စရိတ်စောင့်နေကြရလို့ အစိုးရတင်ဒါလုပ်ငန်းတွေ ငွေကြေးခက်ခဲ - Property News in Myanmar from iMyanmarHouse.com
831 Views

စရိတ်စောင့်နေကြရလို့ အစိုးရတင်ဒါလုပ်ငန်းတွေ ငွေကြေးခက်ခဲ

အစိုးရရဲ့တင်ဒါလုပ်ငန်းတွေကို တိုက်ရိုက်ချိတ်ဆက်လုပ်ကိုင်တဲ့လုပ်ငန်းတွေအနေနဲ့ အပိုင်းလိုက်ငွေပေးချေတာနဲ့ တည်ဆောက်စရိတ်စောင့်ဆိုင်းရတဲ့အခက်အခဲတွေကြောင့် တခြားလုပ်ငန်းတွေမှာ ငွေကြေးလည်ပတ်ဖို့ခက်ခဲနေကြတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ဆီက သိရပါတယ်။

‘အဓိကပြဿနာတွေကလုပ်ငန်းအဆင့်ဆင့်တင်ရတယ်၊ ကိုယ့်ဘက်က အားလုံးပြီးစီးနေရင်တောင် ဌာနဆိုင်ရာက QC ကလာမစစ်သေးရင် ကျန်တဲ့ငွေကိုထုတ်မပေးဘူး၊ ဆောက်လုပ်တဲ့စီမံကိန်းတွေကိုလဲ မကြိုက်ရင်အစက ပြန်ဆောက်ပေးရတာတွေရှိတယ်လို့ UK ဆောက်လုပ်ရေးက မန်နေဂျာကိုထက်ဝေက ရှင်းပြပါတယ်။

အစိုးရက ဆောက်လုပ်ခိုင်းတဲ့ စီမံကိန်းတွေရဲ့ငွေပေးချေမှုတွေကတော့ ပထမအရစ်ငွေကို ဖောင်ဒေးရှင်းပြီးစီးမှသာ စတင်ထုတ်ပေးတာဖြစ်ပြီးဌာနကသတ်မှတ်ထားတဲ့ အထပ်အလိုက်ပြီးစီးမှသာ ငွေပေးချေတာဖြစ်ပါတယ်။ တချို့စီမံကိန်းတွေမှာ တည်ဆောက်ပြီးစီးချိန်မှာငွေအကျေရဖို့ ခြောက်လလောက်စောင့်ဆိုင်းရတာတွေရှိပါတယ်။ အစိုးရနဲ့တင်ဒါ စတင်ခေါ်ယူချိန်ကစပြီး အဆင့်ဆင့်လုပ်ငန်းတင်ပြရတာတွေရှိသလို ဒီဇိုင်းပရိုပိုဆယ်နဲ့ ဆောက်လုပ်ခွင့်ရရှိဖို့ နှစ်ဝက်လောက်စောင့်ဆိုင်းရတာတွေလည်း ရှိပါတယ်။

ဒါကြောင့်ဝန်ကြီးဌာနတင်ဒါယူထားသူတွေအနေနဲ့ ငွေကြေးကို အနည်းဆုံးတစ်နှစ်ကျော် ရင်းနှီးမြှုပ်နှံရပြီးတခြားလုပ်ငန်းဘက်တွေလှည့်ဖို့ခက်ခဲတာတွေရှိပါတယ်။ တချို့အလုပ်သမားပုတ်ပြတ်နဲ့ စေခိုင်းကြတဲ့လုပ်ငန်းတွေမှာ ဆိုရင် အားလုံး တည်ဆောက်ပြီးမှ ပြန်ဖြိုဆောက်ရတာနဲ့ ပြုပြင်ပေးရတာတွေကြောင့်တွက်ခြေမကိုက်တာတွေရှိတယ်လို့သိရပါတယ်။

‘ဝန်ကြီးဌာနစီမံကိန်းတွေကျတော့အဆင့်ဆင့်လာစစ်ကြတာများတော့မကြိုက်ရင်လဲအကုန်ပြီးမှသိရတော့တစ်ခါတလေ အချိန်ကြန့်ကြာရတယ်လို့ ကိုထက်ဝေကပဲ ပြောပါတယ်။


Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service