ကျူးကျော်များ စာရင်းကောက်ခံရာတွင် စာရင်းမှန် ဖြစ်ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ရန်လို - Property News in Myanmar from iMyanmarHouse.com
1449 Views

ကျူးကျော်များ စာရင်းကောက်ခံရာတွင် စာရင်းမှန် ဖြစ်ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ရန်လို

အစိုးရအနေဖြင့် ကျူးကျော်စာရင်းများ ကောက်ခံရာတွင် အခွင့်အရေးသမားများစွာလည်း ပါဝင်လာနိုင်သောကြောင့် စာရင်းအမှန်ဖြစ်ရေးအတွက် သက်ဆိုင်ရာ ကိုယ်စားလှယ်များ အပါအဝင် ပြည်သူများကလည်း ပူးပေါင်းပါဝင်ရန် လို အပ်ကြောင်း လူမှုရေးနှင့် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးညီညီက ပြောသည်။

မြို့ပြဆင်းရဲသားများ(ကျူးကျော်) အရေးနှင့် ပတ်သတ်၍ ပညာရှင်များ၊ လွှတ်တော်အမတ်များ၊ အရပ်ဖက်လူ့အဖွဲ့ အ စည်းအများနှင့် မြို့ပြဆင်းရဲသားများအပါအဝင် လူထုဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာလ ၃ရက် ၊ နံနက် ၉ နာရီမှ ၁၂ နာရီထိ၊ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ဗဟိုလမ်း ၂ရပ်ကွက်ရှိ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ (မခမမ)တွင် ကျင်းပစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်ရဲ့မျက်မြင်ကိုယ်တွေ့ပြောရမယ်ဆိုရင် ဆိပ်ကမ်းဖက်ကိုသွားရင်းနဲ့ အဲ့မှာအမျိုးသမီးတစ်ယောက်က လက် ကောက် တတောင်ဆစ်လောက် ဝတ်လာပြီး ပြေးပြီးတော့ ဦးညီရယ် ကျွန်မကိုလည်း နေစရာမရှိလို့ ကျွန်မတို့ကိုလည်း နေစရာ မြေလေးတွေရရင် ဆယ်ပေလောက်ပေးပါတဲ့၊ ကျွန်တော်ကြည့်လိုက်တော့ လက်မောင်းမှာ လက်ကောက်က မရှိရင်အကွင်းနှစ်ဆယ်လောက် ရှိတယ်၊ ကျွန်တော်စုံစမ်းလိုက်တဲ့ အခါမှာ မိမိရဲ့နေအိမ်ကို ရောင်းပြီးတော့ အဲ့ဒီမှာ သုံး လေး ငါးသိန်းနဲ့ ဝယ်ထားတဲ့ ပုဂ္ဂိုလ်တွေကို သွားတွေ့လိုက်ရတယ်၊ ဒါတကယ်စိတ်မကောင်းစရာပါပဲ၊ ဒါမျိုးတွေ ရှိနေတဲ့ အတွက် လည်း တကယ်နေစရာမဲ့နေတဲ့ ပြည်သူတွေအနေနဲ့ တကယ်အခက်တွေ့စေနိုင်ပါတယ်၊" ဟု ဦးညီညီက ပြော သည်။

အဆိုပါ ကျူးကျော်များစာရင်းကောက်ခံမှုတွင် ပြည်သူများပါဝင်ခွင့်မရှိလျှင် စီမံကိန်း ကောင်းမွန်သော်လည်း လက်တွေ့မကျသည့် လုပ်ငန်းသာ ဖြစ်သွားနိုင်ကြောင်း Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

" မြေပြင်အခြေအနေကို မြေပြင်မှာရှိသော သူတွေက ပိုမိုနားလည်ပါတယ်၊ အစိုးရက အားကောင်းဖို့အတွက် တန်ဖိုး နည်း အိမ်ရာတွေလုပ်ပေးတယ်၊ တန်ဖိုးနည်းက သူတို့အတွက် တန်ဖိုးနည်းပေးမယ့် တကယ်ကျူးကျော်တွေအတွက် တန်ဖိုးမြင့်တာတွေဖြစ်နေတဲ့ အတွက် ဒါတွေကို ရနိုင်မှာမဟုတ်ပါဘူး၊ အဲ့တော့ ဘယ်လိုမျိုးနေရာဖြစ်သင့်လဲ ၊ ဘယ် လောက်ထိ တန်ဖိုးထားသင့်လဲ၊ ဘယ်လိုပုံစံလုပ်သင့်လဲဆိုတာကို ဒေသခံပြည်သူတွေက သိရှိခွင့်တွေမကဘဲနဲ့ ပါဝင် ဆုံးဖြတ်ခွင့်တွေ၊ အကြံဥာဏ်ပေးခွင့်တွေ၊ တင်ပြခွင့်တွေ ဒါတွေရှိဖို့ကလည်း အရေးကြီးပါတယ်၊ " ဟု၎င်းက ဆိုသည်။

ပထမဆုံးအကြိမ် ကျူးကျော်များစာရင်းကို လက်ဗွေမှတ်တမ်းယူခြင်း၊ ဓာတ်ပုံရိုက်ယူခြင်းများဖြင့် စက်တင်ဘာလ ၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းတွင် စာရင်းကောက်ခံသူ အယောက် ၃ဝ၊ ကွန်ပျူတာပညာရှင် ၁၈ ဦးနှင့် ဝန်းရံအင်အား ၃ဝ ဦး၊ စုစုပေါင်း ရ၈ ယောက် တို့ဖြင့် ကောက်ခံခဲ့ကြောင်း ယနေ့ကျင်းပသည့် လူထုဆွေးနွေး ပွဲမှ သိရသည်။

Credit : Mizzima

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service