အကျိုးပြုမှုအားနည်းနေဆဲ တန်ဖိုးနည်းအိမ်ရာများ - Property News in Myanmar from iMyanmarHouse.com
1652 Views

အကျိုးပြုမှုအားနည်းနေဆဲ တန်ဖိုးနည်းအိမ်ရာများ

Lands and population များ အချိုးကျမှုမရှိတော့သော အခါ အထပ်မြင့်စီမံကိန်းများ ပေါ်ပေါ်ကလာရသည်။ကမ္ဘာ့နိုင်ငံအသီးသီး၌ တစ်မိနစ်လျှင် လူ ငါးဦး မွေးဖွားလျက်ရှိကာ ပျမ်းမျှ တစ်မိနစ်လျှင် လူသုံးဦးသေဆုံးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် လူဦးရေထူထပ်များပြားမှုသည် ရန်ကုန်တိုင်း တစ်ခုထဲတွင် ခြောက်သန်းဝန်းကျင်ရှိသည်။ယင်းကဲ့သို့ များပြားလာသော လူဦးရေအတွက် နေထိုင်ရန် မြေနေရာလိုအပ်သည်။ယင်းကြောင့်ပင် ရန်ကုန်တွင် အထပ်မြင့်အဆောက်အဦးများပေါ်လာသည်။ယခု ယင်းအထပ်မြင့်အဆောက်အဦးများဖြင့်ပင် မလုံလောက်သေး။ထပ်မံလိုအပ်လာသည်။ထို့ကြောင့် အစိုးရအနေဖြင့် မြေနေရာသစ်များဖော်ထုတ်ပေးရသည်။လူဦးရေများပြားလာမှု ၊ မြေနေရာ နည်းပါးလာမှု၊မြေလိုအပ်မှုကြီးမြင့်ခြင်း၊ ရင်းနှီးမြုပ်နှံသူများ၏ အသုံးချခံရခြင်း အစရှိသည်တို့ကြောင့် မြေဈေးမြင့်တက်မှုသည် အဆမတန်ကြီးမြင့်လာပြီဖြစ်သည်။

အဘတို့ဆို အရင်တုန်းက ဝန်ထမ်းတွေပေါ့။အဲဒီ ဝန်ထမ်းဘဝတုန်းကတော့ အစိုးရက ချပေးတဲနေရာမှာနေတယ်။သားသမီးကလည်းများတော့ မစုနိုင်ဘူး။ခု ဝန်ထမ်းဘဝကနေနားတော့ အိမ် ငှားနေရတာဘဲ။လက်ရှိဈေးတွေနဲ့ တော့ ဝယ်နိုင်ဖို့ခဏထား ငှားတာတောင်မနည်းရုန်းနေရတာ""ဟု ကျူးကျော်ရပ်ကွက်တစ်ခုတွင် ငှားရမ်းနေထိုင်သူ ဦးအောင်ချိန်မှ ပြောပြသည်။

ယခင် အစိုးရလက်ထက် တဲပေါ်မှ တိုက်ပေါ်သို့စီမံကိန်းတွင် ပြည်သူအများစုသည် မြို့သစ်များသို့ ရွှေ့ပြောင်းခဲကြရသည်။ထို့နောက် မြေဈေးသည် အလျင်အမြန် ကြီးထွားလာခဲသည်။ယနေ့ကာလတွင် ပုံမှန် ဝင်ငွေ တစ်ရက်တစ်သောင်းခန့်ရရှိသူပင်လျှင် အိမ်ခြံမြေ ပိုင်ဆိုင်နိုင်ရန် အခွင့်အလမ်းရှားပါးလွန်းလှသည်။ယင်း အခြေအနေတွင် ယခင် အစိုးရလက်ထက်၌ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများအား စတင်ဖော်ဆောင်ပေးခဲသည်။ယင်း စီမံကိန်းများသည် အမှန်တကယ်နေထိုင်ရန် နေစရာလိုအပ်သော ပြည်သူများအားရည်ညွှန်းခဲ့သည်။

သို့သော် အခြေခံလူတန်းစားအားရည်ညွှန်းခဲ့သော်လည်း တန်ဖိုးနည်းအိမ်ရာများ၏ ဈေးနှုန်းမှာ သိန်း နှစ်ရာမှ သုံးရာကြားဖြင့်စတင်ခဲ့သဖြင့် အမှန်တကယ် လိုအပ်သူများနှင့် ဝေးကွာကာ ရင်းနှီးမြုပ်နှံသူ လက်ထဲသို့သာ ရောက်ရှိသွားကြသည်။ထိုအခါ တန်ဖိုးနည်း အိမ်ရာသည် လိုအပ်သူထံသို့ဆောင်ကျဉ်းပေးနိုင်မှုအားလျော့ပါးသွားခဲ့သည်။ယင်းအခါပြည်သူ၏ နေရေးမှာ ယခင်အတိုင်းသာ ပြန်လည်ကျပ်တည်းနေမြဲဖြစ်လေသည်။

