးကွက်ဟာ ရပ်တည်ရအတန်ငယ် ခက်ခဲ နေတာကြောင့် တစ်နှစ်တာခရီးအတွက် ကျားကန်ရခက်ခဲနေဦးမယ်လို့ပြောရင် ငြင်းရခက်နေမှာအမှန်ပါပဲ..။ဘာကြောင့်လဲဆိုရင် လက်ရှိ ဈေယကွက်အနေအထားဟာ အိမ် ခြံ မြေ အရောင်းအဝယ်ကဏ္ဍရပ်ဆိုင်းလုနီးပါးဖြစ်သည်အထိ ကျဆင်းသွားတာကြောင့်ပဲဖြစ်ပါတယ်။

အခွန်ကိုထွက်ပေါက်အဖြစ်မျှော်လင့်နေကြ

လက်ရှိ အိမ် ခြံ မြေ ဈေးကွက်ကျဆင်းနေမှုဟာ ၂၀၁၅ နှစ်စကတည်းက စတင်ခဲ့တာပါ။ဒါပေမယ့် လက်ရှိအစိုးရသစ်ပေါ်လာပြီးနောက်ပိုင်းမှာလည်း နိုင်ငံရေးတည်ငြိမ်အေးဆေးမှုတွေအရ ဈေးကွက်ပြန်ဦးမော့လာမယ်ထင်ခဲ့ကြပေမယ့် အမှန်တကယ်မှာဖြစ်လာခြင်းမရှိပါဘူး။ဘာကြောင့်လဲဆိုရင် အများစုသုံးသပ်ချက်အရ အခွန်ကြောင့်လို့ပဲပြောရမှာပါ။
အခွန်စနစ်ဟာ အစိုးရသစ်လက်ထက်မှာ အနည်းငယ်ပုံစံပြောင်းလဲသွားခဲ့ပါတယ်။ အခွန်နှုန်းထားအသစ်၏ သတ်မှတ်ချက်မှာ တစ်ကျပ်မှ သိန်းသုံးရာ အထိလျှင် အခွန်ငွေ ၁၅ ရာခိုင်နှုန်း၊သိန်း ၃၀၀ မှ သိန်း တစ်ထောင်အထိလျှင် ၂၀ ရာခိုင်နှုန်း နှင့် သိန်းတစ်ထောင်အထက်လျှင် ၃၀ ရာခိုင်နှုန်း ဆိုပြီးသတ်မှတ်ထားခဲ့ပါတယ်။ဒါဟာ အကျိုးဆောင်တွေနဲ့ ရောင်းသူ ဝယ်သူတွေအတွက် အခက်အခဲတစ်ရပ် ဖြစ်လာစေပြီးနောက်ပိုင်း ပိုမိုဈေးကွက်ကျဆင်းသွားခဲ့ပါတယ်။ ဒီလို အနေအထားတွေကနေ ပြန်လည် ဦးမော့ဖို့ အခွန်ကိုပြန်လည်လျှော့ချပေးဖို့ အများစုကမျှော်လင့်နေကြပါတယ်။

အခွန်က အတားအဆီးတစ်ခုလိုပြန်ဖြစ်နေတာပေါ့။ကျွန်နော်တို့တွေဘက်ကတော့ ဖြစ်နိုင်ရင်အရင်လိုဘဲ အခွန်နှုန်းထားသတ်မှတ်ပေးစေချင်တယ်။ခု အခွန်ပြန်လျှော့ပေးမယ်လို့ ပြောနေကြတဲ့သူတွေလည်းရှိတယ်။ဒါပေမယ့် ဘယ်လိုဘဲဖြစ်ဖြစ် အရင်နှုန်းထားလေးလောက်ဆိုရင်တော့ အဆင်ပြေပါတယ်""ဟု ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးမှ ဆိုသည်။
ဒီအချက်အပြင် ဈေးကွက်ပြန်ဦးမော့လာနိုင်ဖို့ ၊ ဆက်လက်ရပ်တည်နိုင်ဖို့က ဈေးကွက်မူဝါဒတွေလည်း ငြိမ်နေဖို့လိုအပ်ပါတယ်။လက်ရှိ အထပ်မြင့်စစ်ဆင်ရေးတွေကလည်း ဝယ်လိုသူတွေနဲ့ developer တွေကို အကြပ်အတည်းဖြစ်စေပါတယ်။လက်ရှိ အနိမ့်ပိုင်းဈေးကွက်ဟာ အထပ်မြင့် စစ်ဆင်ရေးတွေကြောင့် အနည်းငယ် ဆွံ့အသွားခဲ့ပါတယ်။ဒီလိုအနေအထားတွေကို တည်ငြိမ်အောင် လုပ်နိုင်မှသာလျှင် ဈေးကွက်ဟာ တစ်နှစ်နီးပါးအတွက်တောင့်ခံနိုင်ပါလိမ့်မယ်။

အိမ် ခြံ မြေဟာ.ဈေးကွက်သဘောအရ ပြည်တွင်းငွေကြေး အများဆုံးမြုပ်နှံလည်ပတ်တဲ့နေရာ တစ်ခုဘဲဖြစ်ပါတယ်။စီးပွားရေး လုပ်ငန်းရှင် အများစုဟာ အိမ် ခြံ မြေ နဲ ဘဏ်ကို ချိတ်ဆက်ရင်းအလုပ်လုပ်နေကြရတာပါ။ဒီနေရာမှာ အရောင်းအဝယ် အေးစက်မှု ကြာမြင့်လာတာနဲအမျှ ဈေးနှုန်းတွေကျဆင်းသွားတာကြောင့် ငွေကြေးထုတ်ချေးထားတဲ့ ဘဏ်တွေဟာရေရှည်မှာ အကျပ်ရိုက်လာနိုင်ပါတယ်။လတ်တလောမှာလည်း ပြင်ပမှာ ငွေကြေးကျပ်တည်းနေပါတယ်။ဒီလိုအခြေအနေတွေကြောင့်ဘဲ တစ်နှစ်တာမျှောင်လင့် ကျားကန်ရတဲ့ အိမ် ခြံ မြေ ခရီးဟ အစိုးရရဲ့ဖြေလျှော့ထိန်းကျောင်ပေးမှုတွေသာ မပါဘူးဆိုရင် အမှန်တကယ် ခက်ခဲနေဦးမှာ ဖြစ်တဲ့ အကြောင်းသုံးသပ်ရေးသားတင်ပြလိုက်ရပါတယ်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service