ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင် ကင်မရွန်ဒိုင်ယက်ဇ်၏ ခင်ပွန်းဖြစ်သူဂစ်တာသမားက ၎င်း၏နေအိမ်ကို အခြားရော့ခ်ကာတစ်ဦးအား ရောင်းချ - Property News in Myanmar from iMyanmarHouse.com
998 Views

ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင် ကင်မရွန်ဒိုင်ယက်ဇ်၏ ခင်ပွန်းဖြစ်သူဂစ်တာသမားက ၎င်း၏နေအိမ်ကို အခြားရော့ခ်ကာတစ်ဦးအား ရောင်းချ

ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင် ကင်မရွန်ဒိုင်ယက်ဇ်၏ ခင်ပွန်းဖြစ်သူ Good Charlotte ၀ိုင်းမှဂစ်တာသမား ဘင်ဂျီမက်ဒန်က ၎င်း၏နေအိမ်ကို အခြားရော့ခ်ကာတစ်ဦးအား ကန်ဒေါ်လာ ၁ ဒသမ ၅၅ သန်းဖြင့် ရောင်းချလိုက်ကြောင်း အမေရိကန်ပြည်ထောင်စု၊ ဆီယက်တဲလ်တွင် အခြေစိုက်သော အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဝယ်ယူလိုက်သူမှာ သြစတေးလျ ရော့ခ်ဂီတ၀ိုင်းဖြစ်သော Jet မှ ဒရမ်မာဖြစ်သူ ခရစ်စ် ဆက်စ်တာဖြစ်ပြီး ခရစ်စ် ဆက်စ်တာသည် အဆိုပါဝိုင်းတွင် ဒရမ်မာအဖြစ်သာမက နောက်ခံအဆိုရှင်အဖြစ်လည်း တာဝန်ယူကာ ၎င်း၏ အကိုဖြစ်သူမှာ ယင်းဂီတ၀ိုင်း၏ ရှေ့ထွက်အဆိုတော် ဖြစ်သည်။

ရောင်းချလိုက်သည့်နေအိမ်မှာ ဧက၀က်အကျယ်အ၀န်းရှိပြီး သစ်ပင်များ အုပ်ဆိုင်းလျက်ရှိသည့် ခြံမြေဖြစ်သည်။

ယခုအခါ ဂစ်တာသမား ဘင်ဂျီမက်ဒန်သည် ဇနီးဖြစ်သူ ကင်မရွန်ဒိုင်ယက်ဇ်၏ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

ကင်မရွန်ဒိုင်ယက်ဇ်ပိုင် နေအိမ်တစ်လုံး ရောင်းချသည့်သတင်းကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/501399 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

နေအိမ်ကို တောင်ကုန်းများ ပတ်လည်ဝန်းရံလျက်ရှိပြီး အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ခန်း ကျောက်သားမီးလင်းဖို၊ လဟာပြင်ဧည့်ခန်းဆောင်တစ်ခု၊ ပြင်သစ်ပြတင်းပေါက်များပါဝင်သည့် မီးဖိုဆောင်နှင့် ညစာစားခန်းတို့ ပါဝင်သည်။

၁၉၅၁ ခုနှစ်က ဆောက်လုပ်ခဲ့သော အဆိုပါနေအိမ်ဝန်းအတွင်း စမ်းချောင်းတစ်ခု စီးဆင်းနေသည်။

ဘင်ဂျီမက်ဒန်သည် အမေရိကန်လူမျိုး ဂစ်တာသမား၊ အဆိုတော်၊ တေးရေး၊ ထုတ်လုပ်သူဖြစ်သည်။

မက်ဒန်သည် ကင်မရွန်ဒိုင်ယက်ဇ်နှင့် ၂၀၁၄ ခုနှစ် မေလအတွင်း မေတ္တာသက်ဝင်ခဲ့ကြပြီး ၂၀၁၄ ခုနှစ် ခရစ်စမတ်နေ့တွင် စေ့စပ်ခဲ့ကြကာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၅ ရက်တွင် လက်ထပ်ခဲ့ကြသည်။

ဘင်ဂျီမက်ဒန်သည် ဆေးမင်ကြောင်များစွာ ရေးထိုးထားမှုဖြင့်လည်း နာမည်ကျော်ရာ ၎င်း၏ ကျောပြင်တစ်ခုလုံး၌ ရေးထိုးထားသည်မှာ အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့သည့် နိုင်ငံဖခင်ကြီးများတွင် ပါဝင်သော ဘင်ဂျမင်ဖရန်ကလင်၏ ရုပ်ပုံဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင် ကင်မရွန်ဒိုင်ယက်ဇ်၏ ခင်ပွန်းဖြစ်သူဂစ်တာသမားက ၎င်း၏နေအိမ်ကို အခြားရော့ခ်ကာတစ်ဦးအား ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင် ကင်မရွန်ဒိုင်ယက်ဇ်၏ ခင်ပွန်းဖြစ်သူဂစ်တာသမားက ၎င်း၏နေအိမ်ကို အခြားရော့ခ်ကာတစ်ဦးအား ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင် ကင်မရွန်ဒိုင်ယက်ဇ်၏ ခင်ပွန်းဖြစ်သူဂစ်တာသမားက ၎င်း၏နေအိမ်ကို အခြားရော့ခ်ကာတစ်ဦးအား ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင် ကင်မရွန်ဒိုင်ယက်ဇ်၏ ခင်ပွန်းဖြစ်သူဂစ်တာသမားက ၎င်း၏နေအိမ်ကို အခြားရော့ခ်ကာတစ်ဦးအား ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင် ကင်မရွန်ဒိုင်ယက်ဇ်၏ ခင်ပွန်းဖြစ်သူဂစ်တာသမားက ၎င်း၏နေအိမ်ကို အခြားရော့ခ်ကာတစ်ဦးအား ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင် ကင်မရွန်ဒိုင်ယက်ဇ်၏ ခင်ပွန်းဖြစ်သူဂစ်တာသမားက ၎င်း၏နေအိမ်ကို အခြားရော့ခ်ကာတစ်ဦးအား ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင် ကင်မရွန်ဒိုင်ယက်ဇ်၏ ခင်ပွန်းဖြစ်သူဂစ်တာသမားက ၎င်း၏နေအိမ်ကို အခြားရော့ခ်ကာတစ်ဦးအား ရောင်းချ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service