ပုံစံအသစ်နဲ့ ငွေလည်ပတ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းများ - Property News in Myanmar from iMyanmarHouse.com
2274 Views

ပုံစံအသစ်နဲ့ ငွေလည်ပတ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းများ

ငွေပေါ်အောင်ဘဏ်မှာ အပေါင်ထားလို့မရတဲ့ကန်ထရိုက်တိုက်ခန်းတွေကို အရစ်ကျနဲ့ရောင်းတာ၊ စပေါ်ပေး အငှားတွေတင်ပြီး ငွေလှည့်ရတာတွေ ရှိနေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ဆီက သိရပါတယ်။

“ကန်ထရိုက်တိုက်တွေရဲ့ အားနည်းချက်က ဘဏ်မှာ အပေါင်မရကြတော့ တကယ်ငွေလိုအပ်ရင် ထုတ်ရတာခက်တယ်၊ အရောင်းဘက်မှာကျတော့လဲ လက်ငင်းကမဝယ်တော့ အရစ်ကျကို အားထားနေရတယ်”လို့ အံ့ထူးဆောက်လုပ်ရေးက တာဝန်ခံ ကိုမင်းမင်းက ပြောပါတယ်။

အခုနောက်ပိုင်း ပြင်ပကလက်ခံဆောင်ရွက်တဲ့ တိုက်ခန်းအပေါင်ဈေးကွက်ကလည်း လက်ရှိပေါက်ဈေးရဲ့ ၁၀ ရာခိုင်နှုန်း လောက်ပဲ ငွေထုတ်ချေးကြတာများလို့ အရောင်းအဝယ် ပုံစံစာချုပ်ချုပ်ပေးရတဲ့ အပေါင်ကို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်က ရှောင်လာကြပါတယ်။ ဒါ ကြောင့် ငွေပေါ်ဖို့များတဲ့ စရန်ငွေပေး အရစ်ကျအရောင်းတွေနဲ့ စပေါ်ငွေများများနဲ့ ငှားရမ်းသူတွေကို လက်ခံလာကြတာ ဖြစ်ပါတယ်။

အရစ်ကျတိုက်ခန်း အငှားဈေးကွက်ကတော့ ပထမအရစ်ကို ၃၀ ရာခိုင်နှုန်းက နေ ၅၀ ရာခိုင်နှုန်းလောက်အထိ ယူပြီး တစ်လ ကျပ်ငါးသိန်းပေးနဲ့ အရောင်းတွေ ဖြစ်ကြပါတယ်။ အများစုကတော့ကျပ်သိန်း၂၀ဝ ဝန်းကျင်တိုက်ခန်းတွေရဲ့ အရောင်းဈေးကွက်ပဲ ဖြစ်ပါတယ်။ စပေါ်ပေး အငှားဈေးကွက်ကတော့ အိမ်လခမဲ့အငှား ကိုစပေါ်ကျပ်သိန်း ၁၀ဝ လောက်အထိပေးရတာတွေ ရှိပါတယ်။ စပေါ်ကျပ်သိန်း ၅၀ အောက် အငှားတွေကတော့ လခသောင်းဂဏန်းဝန်းကျင်ပေးချေရတာ ဖြစ်ပါတယ်။

“အရစ်ကျအရောင်းနဲ့ စပေါ်အငှားတွေကျတော့ ငွေပေါ်တယ်၊ ကိုယ့်ဘက်က အဆင်ပြေရင် ပြန်အမ်းနိုင်တယ်၊ အတိုးလဲမပေးရဘူး၊ ကိုယ့်ဘက်က ငွေလှည့်လို့ လွယ်သွားတယ်”လို့ ယူကေဆောက်လုပ်ရေးက မန်နေဂျာ ကိုထက်က ပြောပါတယ်။

သည်လို အရောင်းနဲ့အငှားအများစုကတော့ နောက်ထပ်ကန်ထရိုက်တိုက်တွေ ဆောက်လက်စနဲ့ ငွေမလည်နိုင်တော့တဲ့ လုပ်ငန်းတွေရဲ့ အရောင်းအဝယ်ဈေးကွက်ပဲ ဖြစ်ပါတယ်။


Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service