အိမ်ခြံမြေများ ဈေးနှုန်းလျှော့ချ ရောင်းလာခြင်းကြောင့် ဈေးကွက်တွင် ယခုအချိန် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးဖြစ် ဟုဆို - Property News in Myanmar from iMyanmarHouse.com
10532 Views

အိမ်ခြံမြေများ ဈေးနှုန်းလျှော့ချ ရောင်းလာခြင်းကြောင့် ဈေးကွက်တွင် ယခုအချိန် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးဖြစ် ဟုဆို

အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်အေးစက်ခြင်းနှင့်အတူ ဈေးနှုန်းများကို လျှော့၍ရောင်းချလာခြင်းကြောင့် ယခုအချိန်သည် ရင်းနှီးမြှုပ်နှံရန်အကောင်းဆုံးအချိန်ဖြစ်နေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ေ ဆာင်မှု အသင်းမှသိရသည်။ ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်သည် လွန်ခဲ့သည့်နှစ်နှစ်ခန့်မှစတင်၍ ယခုအချိန်ထိ အရောင်းအဝယ်အေးစက်လျက်ရှိခဲ့ပြီး မြေကွက်၊ တိုက်ခန်း၊ ကွန်ဒိုရောင်းချလိုသူများအနေဖြင့် ဈေးနှုန်းလျှော့ချရောင်းချမှုများရှိလာခြင်းကြောင့် ရင်းနှီးမြှုပ် နှံလိုသူများအတွက် လက်တလော အိမ်ခြံမြေဈေးကွက်သည် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးအချိန်ဖြစ် နေခြင်းဖြစ်ေ ကြာင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ သိရသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန် ဆောင်မှုအသင်းမှ အထွေထွေအတွင်း ရေးမှူး ဒေါ်မို့မို့အောင်က ''၂ဝ၁၆ ခုနှစ်က အိမ်ခြံမြေလောကရဲ့ နှစ် ၂ဝ၊ ၂၅ နှစ်အတွင်းမှာ အဆိုးဆုံးကာလလို့ပြောလို့ရတယ်။ စီးပွားရေး မြို့တော်ဖြစ် တဲ့ ရန်ကုန်မှာရော၊ မန္တ လေးမှာပါ အရောင်းအဝယ်လှုပ်ခတ်မှုမရှိဘူး။ ဒီလိုနေရာတွေမှာ အလှုပ်အခတ်မရှိတော့ ကျန်တဲ့နေရာတွေပါ ပိုလှုပ်ခတ်မှုမရှိဘူး။ အရောင်းအဝယ်အေးစက်နေတဲ့အတွက် ငွေ လိုသူတွေ က ဈေးချရောင်းလာကြတယ်။ တိုက်ခန်းတွေလည်းဈေးချ ရောင်းသလို ကွန်ဒိုတွေလည်း ဈေးချ ရောင်းကြတယ်။ ဈေးကျနေတဲ့အချိန် ဖြစ်တာကြောင့် ဘယ်နေရာပဲဖြစ်ဖြစ် ပိုက်ဆံရှိလို့ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင် လည်း ရင်းနှီးမြှုပ်နှံဖို့အကောင်း ဆုံးအချိန်ဖြစ်တယ်''ဟု စက်တင်ဘာ ၁၂ ရက်က ဒီမိုကရေစီတူဒေးသတင်း စာသို့ပြောသည်။

ယင်းအပြင် ကန်ထရိုက်တိုက်များတည်ဆောက်ရာတွင် ကြိုပွိုင့်ဝယ်ယူမှုနည်းပါးခြင်း၊ တည်ဆောက် ပြီးတိုက်ခန်းများဝယ်ယူမှုနည်းပါး ခြင်းတို့ကြောင့် တိုက်ခန်းဈေးနှုန်းများ ကိုလျှော့ချရောင်းချမှုရှိလာကြောင်း နှင့် ယခင်နိုင်ငံတော်အစိုးရစီမံကိန်း ကြောင့် မြင့်တက်ခဲ့သည့် အိမ်ခြံမြေ ဈေးနှုန်းများမှာလည်း လက်ရှိတွင် ထက်ဝက်ခန့်လျှော့ချရောင်းချမှုရှိ လာကြောင်းသိရသည်။ ဒေါ်မို့မို့အောင်က ''ကန်ထ ရိုက်ငယ်တွေက လေးငါး လုံး စာချုပ်ချုပ်ထားပြီး ဆောက်ရမယ့်အချိန်က တစ်နှစ်ခြောက်လဆိုတော့ အရောင်းအဝယ်မကောင်းတဲ့အတွက် တည် ဆောက်ဖို့မလွယ်ဘူး။ အချိန်မီမပြီး နိုင်ဘူး။ ပြီးသွားတဲ့အခန်းတွေက အရောင်းအဝယ်အေး စက်တော့မ ရောင်းရဘဲ အခက်အခဲတွေရှိနေ တယ်။ ကွန်ဒိုတွေလည်း ရောင်းရပေ မယ့်နည်းတယ်။ ဒါကြောင့် ဈေးချ ရောင်းကြတယ်''ဟုပြောသည်။

ယခုနှစ် အိမ်ခြံမြေဈေးကွက်အတွင်း အကွက်ကြီး အိမ်ခြံမြေများမှာ အရောင်းအဝယ်အေးစက်မြဲဖြစ် သော်လည်း ကျပ်သိန်း ၁ဝဝဝ၊ သိန်း ၅ဝဝ၊ သိန်း ၅ဝဝ အောက် အိမ်ခြံ မြေများမှာ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်းသိရသည်။ အိမ်ခြံမြေအကျိုးဆောင် ဦးတင်ထွန်းက ''အရောင်းအဝယ်အေးစက်တာ နှစ်နှစ်ကျော်လောက်ရှိနေပြီ။ ဒါက အိမ်၊ တိုက်ခန်းမှမဟုတ်ဘူး။အားလုံးမှာဖြစ်နေတာပါ။ တချို့အိမ် ခြံမြေအကျိုးဆောင်ေ တွ လုပ်ငန်း ပြောင်းတာ၊ တခြားလုပ်ငန်းတိုးချဲ့တာ တွေလုပ်ပေမယ့် စီးပွားရေးမကောင်း တော့အဆင်မပြေကြဘူး။ ဒါပေမဲ့ ဒီအချိန်က အမှန်တကယ်နေထိုင်မယ့် ဝယ်သူတွေ နှစ်အကြာကြီးရင်းနှီး ချင်တဲ့သူတွေ အတွက် ဝယ်ယူဖို့သင့် တဲ့အချိန်ပါ''ဟုပြောသည်။


Credit: Yangon Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service