အစိုးရအကူးအပြောင်းကာလအတွင်း ချထားပေးခဲ့သည့် မြေယာများ စည်ပင်ဂရန်ထုတ်ပေးခြင်းယာယီရပ်ဆိုင်းထား - Property News in Myanmar from iMyanmarHouse.com
1299 Views

အစိုးရအကူးအပြောင်းကာလအတွင်း ချထားပေးခဲ့သည့် မြေယာများ စည်ပင်ဂရန်ထုတ်ပေးခြင်းယာယီရပ်ဆိုင်းထား

အစိုးရအကူးအပြောင်း ကာလအတွင်း စည်ပင်သာယာ နှင့် အများပိုင်မြေယာများကို ပု ဂ္ဂလိကသို့ တစ်ဦးတည်းပိုင်အဖြစ် ချထားပေးခဲ့မှုများအပေါ် ဥပဒေ နှင့် ညီညွတ်မှုရှိ၊မရှိပြန်လည် စိ စစ်နေချိန်တွင် အဆိုပါမြေယာများ အတွက် စည်ပင်သာယာက ဂရန် ထုတ်ပေးခြင်း ယာယီရပ်ဆိုင်းထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

‘‘ဂရန်ထုတ်ပေးတဲ့လုပ်ငန်း တွေရပ်နားထားပါတယ်။ မြို့ တော်ဝန်ကြီးကလည်း ရပ်နားခိုင်း ထားတယ်’’ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲ ဖက် အတွင်းရေးမှူး ဦးသက်နိုင်ထွန်းကပြောသည်။

အစိုးရအကူးအပြောင်းကာ လတွင်း ချထားခွင့်ပြုပေးခဲ့သည့် မြေယာများကို ဂရန်ထုတ်ယူနိုင်ရန် ပုဂ္ဂလိကမှ စည်ပင်သာယာသို့ ငွေကြေးပေးသွင်းထားမှု ကျပ် ၈ဒသမ ၇ ဘီလီယံခန့်ရရှိထားပြီးလက်ရှိတွင်ပုဂ္ဂလိကသို့ လွှဲပြောင်းချထားပေးခဲ့သည့် မြေယာများအနက် မြေကွက်ထက်ဝက်ခန့်ကိုဂရန်ထုတ်ပေးပြီးဖြစ်သည်ဟု စည်ပင် သာယာမှ သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီးအ စိုးရသည် အစိုးရအလွှဲအပြောင်း ကာလအတွင်း အများပြည်သူနှင့် သက်ဆိုင်သည့် ဧရိယာကျယ်ဝန်း သောမြေကွက်များ၊ ပလပ်မြေ များကို လူပုဂ္ဂိုလ်အမည်များဖြင့် တစ်ဦးတည်းပိုင်အဖြစ် မြေနေရာချထားပေးခဲ့မှုများကို ဥပဒေနှင့် ညီညွတ်မှုရှိ၊မရှိ ပြန်လည်စိစစ်ရန် အဖွဲ့ဝင် ၁၇ ဦးပါ ကော်မတီတစ်ရပ်ကို သြဂုတ် ၁ ရက်တွင် စတင်ဖွဲ့စည်းထားပြီး ပြန်လည်စိစစ်ခြင်း လုပ်ငန်းများကို စတင်လုပ် ဆောင်နေပြီဖြစ်သည်။

‘‘တနင်္လာနေ့အရောက် စာ ရင်းတွေ တောင်းထားတယ်။စည် ပင် သာယာပိုင်မြေတွေ ဘယ် လောက်များများပုဂ္ဂလိကကို ချ ထားပေးခဲ့သလဲဆိုတာ ကျွန်တော် တို့ အတိအကျမသိရသေးပါဘူး။ ဧကရာချီရှိနိုင်တယ်။ ပြည်ကြီးတံ ခွန်မြို့နယ်ထဲမှာကို ဧကတစ်ရာ ကျော်လောက်ရှိနိုင်တယ်။အဆင့် ဆင့်စိစစ်တာတွေလုပ်ဆောင်မှာ ပါ’’ဟု တိုင်းအစိုးရအဖွဲ့က ဖွဲ့စည်းခဲ့သည့် ပြန်လည်စိစစ်မည့်ကော်မတီတွင်ပါဝင်သည့် ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးကပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service