အထူးစီးပွားရေးဇုန်ဆိုင်ရာ အဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်မှာ ဖြစ်လို့ စက်မှုဇုန်ဈေးကွက် လည်ပတ်မှု ကောင်းလာနိုင် - Property News in Myanmar from iMyanmarHouse.com
1158 Views

အထူးစီးပွားရေးဇုန်ဆိုင်ရာ အဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်မှာ ဖြစ်လို့ စက်မှုဇုန်ဈေးကွက် လည်ပတ်မှု ကောင်းလာနိုင်

စက်မှုဇုန်တွေမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ အဆင်ပြေအောင် အထူးစီးပွားရေးဇုန်ဆိုင်ရာ အဖွဲ့တွေ ဖွဲ့စည်းလုပ်ဆောင်နေတာကြောင့် အရောင်းအဝယ်အေးနေတဲ့ စက်မှုဇုန်ဈေးကွက်လည်ပတ်မှုကောင်းလာနိုင်မယ်လို့ သိရပါတယ်။

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့နဲ့ လုပ်ငန်းသစ်တွေ လုပ်ဆောင်နိုင်ဖို့ စက်မှုဇုန်တွေမှာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နဲ့ ဗဟိုလုပ်ငန်းအဖွဲ့တွေ ဖွဲ့ပြီး ဆောင်ရွက်ပေးသွားဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးတင်ကျော်က ‘အထူးစီးပွားရေးဇုန်တွေအတွက် လုပ်ဆောင်ပေးမယ်ဆိုရင် ရင်းနှီးမြှုပ်နှံဖို့ ဝင်လာမယ့် ပြည်တွင်းပြည်ပ လုပ်ငန်းလုပ်သူတွေအတွက် အဆင်ပြေသွားမယ်၊ ဈေးကွက်လဲ ပုံမှန်ပြန်ပြီးး လည်ပတ်နိုင်တော့မယ်၊ ချမှတ်ထားတဲ့ ဥပဒေတွေအတိုင်း လုပ်ဆောင်မယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ’ လို့ ပြောပါတယ်။

သြဂုတ်လ ၁၅ရက်နေ့က သတ်မှတ်လိုက်တဲ့ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နဲ့ ဗဟိုလုပ်ငန်းအဖွဲ့က ဗဟိုလုပ်ငန်းအဖွဲ့တွေနဲ့ စီမံခန့်ခွဲမှု ကော်မတီတွေ ဖွဲ့စည်းပြီး စီမံကိန်းတွေ ချမှတ်တာ၊ စီးပွားရေးဇုန်အလိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားတွေ သတ်မှတ်တာတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေမှာ လုပ်ငန်းလုပ်ကိုင်ဆောင်ရွကခွင့်ပြုတာတွေနဲ့ မြေအသုံးပြုခတွေကို ကင်းလွတ်ခွင့် သက်သာခွင့်တွေ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

စီးပွားရေးပညာရှင် ဦးစောမောင်က ‘စီးပွားရေးဇုန်တွေ အသစ်ရော၊ အဟောင်းရော အကုန်လုံးကို ပြန်သုံးသပ်မှ ရလိမ့်မယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ဆို ရှိနေတဲ့ ဇုန်တွေ ဖွံ့ဖြိုးအောင်၊ မြေဈေးတွေကို ဈေးကစားတာတွေ မဖြစ်အောင်ရော မြေယာပြဿနာတွေကိုပါ ဖြေရှင်းထားသင့်တယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် ပြန်ရနိုင်မယ့် ခံစားခွင့်တွေ ရပိုင်ခွင့်တွေကို သိမှပဲ လာရဲကြမှာ၊ ဒါတွေကို လုပ်ဆောင်ပေးဖို့ လိုအပ်တယ်၊ လုပ်ပေးသင့်တယ်’ လို့ ပြောပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအတွက် စက်မှုဇုန်ကြီးတွေအနေနဲ့ သီလဝါ၊ ထားဝယ်၊ ကျောက်ဖြူတို့ ရှိပြီး မင်္ဂလာဒုံ စက်မှုဇုန်ကိုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေအတွက် ပြည်ပလုပ်ငန်းရှင်တွေ အဖွဲ့အစည်းတွေကို ဆွေးနွေးကြတဲ့အခါမှာ အထူးစီးပွားရေးဇုန်တွေမှာ ရင်းနှီးမြှုပ်နှံနိုင်တဲ့ လုပ်ငန်းတွေနဲ့ အမျိုးအစားတွေကို ပြောပြကြသလို သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ် စတဲ့ အထူးစီးပွားရေးဇုန်တွေမှာ လည်ပတ်နေတဲ့ လုပ်ငန်းအမျိုးအစားတွေနဲ့ ရင်းနှီးမြှုပ်နှံလို့ရမယ့် လုပ်ငန်းတွေ၊ လည်ပတ်နေတဲ့ ပုံစံတွေကိုလည်း အသိပေးပြောကြားပေးတယ်လို့ သိရပါတယ်။

Credit: Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service