ဆောက်လုပ်ခွင့်ပါမစ်ဆိုင်ရာ နည်းဥပဒေသစ် မကြာမီထွက်မည် - Property News in Myanmar from iMyanmarHouse.com
1589 Views

ဆောက်လုပ်ခွင့်ပါမစ်ဆိုင်ရာ နည်းဥပဒေသစ် မကြာမီထွက်မည်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က အဆောက်အအုံများကို ဆောက်လုပ်ခွင့် ပေးသည့် ခွင့်ပြုမိန့်ပါမစ်ကို လုပ်ထုံးလုပ်နည်း အသစ်များဖြင့် ပြင်ဆင်ရေးဆွဲလျက်ရှိရာ လက်ရှိတွင် နည်းဥပဒေအကြမ်း ပြီးစီးပြီ ဖြစ်သည့်အတွက် မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးကမြန်မာတိုင်း(မ်)ကို ပြောသည်။

"ရန်ကုန်မြို့က အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံတွေအားလုံးကို ဆောက် လုပ်ခွင့်ပေးတဲ့ နည်းဥပဒေကို အသစ်ပြန်ပြင် ဆင်တာ ပြီးသွားပါပြီ။ နည်းဥပဒေသစ်အနေနဲ့ မကြာခင်ထွက်လာမှာပါ။ ကျွန်မတို့ အနေနဲ့ မြန်မာနိုင်ငံဗိသုကာအသင်းနဲ့ မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းတို့ကိုလည်း အဲဒီနည်းဥပဒေကြမ်း ချပြပြီးပါပြီ" ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မေလက ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ရန်ကုန်တစ်မြို့လုံးရှိ အထပ်မြင့် အဆောက်အအုံများကို ပြန်လည် စိစစ်ရန် ညွှန်ကြားခဲ့ပြီးနောက် အစိုးရက ဖွဲ့စည်းထားသည့် စိစစ်ရေးကော်မတီ၏ ပြန်လည်စစ်ဆေးမှုတွင် ရန်ကုန်မြို့အင်္ဂါရပ် ကို ထိန်းသိမ်းသည့် စံနှုန်း အသစ်များဖြင့် ထည့်သွင်းစစ်ဆေးခဲ့ကာ ယခင် စည်ပင်သာယာက စိစစ်အသုံးပြုခွင့်ပေးခဲ့သည့် နည်းဥပဒေကို အသစ်ပြန်ပြင်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ရန်ကုန် မြို့ရှိ အဆောက်အအုံများကို ဆောက်လုပ် ခွင့်ပြုမိန့်ပေးရာတွင် အဓိကအခွင့်အာဏာ ရှိသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက် အအုံ)က ကိုင်တွယ်ကျင့်သုံးသော နည်းဥပဒေ သည် အထပ်မြင့်အဆောက်အအုံများအတွက် ကျင့်သုံးသည့် စံနှုန်းများတွင် မြို့ပြအင်္ဂါရပ်ကို ထိန်းသိမ်းမည့် စံနှုန်းများ ပါဝင်မှုမှာ နည်းပါးနေသည်ဟု အထပ်မြင့် အဆောက်အအုံစိစစ်ရေးကော်မတီ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြင်ဆင်ရေးဆွဲပြီးဖြစ်သော ဆောက်လုပ် ခွင့်ပါမစ်နည်းဥပဒေသစ်ကို သက်ဆိုင်ရာ အသင်းအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေး ပြီးပါက တိုင်းဒေသကြီးအစိုးရသို့ တင်ပြမည် ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရခွင့်ပြုချက် ရသည်နှင့် ယင်းနည်းဥပဒေသစ်ကို စည်ပင် သာယာရေးကော်မတီက ကျင့်သုံးသွားမည် ဖြစ်သည်။

ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ နှင့်လည်း နည်းဥပဒေသစ်တွင် ပါဝင်သည့် စံချိန်စံညွှန်းအသစ်များကို ချပြဆွေးနွေး သွားမည်ဖြစ်ကာ ပြည်သူလူထုကိုလည်း ချပြသွားမည်ဖြစ်ကြောင်း ဒေါ်လှိုင်မော်ဦးကပြောသည်။

"ကျွန်မတို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် အသင်းကိုလည်း ချပြမယ်။ ပြီးရင် အခုခေတ်က ဒီမိုကရေစီခေတ်ဆိုတော့ ပြည်သူတွေကိုလည်း ချပြရမယ်။ အခုက ချပြရမယ့် အဆင့် ကို ရောက်နေပါပြီ။ ပြီးရင် တိုင်းဒေသကြီး အစိုးရကိုတင်ပြီး ခွင့်ပြုပြီဆိုတာနဲ့ ဒီနည်း ဥပဒေသစ်ကို စသုံးသွားတော့မှာပါ"ဟု ၎င်းက ပြောသည်။

သို့သော် ဆောက်လုပ်ရေးလုပ်ငန်းရှင် များက ယခင်အစိုးရလက်ထက် နည်းဥပဒေ များဖြင့် ဆောက်လုပ်ခွင့်ပေးပြီးဖြစ်သည့် အထပ်မြင့်အဆောက်အအုံများကို ပြန်လည် စိစစ်ရာတွင် အဆောက်အအုံအချို့ အထပ် အမြင့်များ လျှော့ချခံရသည့်အပေါ် အတည် ပြုထွက်ပေါ်လာခြင်း မရှိသေးသည့် နည်း ဥပဒေသစ်များဖြင့် စိစစ်ခြင်းဖြစ်ပြီး ပွင့်လင်း မြင်သာမှုမရှိကြောင်း ပြင်းထန်သည့် ဝေဖန်မှုများရှိခဲ့သည်။

စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် ရန်ကုန် မြို့တော်စည်ပင် သာယာရေးဥပဒေအရ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ရေး ဆွဲပြီး ထုတ်ပြန်ခွင့်ရှိကြောင်း
ဒေါ်လှိုင်မော်ဦး က ပြောသည်။

ပြင်ဆင်ရေးဆွဲထားသည့် နည်းဥပဒေ သစ်၌ လက်ရှိ ရန်ကုန်မြို့ပြအနေအထား ကို အခြေခံကာ နိုင်ငံတကာတွင် ကျင့်သုံး လျက်ရှိသည့် စံချိန်စံနှုန်းများကို လေ့လာ ပြီး ပြုစုရေးဆွဲထားခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံဗိသုကာအသင်းဥက္ကဋ္ဌ ဦးဆန်းဦးက ပြောသည်။
"ရေးဆွဲတယ်ဆိုတာထက် နိုင်ငံတကာ ဘယ်လိုရှိလဲ၊ မြန်မာပြည်ဘယ်လိုရှိလဲ၊ ဘယ် လိုဖြစ်သင့်လဲ ဆိုတာတွေကို လေ့လာပြီး ပြုစု ထားတာပါ။ ဖြစ်သင့်တာတွေကို လုပ်ထားတာပါ။ တိုင်းဒေသကြီးအစိုးရကို တင်ပြီးလို့ လက်ခံရင် အမြန်ဆုံးထုတ်ပြန်မယ်" ဟု ၎င်းက ပြောသည်။

Credit: MyanmarTimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service