(၈) နှစ်အရစ်ကျ စနစ်နဲ့ ရောင်းချပေးမည့် ယုဇန တန်ဖိုးနည်းအိမ်ရာ - Property News in Myanmar from iMyanmarHouse.com
1878 Views

(၈) နှစ်အရစ်ကျ စနစ်နဲ့ ရောင်းချပေးမည့် ယုဇန တန်ဖိုးနည်းအိမ်ရာ

ယုဇန အိမ်ရာစီမံကိန်း ဟာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အတွင်းရှိ ပဲခူးမြစ်လမ်းနဲ့ ယုဇနတိုက်ခန်းများ အကြား မြေကွက်လပ်နဲ့ စစ်တောင်းအိမ်ရာအနောက်ဘက်ရှိ မြေကွက်လပ်နှစ်ခုပေါ်တွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက တည်ဆောက်နေတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။

ယုဇနဥယျာဉ်မြို့တော်အိမ်ရာအတွင်း အဲဒီအိမ်ရာကို အပိုင်း(၁) နဲ့ အပိုင်း(၂) ခွဲပြီးဆောက်နေပါတယ်။

အပိုင်း (၁)

အပိုင်း(၁) ကို ၂၀၁၄ သြဂုတ်လ ကစဆောက်ခဲ့ပြီး၊ တိုက်ခန်းများမှာ ၂၂ ပေ (စတုရန်းပေ ၄၄၀) ပတ်လည် အခန်းများ ဖြစ်ပါတယ်။ ရေချိုးခန်းနဲ့အိမ်သာ များတစ်ပါတည်းပါရှိပါတယ်။ခြောက်ခန်းတွဲ လေးထပ် အဆောက်အအုံ ၁၂ လုံး၊ ရှစ်ခန်းတွဲ လေးထပ်အဆောက်အအုံ ၁၈ လုံး၊ စုစုပေါင်း တိုက်အလုံးရေ ၃၀ မှ အခန်းပေါင်း ၈၆၄ ခန်း ထွက်ရှိပါမယ်။ အပိုင်း(၁) ကို ကုမ္ပဏီ ၁၁ ခုနဲ့ တည်ဆောက်နေတာဖြစ်ပါတယ်။ အပိုင်း (၁) ကတော့ အခန်းအပ်တော့မည်ဟု သိရပါသည်။

အပိုင်း(၂)

တည်ဆောက်ဆဲ အပိုင်း(၂) ကို ၂၀၁၅ မတ်လ က စဆောက်ခဲ့ပြီး၊ ၂၀၁၆ ခုနှစ် အကုန်ပြီးမည်ဟု သိရပါသည်။

အပိုင်း(၂) ကို သီဟိုဠ်လမ်းမပေါ် မြေဧက ၁၇ ဧက ပေါ်တွင် ကုမ္ပဏီ ၁၇ ခုနဲ့ တည်ဆောက် နေတာ ဖြစ်ပါတယ်။ ကုမ္ပဏီများက (ပစ္စည်းဖိုးနဲ့လက်ခ) အပြီးအစီး စနစ်နဲ့ တည်ဆောက်တာဖြစ်ပြီး ရေ၊လျှပ်စစ်မီး၊ မိလ္လာစနစ် အပါအ၀င် ဆေးသုတ်ပြီးအထိ ၁ စတုရန်းပေကို ၁၇၀၀၀ ကျပ်ဖြင့် ကုမ္ပဏီများက အပြီးအစီးတာဝန်ယူ တည်ဆောက်ပေးရတာဖြစ်ပါတယ်။

ခြောက်ခန်းတွဲ လေးထပ် အဆောက်အအုံ ၁၂ လုံး မှ တိုက်ခန်း ၂၈၈ ခန်း၊ ရှစ်ခန်းတွဲ လေးထပ်အဆောက်အအုံ ၂၈ လုံး မှ တိုက်ခန်း ၉၂၄ ခန်း၊ စုစုပေါင်း တိုက်အလုံးရေ ၃၀ မှ အခန်းပေါင်း ၁,၁၅၂ ခန်း ထွက်ရှိပါမယ်။

တိုက်ခန်းများမှာ ၄၆၈ စတုရန်းပေ ပတ်လည်အခန်းများ ဖြစ်ပါတယ်။ ရေချိုးခန်းနဲ့အိမ်သာ များတစ်ပါတည်းပါရှိပါတယ်။

အပိုင်း(၃)

နောက် မကြာခင် ယုဇန အိမ်ရာစီမံကိန်း အပိုင်း( ၃) အဖြစ် ခြောက်ခန်းတွဲ လေးထပ် တိုက်အလုံး၄၀ (စုစုပေါင်း ၁၀၀၈ ခန်း) ကိုလည်းဆက်လက်လုပ်ဆောင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဟုသိရှိထားပါတယ်။

Pricing

ရောင်းမည့်အခန်းများ၏ pricing မှာ မြေညီထပ် အခန်းများကို သိန်း ၂၀၀ ဟု သတ်မှတ်ထားပြီး အပေါ်ဆုံးထပ်များကို သိန်း ၁၅၀ ဟု သတ်မှတ်ထားပါသည်။

ငွေပေးချေမှုစနစ်မှာ ဆောက်လုပ်ရေးဘဏ်နှင့် ချိတ်ဆက်၍ ၀ယ်ယူနိုင်ကာ ၃၀ ရာခိုင်နှုန်းပေးချေရမည်ဖြစ်ပြီး ကျန်သည့်ပမာဏကို လစဉ် ၈ နှစ် အရစ်ကျ ပေးရမည်ဖြစ်သည်။ ကျန်သည့်အခန်းများကို ငှားမည်ဟု သိရသည်။


Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service