ရန်ကုန်-ဒလ မြစ်ကူးတံတားဆောက်မည့် ကုမ္ပဏီကို ရွေးချယ်မည့်အကြံပေးကုမ္ပဏီ တစ်လအတွင်း ရွေးချယ်မည် - Property News in Myanmar from iMyanmarHouse.com
2379 Views

ရန်ကုန်-ဒလ မြစ်ကူးတံတားဆောက်မည့် ကုမ္ပဏီကို ရွေးချယ်မည့်အကြံပေးကုမ္ပဏီ တစ်လအတွင်း ရွေးချယ်မည်

ရန်ကုန်မြို့ ဘုန်းကြီးလမ်းနှင့် ဒလ မြို့ ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေး အတွက် ဆောက်လုပ်မည့် ကုမ္ပဏီကို ရွေးချယ်မည့် အကြံပေးကုမ္ပဏီတစ်လအတွင်း ရွေးချယ်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

၂၀၁၇ ခုနှစ်တွင် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းကို အကောင်အထည်ဖော်မည်ဖြစ်ပြီး ငါးနှစ်အတွင်း အပြီးဆောက် မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"အကြံပေးကုမ္ပဏီကို ရွေးပြီးတာနဲ့ တည်ဆောက်မယ့် ကိုရီးယားကုမ္ပဏီတွေကို တင်ဒါခေါ်မယ်။ ၂၀၁၇ မှာ တည်ဆောက်ဖို့ တင်ဒါ ခေါ်ယူတဲ့အခါ သေချာစိစစ်ပြီး ဆောင်ရွက်သွားမှာပါ"ဟု ၎င်းက ဆိုသည်။

လေးလမ်းသွား သံမဏိကြိုးဆိုင်း အမျိုးအစား တံတားကို တည်ဆောက်မည်ဖြစ်ပြီး တံတားအရှည်မှာ ၆၁၄၄ ပေ ရှည်လျားမည်ဖြစ်ကြောင်း၊ တံတားတည်ဆောက်ရေး ဒီဇိုင်းများကို ကိုရီယားနိုင်ငံမှ ပညာရှင်များက ရေးဆွဲ တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနထံမှ သိရှိရသည်။

တောင်ကိုရီးယားနိုင်ငံ အစိုးရချေးငွေဖြင့် တည်ဆောက်မည့် အဆိုပါ တံတားစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းကို ကိုရီယားနိုင်ငံမှ ချေးမည်ဖြစ်ကာ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၂၄ သန်းကို မြန်မာအစိုးရက စိုက်ထုတ် တည်ဆောက်မည်ဖြစ်သည်။

"ရန်ကုန်-ဒလ ဆက်သွယ်တဲ့ တံတားဆောက်ဖို့ ၂၀၁၃ထဲက သတင်းထွက်ပေါ်တော့ ဒလမြေဈေးတွေ တက်သွားတယ်။အခုက ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်မယ်ဆိုရင် လှေ၊ သမ္ဗန်စီးပြီး သွားလာစရာ မလိုတော့ဘူး။ လမ်းပန်း ဆက်သွယ်ရေးလည်း ဖြောင့်ဖြူးသွားတဲ့ အတွက် ဒေသခံ ပြည်သူတွေအတွက်လည်း အဆင်ပြေမှာပါ"ဟု ဒလမြို့နယ်နေ ကိုမိုးဝေက ဆိုသည်။

Credit : The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service