ကျွန်တော်တို့အနေနဲ့ ကျူးကျော်တွေနေရာမှာ တန်ဖိုးနည်းအိမ်ရာတွေဖြစ်လာအောင် လုပ်ပေးနေတာပေါ့။အဲဒါတွေကလည်း တန်ဖိုးနည်းအိမ်ရာတွေပေါ်လာရင် တစ်လသုံးသောင်းလောက်ဆို ဘယ်သူမဆိုနေနိုင်သွားမှာဘဲလေ။ဈေးတွေ အဲဒီလိုဖြစ်သွားတဲ့အခါကြရင် တစ်ခြား အိမ် ခြံ မြေ ဈေးတွေကလည်း ဆက်ပြီးမာတော့မှာ မဟုတ်ဘူး။ဈေးငြိမ်သွားမှာပါပဲ။ဒီအခါ အိမ် ခြံ မြေ ဈေးကိုလည်း ထိန်းပြီးသားဖြစ်မယ်။လူနေထိုင်မှုအတွက်လည်း အဆသ်ပြေအောက် ရည်ရွယ်တည်ဆောက်တာပေါ့။""ဟု ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီမှစီမံခန့်ခွဲမှုအရာရှိတစ်ဦးမှ ပြောပြသည်။

၂၀၁၆ နှစ် အစပိုင်းတွင်လည် အိမ် ခြံ မြေ အမှန်တကယ် လိုအပ်သူများအတွက် တစ်လသွင်း အရစ်ကျ စနစ်ဖြင့် မဲနှိုက်ရောင်းချပေးခဲ့မှုများရှိခဲ့သည်။သို့သော် လိုအပ်ချက်ကိုမူ အပြည့်အဝ အမှန်အကန် ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်းမရှိခဲပေ...။ယနေ့အချိန်အထိ ကျူးကျော်များအား မြေနေရာသတ်မှတ်ပေး၍ ပြန်လည် နေရာချထားပေးမှုများလုပ်ဆောင်မည်ဟုပြောထားသော်လည်း အမှန်တကယ်တွင် ရုပ်လုံးမပေါ်သေးသည်ကိုတွေ့ရသည်။

ဝါရင့် အိမ် ခြံ မြေ အကျိုးဆောင် တစ်ဦးနှင့်တွေ့သေညအလာ မေးကြည့်ခဲ့ဖူးသည်။""တန်ဖိုးနည်းအိမ်ရာက ဈေးကွက်ကို ဘယ်လိုမှ မရိုက်ခတ်ဘူး။ဘာလို့လဲဆိုတော့ ဒီဘက်ဈေးကွက်က သိန်း ၃၀၀ လောက်ကအလုပ်လုပ်တာအနည်းဆုံး။အဲဒါထက်များတာဘဲရှိတယ်။အေး ဖြစ်နိုင်ဖွယ်ပြောရရင်တော့ နောင်တစ်ချိန်မှာ တန်ဖိုးနည်းအိမ်ရာတွေဈေးတက်လာရင်တော့ ဈေးကွက်ကို လာ အထောက်အကူပြုမယ်။ဒါတွေက လူတန်းစားတစ်ရပ်အတွက်ဘဲရည်ရွယ်တော့ ဒီဘက်မှာ ဖွံ့ဖြိုးပြီးဖြစ်တဲ့ ဈေးကွက်ကို ဘာမှ သိပ်အကျိုးမသက်ရောက်နိုင်ဘူး.""ဟု ၎င်းပုဂ္ဂိုလ်မှ သုံးသပ်ပြောပြခဲ့သည်။

မကြာခင် လပိုင်အတွင်း၌ ယုဇနရှိ ၉၂ ၊ ၉၇ ရှိ တန်ဖိုးနည်းအိမ်ရာများကိုစတင်ဖွင့်လှစ်ပေးနိုင်ရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောထားသည်။ယင်းကဲ့သို့ပေါ်ထွန်း ဖွင့်လှစ်လာမည့် အိမ်ရာများသည် အမှန်တကယ် လိုအပ်နေသူများလက်ဝယ်သို့သာ.ရောက်ရှိစေရန် စီစဉ်သင့်ကြောင် တင်ပြလိုက်ရပါသည်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service