အစိုးရအပြောင်းအလဲတွေဖြစ်လာပေမယ့် ရန်ကုန်ရဲ့အိမ်ခြံမြေဈေးကွက်က အေးစက်နေဆဲ - Property News in Myanmar from iMyanmarHouse.com
1267 Views

အစိုးရအပြောင်းအလဲတွေဖြစ်လာပေမယ့် ရန်ကုန်ရဲ့အိမ်ခြံမြေဈေးကွက်က အေးစက်နေဆဲ

အစိုးရအပြောင်းအလဲတွေဖြစ်ပေါ်လာပေမယ့် ရန်ကုန်ရဲ့အိမ်ခြံမြေဈေးကွက်
က အေးစက်နေဆဲဖြစ်ပြီး အဌား ဈေးကွက်ဖြင့်သာ ရပ်တည်နေရဆဲလို့မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်ရှင်အသင်း တာဝန်ရှိသူတွေထံကသိရပါ တယ်။

၂၀၁၄ ခုနှစ်နောက်ပိုင်းကတည်းက အေးစက်သွားခဲ့တဲ့ ရန်ကုန်ရဲ့အိမ်ခြံမြေဈေးကွက်က လက်ရှိအချိန်အထိ လည်း နှေးကွေးနေဆဲဖြစ်ပြီး စောင့်ကြည့်နေမှု
တွေနဲ့အတူ ဈေးကွက်အေးစက်နေဆဲပါလို့ အသင်းတာဝန်ရှိ သူကပြောဆိုပါ တယ်။

“ အခုဈေးကွက်က အေးစက်နေဆဲကာလပါပဲ၊ အဌားဈေးကွက်နဲ့ပဲရပ်တည်နေကြတာ အရောင်းအ၀ယ်က တော့တကယ်နေထိုင်မဲ့သူတွေလောက်ပဲစိတ်ဝင်စားတာပါ”လို့ တာဝန်ရှိသူကပြောပါတယ်။

အဌားဈေးကွက်နဲ့ရပ်တည်နေတယ်လို့ဆိုသော်လည်း အရင် ၂၀၁၄ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ဈေးကွက်ကျဆင်းမှုနဲ့ရင် ဆိုင်နေရတယ်လို့လည်း သိရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကာလကြုံတွေ့ခဲ့ခြင်း အခွန်စနစ်အပြောင်းအလဲတွေဖြစ်ပေါ်ခဲ့တာကြောင့် ဈေးကွက်တုန့်ဆိုင်းမှုတွေဖြစ်ပေါ်ခဲ့တယ်လို့လည်းသိရပါတယ်။

လက်ရှိအစိုးရသစ်လက်ထက်ရောက်ရှိပြန်တော့လည်း စီးပွားရေးလုပ်ငန်းရှင်များနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ က ဆက်ပြီးစောင့်ကြည့်နေဆဲအချိန်
အခါဖြစ်နေတာကြောင့်အိမ်ခြံမြေဈေးကွက်က အေးစက်နေတာဖြစ်ပါ တယ်။

အသင်းအနေနဲ့ လက်ရှိမှာအိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းဆိုင်ရာဥပဒေကြမ်းကိုပြည်ထောင်စုလွှတ်တော်ကို တင်ပြထားပြီး ယင်းဥပဒေအကောင်အထည်ပေါ်လာပါက ဈေးကွက်ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်ထား ပြီး အိမ်ခြံမြေ
လုပ်ငန်းကဏ္ဍတိုးတက်ကောင်းမွန်လာမယ်လို့ လုပ်ငန်းရှင်တွေကပြောဆိုပါတယ်။

Credit: SFJ Strategy First

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service