အိမ် ခြံ မြေ အခွန်နှုန်းထားပြန် လည်လျှော့ချပေးဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
2721 Views

အိမ် ခြံ မြေ အခွန်နှုန်းထားပြန် လည်လျှော့ချပေးဖွယ်ရှိ

အိမ် ခြံ မြေ အခွန်သစ်များမှာ အခွန်နှုန်းထားသတ်မှတ်ရာတွင် ကြီးမြင့်နေခဲပြီး အများစုမှာ ပြန်လည်လျှော့ချပေးရန် တောင်းဆိုနေကြရာ အစိုးရအနေဖြင့်လည်း ပြန်လည်လျှော့ချပေးနိုင်ဖွယ်
ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်ကြီးများထံမှ စုံစမ်းသိရသည်။

""အသေအချာတော့ မပြောနိုင်သေးပေမယ့် သတင်းတွေကြားထားတာတော့ရှိတယ်။ဒီ အခွန်နဲ့ ပတ်သက်လို့ပြန်လည်လျှော့ချပေးမယ်လို့ပေါတာပေါ့။
တကယ်ဖြစ်လာခဲရင်တော့အိမ် ခြံ မြေ ဈေးကွက်ကအရင်ကလိုပဲ ပြန်ကောင်းလာမှာပေါ့။""ဟုရန်ကုန်တိုင်းအိအ်ခြံမြေ
အကျိုးဆောင်အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပြသည်။

လက်ရှိသတ်မှတ်ထားသော အခွန်နှုန်းထားသစ်သည် ရင်းနှီးမြုပ်နှံမှုကြီးမားသည့်သူများထံတွင် မသိသာလှသော်လည်း အိမ် ခြံ မြေ လက်သေးသမားများအတွက်မူ ထိခိုက်မှုပိုမိုရှိနေခဲသည်။

အခွန်နှုန်းထားအသစ်၏ သတ်မှတ်ချက်မှာ တစ်ကျပ်မှ သိန်းသုံးရာ အထိလျှင် အခွန်ငွေ ၁၅ ရာခိုင်နှုန်း၊သိန်း ၃၀၀ မှ သိန်း တစ်ထောင်အထိလျှင် ၂၀ ရာခိုင်နှုန်း နှင့် သိန်းတစ်ထောင်အထက်လျှင် ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားသည်။ယင်းကဲ့သို့အခွန်ငွေတိုးမြင့်လာမှုကြောင့် ဈေးကွက်ပါးနေမှုကို ဆွဲချသည့်အခြေအနေအလားအလာကို ဖြစ်စေခဲ့ကြောင်းအကျိုးဆောင်များက သုံသပ်ပြောဆိုကြသည်။

""ပြည်သူကိုဝန်ထုပ်ဝန်ပိုးကြီးစေတယ်။အိမ်ခြံမြေနဲ့ပတ်သက်သူတွေအခွန်ဆောင်ချင်စိတ်လျော့ပါးစေတယ်။အရောင်းအဝယ်အေးစေတာနဲ့အမျှ အိမ် ခြံ မြေ နဲ့စပ်ဆိုင်တဲ့ ဆောက်လုပ်ရေး တွေ Developer တွေပါ အများကြီးထိခိုက်တယ်""ဟု အထက်ပါ ပုဂ္ဂိုလ်မှ ထောက်ပြသည်။

ယခင်ထက်ငါးဆနီးပါး မြင့်မားလာသော နှုန်းထားအ
သစ်ကြောင့် အိမ် ခြံ မြေ ဝယ်ယူသူများသည် အများအားဖြင့်အခွန်ရှောင်လာနိုင်ဖွယ်ရှိနေသည်။""အိမ် ခြံ မြေ ကတော့အရောင်းအဝယ် ဖြစ်နေမှာဘဲ။ခုကတော့ သာမန်အခြေခံလူတန်းစား မရှိတဲ့ လူတန်းစားတွေကိုဖိနှိပ်သလိုဖြစ်နေတယ်။ဒီတော့ ငွေကြေးခဝါချမှုကိုတားဆီးထိန်းချုပ်ဖို့တကယ်လုပ်တာလား၊နှိပ်စက်ဖို့လုပ်တာလား သရုပ်ခွဲရတော့မယ်။ဒီလို အခွန် မြင့်မားမှုရဲ့နောက်မှာ အခွန်ရှောင်မှုတွေရှိလာတော့မယ်။အဲဒီအတွက် အရှုပ်အရှင်းတွေရှိလာတော့မယ်။နိုင်ငံတော်ကလည်းအခွန်မရတော့ဘူး။ဒီတော့ ဒါတွေကို ပြန်လည် သုံးသပ်ပေးဖို့လိုနေပြီ။အားလုံးကလည်း ပြန်လည်ပြင်ဆင်ပေးဖို့မျှော်နေကြပါတယ်။""ဟု မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသန်းဦးမှ ပြောပြခဲ့သည်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service