မင်းဘူးမြို့ နမ္မဒါဂေါက်ကွင်းအတွက် သိမ်းဆည်းခဲ့သော လယ်ယာမြေကိစ္စ ပြန်လည်စိစစ်ပေးရန် တောင်းဆို - Property News in Myanmar from iMyanmarHouse.com
805 Views

မင်းဘူးမြို့ နမ္မဒါဂေါက်ကွင်းအတွက် သိမ်းဆည်းခဲ့သော လယ်ယာမြေကိစ္စ ပြန်လည်စိစစ်ပေးရန် တောင်းဆို

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ နမ္မဒါဂေါက်ကွင်းအ တွက် သိမ်းဆည်းခံလယ်ယာမြေများနှင့် အသုံးမပြုသည့် လယ်ယာမြေများအတွက် ပြန်လည်စိစစ်ဖြေရှင်းပေးရန် မကွေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီနှင့် မကွေးတိုင်း ၀န်ကြီးချုပ်တို့ထံ နစ်နာခဲ့သည့် တောင်သူများက တင်ပြတောင်းဆိုထားကြောင်း သတင်း ရရှိသည်။

၁၉၉၄ က မင်းဘူးမြို့ တွင် နမ္မဒါဂေါက်ကွင်းတည်ဆောက်ရန် တောင်သူ ၃၅ ဦးထံမှ လယ်ယာမြေဧက ၂၀၀ ခန့်သိမ်းဆည်းခဲ့သော်လည်း ဂေါက်ကွင်းတည်ဆောက်အပြီး ပိုလျှံနေသည့် မြေများ မူလပိုင်ရှင်တောင်သူများထံ ပြန်လည်ပေးအပ်ခြင်း၊ နစ်နာကြေး ပေးလျော်ခြင်း မရှိသဖြင့် ယင်းကိစ္စကို ပြန်လည်စိစစ်ပေးရန် တောင်သူများက စာဖြင့် တင်ပြတောင်းဆိုနေခြင်းဖြစ်သည်။

‘‘အဲဒီတုန်းက မ၀တရုံးက ကျွန်တော်တို့ တောင်သူတွေကို ခေါ်လိုက်တယ်။ ယာမြေတွေကို သိမ်းဆည်းလိုက်ပြီလို့ ပြောတယ်။လက်မှတ်ထိုးခိုင်းတယ်။ ကြောက် တော့ထိုးလိုက်ရတယ်။ ဘာနစ်နာ ကြေး၊ လျော်ကြေး တစ်ပြားတစ် ချပ်မှ မရခဲ့ပါဘူး’’ဟု ယာမြေဧက ၃၀ ကျော် သိမ်းဆည်းခံရသည့် တောင်သူ ဦးစောလှိုင်က ပြောကြားသည်။

ဂေါက်ကွင်း တည်ဆောက်ရာတွင် သိမ်းဆည်းထားသည့် ဧက ၂၀၀ ခန့်မှ ဧက ၆၀ ကျော်သာ အသုံးပြုခဲ့သော်လည်း အသုံးမပြုဘဲ ပိုလျှံနေသည့် လယ်ယာမြေများကို တောင်သူများထံ ပြန်လည်ပေး အပ်ခြင်းမရှိဘဲ သက်ဆိုင်ရာအာ ဏာပိုင်များက မြေကွက်များရိုက်၍ ရောင်းချခဲ့သည်ဟု တောင်သူများက ပြောသည်။

‘‘မပြောရဲတဲ့ခေတ်ကို ကျွန် တော်တို့ ဖြတ်သန်းခဲ့ရတယ်။ နောက်ပိုင်း ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း ဒီကိစ္စကို ဖြေရှင်းပေးဖို့ ဥပဒေကြောင်းအရ သုံး ကြိမ်တင်ပြခဲ့တယ်။ အခုကတော့ အမေစုစကားကို ယုံတယ်။ သူတို့ အစိုးရဖြစ်ရင် လယ်ယာမြေကိစ္စ တွေကို ဦးစားပေးဆောင်ရွက်မယ်ဆိုတဲ့ အမေ့စကားကို ယုံသလို အခု အစိုးရကိုလည်း ယုံတယ်။ အဲဒါကြောင့် ပြန်လည်စိစစ်ပေးဖို့ အသုံးမပြုမြေတွေကို မူလပိုင်ရှင် တောင်သူကို ပြန်ပေးပြီး ပုံစံ (၇) ရရှိဖို့အထိ ဆောင်ရွက်ပေးဖို့ တင်ပြနေတာပါ’’ ဟု တောင်သူ ကိုအောင်တင်သိန်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မင်းဘူးမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေးမှူး၊ မင်းဘူးမြို့နယ် လယ်ယာမြေပြန် လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီဝင်းက ပြန်လည်စိစစ်နေ ကြောင်း ပြောသည်။

‘‘နမ္မဒါ ဂေါက်ကွင်းကိစ္စကို ကျွန်တော်တို့ ဆောင်ရွက်နေပါ တယ်။ ဂေါက်ကွင်းက မန်းရေနံ မြေအပိုင်ဖြစ်နေတော့ သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးပေးဖို့အတွက် စီစဉ်နေ ပါတယ်။ အသုံးမပြုလယ်ယာမြေ တွေကိစ္စက ကျွန်တော်တို့ဆီကို တက်မလာသေးပါဘူး။ အရင် အစိုးရလက်ထက်က အစီရင်ခံစာတွေကိုလည်း ပြန်ပြီးစိစစ်နေပါ တယ်။ အားလုံးကို ပြန်လည်စိစစ် ပြီး ဥပဒေအရ တောင်သူတွေနစ် နာမှုမရှိအောင် ဆောင်ရွက်နေပါ တယ်’’ ဟု ဦးညီညီဝင်းက ပြော ကြားသည်။

Credit : 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service