စက်မှုရပ်ကွက်ဟုဆိုကာ ကိုယ်ကျိုးအတွက်သိမ်းဆည်းမှုကိုတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူမည် - Property News in Myanmar from iMyanmarHouse.com
1297 Views

စက်မှုရပ်ကွက်ဟုဆိုကာ ကိုယ်ကျိုးအတွက်သိမ်းဆည်းမှုကိုတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူမည်

ရခိုင်ပြည်နယ် စစ်တွေမြို့ တစ်ဘက်ကမ်းတွင်တည်ရှိသော ဒေသခံ မြေကွက်များကို စက်မှုရပ်ကွက်ဟုဆိုကာ ပြီးခဲ့သော ရခိုင်ပြည်နယ်အစိုးရလက်ထက်က
သိမ်းဆည်းခဲ့မှုနှင့်ပတ်သက်၍ ကိုယ်ကျိုးအတွက် သိမ်းဆည်းထားမှုများကို စိစစ်တွေ့ ရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားမည် ဖြစ်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားခဲ့သည်။

သြဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် စက်မှုရပ်ကွက်ဟုဆိုကာ လယ်ယာမြေသိမ်းဆည်းခံထားရသော ကျေးတောရွာသားများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးရုံးတွင် တွေ့ဆုံစဉ် ၀န်ကြီးချုပ် ဦးညီပုကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဦးညီပုက “ ကျွန်တော်တို့ အရပ်သား အစိုးသစ်အနေနဲ့ ဒီပြဿနာတွေကို အားလုံးသိအောင်မြင်အောင် ပွင့်ပွင့်လင်းလင်းရိုးရိုးသားသား
နဲ့ဆောင်ရွက်သွားမှာပါ။ မြေသိမ်းခံရတယ်ဆိုရင်လည်း ဘယ်လိုသိမ်းပုံ သိမ်း နည်းနဲ့ သိမ်းတယ်။အများကောင်းကျိုးအတွက်သိမ်းတဲ့အနေအထားလာ။ နိုင်ငံတော်အကျိုးစီးပွားအတွက်သိမ်း တဲ့အနေအထားလား။ ကိုယ်ကျိုးအတွက်သိမ်းတယ်ဆိုရင်တော့ သိမ်းခဲ့သူတွေကို တည်ဆဲဥပဒေအရအရေးယူသွားမှာပါ။ အများအကျိုးစီးပွားအတွက်သိမ်းတယ်ဆိုရင်တော့ဒီက ကျေးဇူးရှင်လယ်သမားကြီးများရဲ့နစ်နာမှုတွေကိုလည်း တည်ဆဲဥပဒေနဲ့အညီ ပြန်လည်အကျိုးပြုပေးပါ့မယ်။ ကျွန်တော်တို့အနေနဲ့ စက်မှုဇုံမြေဆိုတဲ့အတွက် စက်မှုဇုံမြေပဲဖြစ်အောင် အမြန်ဆုံးဆောင်ရွက်ပေးပါ့မယ်။ ဒီလိုဆောင်ရွက်ချင်လို့ လည်း အခုလိုလာရောက်တွေ့ဆုံ တာပါဒီကကျေးဇူးရှင်လယ်သမားကြီးများအနေနဲ့လည်းအခုလိုရိုးရိုးသားသားပွင့်ပွင့်လင်လင်းပြောကြားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။ကျွန်တော်တို့ဒီကိစ္စကိုဆောင်ရွက်နေစဉ်မှာလည်းခြံစည်းရိုးခတ်နေမှုတွေလုံးဝဆက်မလုပ်ဖို့ပြောထားပါ့မယ်။ ဒီကဆရာတို့ အနေနဲ့လည်း ခြံစည်းရိုးလာခတ်ရင် လာခတ်တဲ့သူ ကို
တားနိုင်ပါတယ်။ ခတ်ပြီး သားခြံစည်းရိုး တွေကိုလည်း ကျေးဇူးပြုပြီး ဖျက်ဆီး တာမျိုးမလုပ်ပါနဲ့ကျွန်တော် တို့ဒီကိစ္စကိုအမြန်ဆုံး ဆောင်ရွက် ပေးပါ့မယ်။ ကျွန်တော်တို့
အစိုး ရအဖွဲ့ကိုယုံကြည်ပါ ” ဟုပြောကြားခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် လယ်သမားကြီးများက စက်မှုရပ်ကွက်ဟုဆိုကာသက်ဆိုင်ရာမှ မိမိတို့ လယ်မြေများကို သိမ်းဆည်းခဲ့သော်လည်း မည်သည့်စက်ရုံမှ မတွေ့ရဘဲ ဌာနဆိုင်ရာအကြီးအကဲ အရာရှိများ၏ အမည်ပေါက် မြေကွက်များကိုသာ တွေ့နေရကြောင်း ၊ သိမ်းဆည်းခဲ့သည့် အချိန်တုန်းကလည်း မည်သည့်
မြေယာလျော်ကြေးများမှ မရရှိကြောင်း ၊ လက်ရှိ မိမိတို့လယ်ယာမြေများကို ခြံစည်းရိုးများကာရန်ထားပြီး သက်ဆိုင်ရာဌာနဆိုင်ရာများကို တိုင်တန်းခဲ့သော်လည်း
ဝန်ထမ်းများက အော်ငေါက်လွှတ်ရုံက လွဲပြီး ထူးခြားမှု မရှိဟု တင်ပြသွားခဲ့ကြောင်း သိရသည်။

အဆိုပါစစ်တွေမြို့တစ်ဘက်ကမ်း ၊ မြေယာများကို စစ်အစိုးရလက်ကတည်းက သိမ်းဆည်းခဲ့ကြောင်း ၊ သို့သော်လည်း လယ်သမားများသည် မိမိတို့လယ်ယာမြေများကို မူလအတိုင်း ၂၀၁၅ ခုနှစ်ကာလအထိ ထွန်ယက် လုပ်ကိုင်စားသောက်ခွင့် ရရှိခဲ့ကြောင်း ၊ ပြီးခဲ့သော ဦးသိန်းစိန်အစိုးရလက်ထက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည်
ယင်းမြေကွက်များကို စက်မှုရက်ကွက်ဟုဆိုကာ စီမံခန့်ခွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Credit: Rakhine Gazette

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service