ယခုလပိုင်းအတွင်း ကွန်ဒိုတိုက်ခန်းများ ရောင်းအား အနည်းငယ်ပြန်တက်လာ - Property News in Myanmar from iMyanmarHouse.com
1612 Views

ယခုလပိုင်းအတွင်း ကွန်ဒိုတိုက်ခန်းများ ရောင်းအား အနည်းငယ်ပြန်တက်လာ

လွန်ခဲ့သောနှစ်နှစ်မှစတင်ကာ ၀ယ်လိုအား သိသိသာသာ ကျဆင်းခဲ့သည့် ကွန်ဒိုတိုက်
ခန်းအရောင်းဈေးကွက်တွင် ယခုလအတွင်း ရောင်းအား အနည်းငယ်ပြန်တက်လာသည်ဟု
အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

အိမ်ခြံမြေဈေးကွက် ကျဆင်းနေခြင်းနှင့် အတူ အငှားဈေးကွက် ပိုမိုအားကောင်းနေသော်လည်း
ယခုလပိုင်းအတွင်း ကွန်ဒိုတိုက် ခန်း အရောင်းအ၀ယ် ပုံမှန်ဖြစ်နေကာ ယခု နှစ်ဆန်းပိုင်းထက်
အရောင်းအ၀ယ်ပိုကောင်း နေသည်ဟု သစ္စာအိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်း
ဒါရိုက်တာ ဒေါ်သူဇာမေက ပြောသည်။

"ကွန်ဒိုဈေးကွက်က ဒီလပိုင်းလောက်မှာ အရောင်းအ၀ယ် ပြန်လိုက်လာပါတယ်။ ဈေးကွက်တွင်းမှာ
လိုအပ်တာထက် ကွန်ဒို တွေ အဆောက်များလာတော့ ရောင်းလိုအား များပြီး ၀ယ်လိုအားမရှိတဲ့
ကွန်ဒိုဈေးကွက်က သူ့ဘာသာသူ အရောင်းအ၀ယ်ဖြစ်နေတာ တွေရှိနေပေမဲ့ အရောင်းအေးနေတယ်လို့
ပြောလို့ရတာ ကြာပါပြီ။ ဒါပေမဲ့ အခုလပိုင်း အတွင်းမှာ ဆောက်လုပ်ရေးလုပ်ငန်း
ပြီးသလောက်ရှိနေတဲ့ ကွန်ဒိုတွေ အရောင်းအ၀ယ်ဖြစ်နေပါတယ်" ဟု ၎င်းက ပြောသည်။

ပြီးခဲ့သောနှစ်နှစ်မှစ၍ ကွန်ဒိုအရောင်း ဈေးကွက် ကျဆင်းနေခဲ့ရာ တိုက်ခန်း ဈေးနှုန်းများ မကျဆင်းခဲ့သော်လည်း ဆောက်လုပ်ပြီးစီးခဲ့သည့် ကွန်ဒို တိုက်ခန်း ဈေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာသည်ဟု ဒေါ်သူဇာမေက ပြောသည်။

"အသစ်ဆောက်လုပ်တဲ့ ကွန်ဒိုတိုက်ခန်း တွေမှာလည်း တိုက်ခန်းဈေးနှုန်းတွေ အရင်ကထက်
ဈေးကျဆင်းလာပါတယ်။ ပြီးတော့ ကွန်ဒိုအရောင်းဈေးကွက်က နှစ်နဲ့ချီပြီး အရောင်းကျခဲ့တော့
အခုချိန် တိုက်ခန်း ၀ယ်ယူမယ်ဆိုရင် ဈေးဆစ်ပြီး ၀ယ်နိုင်တာလည်း ပါပါတယ်။ ဆောက်လုပ်ရေး
လုပ်ငန်း ရှင်တွေကလည်း ကွန်ဒိုတိုက်ခန်းတွေကို ငါးနှစ်လောက်အထိ အရစ်ကျပေးစနစ်နဲ့
ရောင်းချပေးနေတာများပါတယ်"ဟု ၎င်းက ပြောသည်။ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းဈေးကွက်
ကျဆင်းခဲ့သော်လည်း အငှား ဈေးကွက်မှာ ကောင်းမွန်ဆဲဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံလိုသူများက
ကွန်ဒိုတိုက်ခန်း များကို ပြန်လည်အငှားချရန် ရည်ရွယ်ပြီး ၀ယ်ယူမှုများပြားနေသည်ဟု
အောင်အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းမှ ဦးစိန်လွင်က ပြောသည်။

"ကွန်ဒိုတိုက်ခန်း ၀ယ်ယူလိုသူ အများစု က ပြန်ငှားစားဖို့ ၀ယ်ယူသူများပါတယ်။ အိမ်ခြံမြေ
အရောင်းဈေးကွက် ကျပေမဲ့ အငှားဈေးကွက်က မကျဆင်းဘဲ ဈေးကွက် ကောင်းမွန်ဆဲဆိုတော့
ကွန်ဒိုတိုက်ခန်း ၀ယ်ယူပြီး ပြန်ငှားစားတာများတယ်။ တခြား သာမန်တိုက်ခန်းနဲ့ ကွန်ဒိုတိုက်ခန်း
အငှား ဈေးကလည်း သိသိသာသာ ကွာခြားတယ် ဆိုတော့ ကွန်ဒိုကို ငှားစားဖို့ ပိုစိတ်ဝင်စား ကြတယ်"ဟု
၎င်းက ပြောသည်။ ယခုနှစ်အတွင်း အကြီးစားဆောက်လုပ် ရေးလုပ်ငန်းများမှ ကွန်ဒိုတိုက်ခန်းအသစ်
၎,၄၀၀ ခန့် ဆောက်လုပ်ပြီးစီးမည်ဖြစ်ပြီး လာမည့်လေးနှစ်အတွင်း ကွန်ဒိုတိုက်ခန်း
အသစ် ၁၀,၁၁၈ လုံးခန့် ဆောက်လုပ်ပြီးစီးနိုင်မည်ဟု Collier အိမ်ခြံမြေအကြံပေးလုပ်ငန်းက
ခန့်မှန်းထားသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service