အိမ်​​​ဈေးမြင့်​တက်​သည့်​ တရုတ်​​မြို့အ​ရေအတွက်​ ၆ နှစ်​အတွင်း အမြင့်​ဆုံးနှုန်းဖြင့်​ မြင့်​တက် - Property News in Myanmar from iMyanmarHouse.com
1149 Views

အိမ်​​​ဈေးမြင့်​တက်​သည့်​ တရုတ်​​မြို့အ​ရေအတွက်​ ၆ နှစ်​အတွင်း အမြင့်​ဆုံးနှုန်းဖြင့်​ မြင့်​တက်

တရုတ်​တွင်​ အိမ်​​ဈေးတက်​သည့်​မြို့အ​ရေအတွက်​သည်​ ယခုနှစ်​ ​သြဂုတ်​​လတွင်​ ၂၀၁၀ ပြည့်​နှစ်​​နောက်​ပိုင်း ၆ နှစ်​အတွင်း အမြင့်​ဆုံးနှုန်းဖြင့်​ မြင့်​တက်​ခဲ့​ကြောင်း တရုတ်​အမျိုးသားစာရင်းအင်းဗျူရိုက စက်​တင်​ဘာလ ၁၉ ရက်​တွင်​ ထုတ်​ပြန်​ခဲ့သည်​။
အစိုးရမတည်​သည့်​အိမ်​ရာများမှအပ အိမ်​သစ်​​ဈေးများသည်​ ဇူလိုင်​လက ၁၃ မြို့တွင်ြ​မင့်​တက်​ခဲ့ရာမှ သြဂုတ်လတွင်​ မြို့ကြီး ၆၄ မြို့​၌ မြင့်​တက်​ခဲ့သည်​ဟု ထိုဗျူရိုက ထုတ်​ပြန်​ခဲ့သည်​။

၎င်းဗျူရိုသည်​ တရုတ်​ရှိ မြို့ကြီး ၇၀ ကို ​လေ့လာ၍ ထုတ်​ပြန်​ခဲ့ခြင်းဖြစ်​သည်​။ သို့ဖြစ်​ရာ ထို ၇၀ အနက်​ ၆၄ မြို့တွင်​ ​ဈေးနှုန်းမြင့်​တက်​ခဲ့ပြီး ၂ မြို့တွင်​ ​ဈေးနှုန်းမ​ပြောင်းလဲခဲ့ဘဲ ကျန်​ ၄ မြို့တွင်​ ​ဈေးနှုန်း ကျဆင်းခဲ့​ကြောင်း သိရသည်​။

နိုင်ငံအလယ်​ပိုင်း ဟဲနန်​ပြည်​နယ်​ ကျန်​ကျိုးမြို့က ​ဇူလိုင်​လကထက်​ အိမ်သစ်​​​ဈေးနှုန်း ၅ ဒသမ ၆ ရာခိုင်​နှုန်း မြင့်​တက်​ခဲ့ပြီး ​မြင့်​တက်​မှုနှုန်းတွင်​ ထိပ်​ဆုံးက ဦး​ဆောင်​ခဲ့သည်​။ ရှန်ဟိုင်း​​က ၅ ဒသမ ၂ ရာခိုင်​နှုန်းနှင့်​ အန်​​ဟွေပြည်​နယ်​ ဟယ်​​ဖေမြို့က ၄ ဒသမ ၈ ရာခိုင်​နှုန်းတို့ဖြင့်​ ဒုတိယနှင့်​ တတိယအမြင့်​ဆုံးမြို့များအဖြစ်​ အသီးသီးရပ်​တည်​ခဲ့သည်​။

ရှန်​ဟိုင်းသည်​ တရုတ်​၏ ယင်း​ဈေးနှုန်းမြင့်​တက်​ခဲ့သည့်​မြို့များအနက်​ ပထမတန်းစားမြို့ကြီး ၄ မြို့တွင်​ ပြီးခဲ့သည့်​ ၆ နှစ်​အတွင်း လထက်​ ၁ လ ​ဈေးနှုန်းမြင့်​တက်​နှုန်း အမြင့်​ဆုံးမြို့လည်းဖြစ်​သည်​။ ​ပေကျင်း၊ ကွမ်​ကျိုး၊ စန်းကျန်းတို့က ရှန်​ဟိုင်း​နောက်​မှ အသီးသီးရပ်​တည်​ခဲ့ကြသည်​။

"အဲ့ဒီအဓိကမြို့ကြီး ၇၀ မှာ ပျမ်းမျှ အိမ်​သစ်​​ဈေးမြင့်​တက်နှုန်းဟာလည်း ၁ ဒသမ ၂၆ ရာခိုင်​နှုန်းရှိခဲ့ပြီး ဇူလိုင်​လတွင်​ ပျမ်းမျှမြင့်​တက်​နှုန်း ၀ ဒသမ ၈၉ ကို ​ကျော်​လွန်​ခဲ့​ပါတယ်​" ဟု Shanghai Centaline အိမ်ခြံမြေကုမ္ပဏီ၏ အကြီးတန်းတေသနမန်နေဂျာ လုဝိန်စီကလည်း ပြောကြားခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service