ရန်ကုန် အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ် အနည်းငယ်ပြန်ဖြစ် - Property News in Myanmar from iMyanmarHouse.com
2945 Views

ရန်ကုန် အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ် အနည်းငယ်ပြန်ဖြစ်

အစိုးရသစ်လက်ထက် တွင် အရောင်းအ၀ယ်ရပ်တန့်လု နီးပါးဖြစ်ခဲ့သော ရန်ကုန်အိမ်ခြံမြေ ဈေးကွက်သည် သြဂုတ်လလယ်မှ စ၍ နေရာဒေသအလိုက် မူလခေါ် ဈေးထက် ထက်ဝက်ခန့်လျော့ နည်းသည့်ဈေးဖြင့် အရောင်းအ ၀ယ်အနည်းငယ် ပြန်ကောင်းလာ ကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောကြားသည်။

ရွှေဈေးမြင့်တက်ခြင်း၊ အစိုး ရက ဘတ်ဂျက်ငွေကြေးအချို့ကို စီမံကိန်းများအတွက် ချထားပေး ခြင်းစသည်တို့ကြောင့် ဈေးကွက် အတွင်း ငွေကြေးဝင်ရောက်လာ သဖြင့် အရောင်းအ၀ယ်အနည်း ငယ်ပြန်ဖြစ်လာခြင်းဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင် မန်နေဂျင်းဒါရိုက်တာဦးသန်းဦးက ပြောသည်။

‘‘အရောင်းအ၀ယ် ပြန်ဖြစ် လာပေမယ့် ဈေးကတော့ အရင် ခေါ်ဈေးမရဘူး။ တစ်ဝက်လောက် ကို လျှော့ရောင်းနေရတယ်’’ ဟု ဦးသန်းဦးက ပြောသည်။

ဇူလိုင်လလယ်မှစ၍ ရွှေဈေးမတည်မငြိမ်ဖြစ်ပြီး မြင့်တက်လာ သဖြင့် ရွှေစုဆောင်းထားသူများ ပြန်လည်ရောင်းချ၍ ရန်ကုန်မြို့စွန်ဒဂုံရှေ့၊ ဒဂုံဆိပ်ကမ်းစသည့်မြို့နယ်များရှိ ပါမစ်မြေကွက်များကို ထက်ဝက်ဈေးဖြင့် ၀ယ်ယူမှုများရှိလာကြောင်း သိရသည်။

အရောင်းအ၀ယ် ပြန်ဖြစ် လာသော ပေ ၄၀× ၆၀ ပတ်လည် မြေကွက်တစ်ကွက်၏ တန်ဖိုးမှာ ယခင်က ကျပ်သိန်း ၁၅၀ ခန့်ရှိ သော်လည်း ကျပ်သိန်း ၆၀ ခန့် သာ ဈေးရရှိကြောင်း ဦးသန်းဦးက ဆိုသည်။

ထို့အပြင် သြဂုတ်အတွင်း မြို့တွင်းမြို့နယ်အချို့တွင် ကျပ် သိန်းသောင်းချီသည့် အိမ်ခြံမြေ အချို့ အရောင်းအ၀ယ်ရှိလာသည် ဟု သိရသည်။ စက်မှုဇုန်မြေကွက် များမှာလည်း ထက်ဝက်ခန့်ဈေး ဖြင့် အရောင်းအ၀ယ်များ ပြန်ဖြစ်လာသည်။ လှိုင်သာယာ စက်မှု ဇုန်တွင် တစ်ဧကလျှင် ကျပ်သိန်း ၆,၀၀၀ ကျော်မြေကွက် တစ်ကွက်သည် လက်ရှိ၌ ကျပ်သန်း ၄,၀၀၀ ခန့်ဖြင့်သာ အရောင်းအ၀ယ်ဖြစ်ကြောင်း ဦးသန်းဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်အနည်းငယ် ပြန်ဖြစ်လာသကဲ့သို့ အငှားဈေးကွက် အခြေအ နေလည်း ကောင်းနေကြောင်း စိုင်းခွန် နောင် အိမ်ခြံမြေအကျိုးဆောင်မှ ဦးစိုင်းခွန်နောင်က ပြောသည်။ နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားသားများမှာမူ လုံးချင်းနှင့် ကွန်ဒိုအခန်းများငှားရမ်းမှုများ မြင့်တက်လာ ကြောင်း ၎င်းကဆိုသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service