(၄) ခန်းထက် ပိုဆောက်သည့် ကန်ထရိုက်တိုက်များ ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်ရမည်ဟု YESC ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
664 Views

(၄) ခန်းထက် ပိုဆောက်သည့် ကန်ထရိုက်တိုက်များ ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်ရမည်ဟု YESC ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ဆဲ ကန်ထရိုက်တိုက်များ ဓာတ်အားရရှိရေးအတွက် တိုက်ခန်း(၄)ခန်းအထက်ပိုမိုဆောက်လုပ်ထားပြီး ဓာတ်အားသတ်မှတ်ယူနစ်ထက်ကျော်လွန် သုံးစွဲသောတိုက်များအနေနှင့် ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်ရမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကော်ပိုရေးရှင်း YESC မှ အထွေထွေမန်နေဂျာဦးသန့်ဇင်က News Watch သို့ သြဂုတ် (၁၁)ရက်တွင် ပြောသည်။

ယခင်မူလနေအိမ်တလုံးအား ကန်ထရိုက်တိုက်များအဖြစ် ပြောင်းလဲဆောက်လုပ်ရာတွင် အနည်းဆုံး ၄ခန်းနှင့်အထက် အခန်းများစွာဖြင့် ဆောက်လုပ်နေမှုများကြောင့် ရန်ကုန်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကော်ပိုရေးရှင်းပိုင် ထရန်စဖော်မာများသည် ၀န်အားမနိုင်နင်းမှုအခြေအနေ မျိုးဖြစ်နေသည့်အတွက် ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

''ကန်ထရိုက်တိုက်ဆိုတာ စီးပွားရေးအရ လုပ်ကြတာဆိုတော့ ပထမနေအိမ်တလုံးကနေ အခန်း(၁၀)ခန်း၊ (၁၅)ခန်းအထိ ဖြစ်လာတဲ့အတွက်ကြောင့် လက်ရှိပေးထားတဲ့ ဓာတ်အားအခြေအနေအရ အများပြည်သူပေးတဲ့ ထရန်စဖော်မာကနေ မီးပေးလို့ အဆင်မပြေတော့ဘူး။ ဒါကြောင့် သူတို့ကို သီးခြားထရန်စဖော်မာဆိုပြီး ထိုင်ခိုင်းတာပါ။ ပြောချင်တာကတော့ အခန်း ၄ ခန်းနဲ့အထက်ဆိုရင် ထရန်စဖော်မာထိုင်ရမဲ့သဘောပေါ့''ဟု ဦးသန့်ဇင်က ပြောသည်။

YESC ၏မူအရ ယခင်က တိုက်ခန်း (၁၈) ခန်း၊ အခန်း (၂၀) အထက် ဆောက်လုပ်ထားသော ကန်ထရိုက်တိုက်များကို ထရန်စဖော်မာတပ်ဆင်၍ ဓာတ်အားသုံးစွဲရန် သတ်မှတ်ထားခဲ့ရာမှ ယခုအခါ တိုက်ခန်းတခန်းလျှင် မိသားစုတစု လျှပ်စစ်ဓာတ်အား (၁၀ ကေဗွီအေ)၊ တိုက်ခန်း (၄)ခန်း ၄၀ ကေဗွီအေဟု သတ်မှတ်ထားသည့်အတွက် အခန်း(၄)ခန်းနှင့်အထက် ကန်ထရိုက်တိုက်များ ကိုယ်ပိုင်ထရန် စဖော်မာတပ်ဆင်ရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆောက်အအုံပြီးစီးကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လက်မှတ်ရရှိထားသည့် မည် သည့်အဆောက်အအုံမဆို ၃၀ ကီလိုဝပ် (၃၇ ဒသမ ၅ ကေဗွီအေ) ထက်ကျော်လွန် ၍ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲလိုပါက ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်အသုံးပြုရမည်ဖြစ်ကြောင်း YESC က သြဂုတ် (၁၁)ရက်တွင် ကြေညာခဲ့သည်။

YESC ကြေညာချက်နှင့်ပတ်သက်၍ KBS ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘိုစန်းက''ဒါက သူတို့ပြန် လည်သုံးသပ်သင့်တယ်လို့ထင်ပါတယ်။ ဒီလိုမျိုးလုပ်မယ်ဆိုရင်လည်း လမ်းတလမ်းအတွင်းမှာရှိတဲ့ ဆောက်ပြီးသားကန်ထရိုက်တိုက်တွေ ရှိတယ်။ အဲဒီအတွက် ပင်မထရန်စဖော်မာတခုထားပြီးတော့ အဲဒီကနေရယူသုံးစွဲမယ်ဆိုရင် တတိုက်ကို ဘယ်လောက်ကုန်ကျမယ်ဆိုတာက ပိုသင့်တော်မယ်ပေါ့''ဟု ပြောသည်။

Credit: News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service