အိမ်ခြံမြေ ရာသီဥတုကောင်းဖို့ ဈေးကွက် အားကောင်းမယ့် အနေအထား စောင့်ရဦးမည် - Property News in Myanmar from iMyanmarHouse.com
1194 Views

အိမ်ခြံမြေ ရာသီဥတုကောင်းဖို့ ဈေးကွက် အားကောင်းမယ့် အနေအထား စောင့်ရဦးမည်

အိမ်ခြံမြေဈေးကွက်က အခုအချိန်မှာ အစိုးရသစ်လုပ်ဆောင်ပေးမယ့် ဥပဒေတွေနဲ့ အခြေခံဝန်ဆောင်မှုတွေ ပြည့်စုံလာပြီး ဈေးကွက်ပြန်အားကောင်းလာမယ့်အနေအထားကို စောင့်ရဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာအိမ်ခြံမြေဈေးကွက်အနေအထားက၂၀၁၄ ခုနှစ် ဇန်လကစပြီး စောင့်ကြည့်ကာလအနေနဲ့ ဖြစ်ခဲ့ တယ်။ ဈေးကွက်အေးစက်နေတာကအရောင်းပိုင်းဆိုင်ရာမှာသိန်း၅၀ဝ အောက်တွေလောက်ပဲ အရောင်းအဝယ်ဖြစ်တာပါ။ ကျန်တဲ့တန်ဖိုးမြင့်တွေကတော့ ဖြစ်တောင့် ဖြစ်ခဲအနေနဲ့ပဲ အရောင်းအဝယ် ဖြစ်တာလို့ ဈေးကွက်အတွင်းက သိရတယ်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းက ဥက္ကဋ္ဌဦးခင်မောင်သန်းက “အစိုးရပိုင်းက ပေါ်လစီတွေ အမြန်အကောင်အထည်ဖော်လာရင် ဈေးကွက်အားကောင်းပြီး ပြန်ဖြစ်လာမယ် ၊ ဈေးကွက်ပုံမှန်ဖြစ်လာအောင်နဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်အောင် အခွင့်အလမ်းတွေ၊ ဥပဒေတွေ လုပ်ဆောင်ပေးဖို့ လိုတယ်၊ အိမ်ခြံမြေဆိုင်ရာ ဥပဒေပိုင်းတွေကိုလဲ အသင်းကနေ အကြံပြုလုပ်ဆောင်ဖို့တွေရှိပါတယ်၊ ဒါ တွေကို ပူးပေါင်းဆောင်ရွက်ပေးနိုင်မယ်ဆို သင့်တင့်လျောက်ပတ်တဲ့ ဈေးကွက်တစ်ခု ပြန်ပြီး သက်ဝင်လှုပ်ရှားလာမှာပါ”လို့ ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်မှာ ဈေးကွက်ဖြစ်နေတယ်လို့ပြောရတဲ့ အငှားဈေးကွက်က ၂၀၁၅ ခုနှစ် ၆ လပိုင်းအထိ အားကောင်းပေမဲ့ နောက်ပိုင်းမှာ အငှားဈေးကျလာတယ်။ လက်ရှိမှာတော့ ငှားရမ်းခဈေး ပြန်ကျပြီး အငှားဈေးကွက်ဖြစ်နေတာပါ။

ဝသုန်အကျိုးဆောင်က ဦးမောင်ဝင်းက“ဈေးကွက်မှာက အပေါင်ဈေးကွက်နဲ့ ငွေဖော်ပြီး လုပ်ဆောင်နေကြတယ်၊ အငှားတွေက ပုံမှန်တော့ ဖြစ်နေတယ်၊ အရောင်းမဖြစ်တော့ အငှားဘက်လှည့်ကြတာ၊ အခု အရောင်းဈေးကွက်မှာက ငွေနိုင်တဲ့သူတွေက အငှားထားတယ်၊ မနိုင်တဲ့သူတွေက လျှော့ဈေးနဲ့ ထုတ်တယ်၊ တန်ဖိုးမြင့်တဲ့နေ ရာ မြို့တွင်းပိုင်းတွေကတော့ ဈေးကွက် အေးနေတယ်”လို့ ပြောပါတယ်။

အိမ်ခြံမြေဈေးကွက် ပြန်ကောင်းဖို့က အချိန်တစ်ခုအထိပေးပြီးလုပ်ရမှာ ဖြစ်တယ်။ လက်ရှိမှာ အငှားဈေးကွက် ဖြစ်တယ်ဆိုတာက ဈေးကွက်အတွင်းမှာ အရောင်းဈေးကွက်ထက်အငှားဈေးကွက်ပိုဖြစ်နေတာကို ပြောတာဖြစ်တယ်လို့ အ ကျိုး ဆောင်တချို့က ပြောပါတယ်။ ဈေးကွက်ထဲမှာ ထူးခြားပြီး ဈေးကွက်ပြန်လိုက်နေတာတစ်ခုက ကွန်ဒိုဈေးကွက် ဖြစ်တယ်လို့လည်း သိရပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service