သန်လျင် အိုင်စီတီစီးတီးအကောင်အထည်ဖော်နိုင်ရေး တိုင်းဒေသကြီးအစိုးရနှင့် ထပ်မံတွေ့ဆုံပြီး ခွင့်ပြုချက်တောင်းမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1507 Views

သန်လျင် အိုင်စီတီစီးတီးအကောင်အထည်ဖော်နိုင်ရေး တိုင်းဒေသကြီးအစိုးရနှင့် ထပ်မံတွေ့ဆုံပြီး ခွင့်ပြုချက်တောင်းမည်ဟုဆို

သန်လျင်မြို့အနီး အ ကောင်အထည်ဖော်မည့် အိုင်စီ တီစီးတီးနှင့်ပတ်သက်၍ အစိုးရ ၏ ခွင့်ပြုချက်ရရှိရန် ထပ်မံကြိုး စားနေသည်ဟု မြန်မာနိုင်ငံကွန် ပျူတာအသင်းချုပ်မှ သတင်းရရှိ သည်။

ယခင်အစိုးရလက်ထက်က မြေဧက ၃၀၀ အကျယ်အ၀န်းပေါ် တွင် သန်လျင်အိုင်စီတီစီးတီးစီမံ ကိန်းကို အကောင်အထည်ဖော် ရန် သဘောတူညီခဲ့သော်လည်း အစိုးရသစ်လက်ထက်၌ ယင်းစီမံ ကိန်းအား ပြန်လည်သုံးသပ်နေသ ဖြင့် ခွင့်ပြုချက်ရရှိရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ထပ်မံတွေ့ဆုံမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အထွေ ထွေအတွင်းရေးမှူး ဦးဇော်မင်း ဦးက ပြောသည်။

‘‘တိုင်းဒေသကြီး အစိုးရအ ဖွဲ့နဲ့က နှစ်ကြိမ်တော့တွေ့ပြီးပြီ။ နောက်တစ်ခေါက် ထပ်တွေ့ပြီး သေချာရှင်းပြဖို့ရှိတယ်’’ဟုဦးဇော်မင်းဦးက ဆိုသည်။


ယခုနှစ်ဆန်းက သန်လျင် အိုင်စီတီစီးတီးကို ဇုန်လေးခုခွဲ၍ ပြီးခဲ့သည့် မေလတွင် စတင်အ ကောင်အထည်ဖော်နိုင်မည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်က မျှော်မှန်းထားသော်လည်း အစိုးရအပြောင်းအလဲဖြစ်ပေါ်ပြီး နောက်ပိုင်း ခွင့်ပြုချက်မရရှိသေး ၍ ရပ်တန့်နေခြင်းဖြစ်သည်။

အထက်ပါစီမံကိန်းအတွက် ဒေသခံများထံမှ ကျပ်သိန်း ၃,၇၀၀ ကျော်ဖြင့် အပြီးသတ်ဝယ် ယူခဲ့သည်ဟု မြန်မာနိုင်ငံ ကွန်ပျူ တာအသင်းချုပ်ဥက္ကဋ္ဌက ပြီးခဲ့ သည့် ဇန်န၀ါရီ၌ ထုတ်ဖော် ပြော ကြားကာ ပြည်တွင်းနည်းပညာ ကုမ္ပဏီများ တစ်နေရာတည်းစု ဝေးရာနှင့် စီးပွားရေးလုပ်ငန်းများ ပြုလုပ်နိုင်မည့် ဇုန်တစ်ခုဖြစ်လာ ရန် စီစဉ်ထားကြောင်း ကွန်ပျူ တာအသင်း တာဝန်ရှိသူအချို့က ပြောသည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service