တူရကီတွင် အာရှတိုက်နှင့် ဥရောပတိုက်ကို ဆက်သွယ်ပေးသည့် ကမ္ဘာ့အကြီးမားဆုံးကြိုးတံတားဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
1588 Views

တူရကီတွင် အာရှတိုက်နှင့် ဥရောပတိုက်ကို ဆက်သွယ်ပေးသည့် ကမ္ဘာ့အကြီးမားဆုံးကြိုးတံတားဖွင့်လှစ်

တူရကီနိုင်ငံ၊ ဘော့စ်ဖောရပ်စ် ရေလက်ကြားတွင် အာရှတိုက်နှင့် ဥရောပတိုက်ကို ဆက်သွယ်ပေးသည့် ကမ္ဘာ့အကြီးမားဆုံး ကြိုးတံတားဖွင့်လှစ်လိုက်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တူရကီသမ္မတ ယီဆစ်တာရစ် အာဒိုဂန်သည် အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန်အတွက် ကန်ဒေါ်လာ ၂၀၀ ဘီလီယံသုံးစွဲသွားရန် လွန်ခဲ့သော ၃ နှစ်ကပင် စီမံကိန်းချမှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါကြိုးတံတားကို အော်တိုမင်အင်ပါယာ၏ ဧကရာဇ်တစ်ဦးဖြစ်သူ ယာဗက်ဇ် ဆူလ်တန် ဆီလင်း၏ အမည်ကို ပေးထားသည်။
နယူးယောက်မှဘရွတ်ကလင်းတံတားဟန် ဆောက်လုပ်ထားပြီး အီဖဲလ်မျှော်စင်ထက်ပိုမိုမြင့်မားသော တာဝါတိုင်များဖြင့် ဆောက်လုပ်ထားသည်။

တံတားအရှည်မှာ ၁ ဒသမ ၄ ကီလိုမီတာ (၀ ဒသမ ၉ မိုင်) ရှည်လျားပြီး တံတားအကျယ်မှာ ၅၉ မီတာ ကျယ်ဝန်းပြီး မော်တော်ကားများအတွက် ၈ လမ်းသွားဖြစ်ပြီး အမြန်ရထားလမ်း ၂ ခုလည်း ပါဝင်သည်။

အဆိုပါတံတားဆောက်လုပ်မှုအတွက် ကန်ဒေါ်လာ ၃ ဘီလီယံကုန်ကျခဲ့သည်ဟု ဆိုသည်။
ယင်းတံတားကို ဆောက်လုပ်၊ စီမံ၊ လွှဲပြောင်း (BOT) စနစ်ဖြင့် အီတလီကုမ္ပဏီ အက်စ်တာဒီနှင့် တူရကီအခြေစိုက် အိုင်စီအစ်က်တက်စ်တို့ ပူးတွဲဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကြာ ပူးတွဲစီမံခွင့်ရရှိမည် ဖြစ်သည်။

အစ္စတန်ဘူမြို့ပြင်တွင် တည်ရှိခြင်းကြောင့် လူဦးရေ ၁၄ သန်းရှိသော မြို့နေလူထုအတွက် လောင်စာဆီစရိတ်နှင့် အလုပ်သွားချိန်တို့ လျှော့ချပေးနိုင်မည် ဖြစ်သည်။
အဆိုပါတံတားပေါ်တွင် ဖြတ်ကူးမည့် ကားတစ်စီးလျှင် ၃ ဒေါ်လာနှင့် ထရပ်ကားတစ်စင်းလျှင် ၁၅ ဒေါ်လာ တံတားကြေးကောက်ခံမည်ဖြစ်ပြီး ယင်းတံတားမှ တစ်နေ့လျှင် ကားစင်းရေ ၁၃၅၀၀၀ ခန့် ဖြတ်သန်းဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တူရကီတွင် အာရှတိုက်နှင့် ဥရောပတိုက်ကို ဆက်သွယ်ပေးသည့် ကမ္ဘာ့အကြီးမားဆုံးကြိုးတံတားဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
တူရကီတွင် အာရှတိုက်နှင့် ဥရောပတိုက်ကို ဆက်သွယ်ပေးသည့် ကမ္ဘာ့အကြီးမားဆုံးကြိုးတံတားဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
တူရကီတွင် အာရှတိုက်နှင့် ဥရောပတိုက်ကို ဆက်သွယ်ပေးသည့် ကမ္ဘာ့အကြီးမားဆုံးကြိုးတံတားဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
တူရကီတွင် အာရှတိုက်နှင့် ဥရောပတိုက်ကို ဆက်သွယ်ပေးသည့် ကမ္ဘာ့အကြီးမားဆုံးကြိုးတံတားဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
တူရကီတွင် အာရှတိုက်နှင့် ဥရောပတိုက်ကို ဆက်သွယ်ပေးသည့် ကမ္ဘာ့အကြီးမားဆုံးကြိုးတံတားဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
တူရကီတွင် အာရှတိုက်နှင့် ဥရောပတိုက်ကို ဆက်သွယ်ပေးသည့် ကမ္ဘာ့အကြီးမားဆုံးကြိုးတံတားဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service