အထပ်မြင့်အဆောက်အအုံစီမံကိန်းများ မူအသစ်ဖြင့် ပြန်လည်လျှောက်ထားရမည် ဆိုသည့်အပေါ် လုပ်ငန်းရှင်များ ဝေဖန် - Property News in Myanmar from iMyanmarHouse.com
1785 Views

အထပ်မြင့်အဆောက်အအုံစီမံကိန်းများ မူအသစ်ဖြင့် ပြန်လည်လျှောက်ထားရမည် ဆိုသည့်အပေါ် လုပ်ငန်းရှင်များ ဝေဖန်

ယခင်အစိုးရလက်ထက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုထား သည့်အဆောက်အအုံများမှာ ဆောက်လုပ် ရေးလုပ်ငန်းများ မစတင်သေးသော်လည်း
အစိုးရသစ်၏ မူဝါဒအသစ်ဖြင့် ပြန်လည် လျှောက်ထားရမည့်အပေါ် ဆောက်လုပ်ရေး
လုပ်ငန်းရှင်များက ဝေဖန်နေကြသည်။

"သူတို့က ဆိုက်တွေထဲအထိ လာဆင်း မကြည့်ဘူး။ ကျွန်တော်တို့လုပ်ငန်းရှင်တွေဘက်က
ပြောချင်တာကတော့ ဆိုက်တွေထဲအထိ လာကြည့်ပါ။ စည်ပင်က ဆိုင်းဘုတ်အ၀ါတွေ
ထုတ်ပြီးကတည်းက ဆိုက်တော်တော်များ များ ပိုင်စမ်းတာတွေ လုပ်ပြီးကြပါပြီ။ ခွင့်ပြု မိန့်ကျပြီး
သုံးလလောက်အထိ မြေကွက်မှာ ပိုင်စမ်းရတယ်။ ဒီအဆင့်မှာတင် ကုမ္ပဏီတွေဘက်က ဒေါ်လာ
လေးသန်းလောက်ထိ ကုန် ကျနေပြီ။ အဲဒါတွေကို မကြည့်ဘဲ ဘာအလုပ်မှ မလုပ်ရသေးတဲ့
မြေကွက်ဆိုပြီး စစ်လည်း မစစ်ဘူး။ ပုံစံအသစ် ပြန်တင်ခိုင်းနေတယ်" ဟု ၂၇ ထပ်ရှိ
အဆောက်အအုံကို မူအားဖြင့် ဆောက်လုပ်ခွင့်ရရှိထားသည့် ရွှေဇမ္ဗူထိပ် ဆောက်လုပ်ရေး
ကုမ္ပဏီ၏ အုပ်ချုပ်မှူ ဒါရိုက်တာ ဦးသန်းနိုင်က ပြောသည်။

ယခင်အစိုးရလက်ထက်တွင် မူအားဖြင့် ခွင့်ပြုထားပြီးဖြစ်သည့် အထပ်မြင့်အဆောက်အအုံစီမံကိန်း
၁၈၅ ခုအနက် လုပ်ငန်းလုပ် ဆောင်နေသည့် အဆောက်အအုံ ၅၁ လုံးကို ဇူလိုင် ၂၉ ရက်တွင်
အပြီးသတ်စစ်ဆေး မည်ဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်း များ စတင်လုပ်ကိုင်ရခြင်း
မရှိသေးသည့် အဆောက်အအုံ ၁၃၄ လုံးကိုမူ မကြာမီ အသစ်ရေးဆွဲ ပြဋ္ဌာန်းပေးမည့်
မူဝါဒသစ် များဖြင့် ပြန်လည် လျှောက်ထားရမည်ဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက
ဝေဖန် နေကြခြင်းဖြစ်သည်။

"ခွင့်ပြုမိန့် ပြန်တင်ရမယ်ဆိုရင် ဒီဇိုင်း ဆွဲခတွေ ပြန်ကုန်ဦးမယ်။ ပြီးခဲ့တဲ့အစိုးရ
လက်ထက်တုန်းကလည်း ဒီဇိုင်းဆွဲလိုက် ပြင်လိုက် ပြန်တင်ပြလိုက်နဲ့ အချိန်တွေ ကြာခဲ့ပြီးပြီ။
တော်တော်များများကလည်း အဆောက်အအုံသာ မဆောက်ရသေးတာ ပိုင်စမ်းသပ်တာတွေ
လုပ်ထားနေကြတယ်။ လုံးဝ မူခွင့်ပြုပြီး ဘာမှမလုပ်တဲ့ အဆောက် အအုံကတော့
တော်တော်လေးနည်းပါတယ်" ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးစိုးမြင့်အောင်က
ပြောသည်။ ဆောက်လုပ်ရေးကုမ္ပဏီ အများစုမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ
ခွင့်ပြုမိန့်ရရှိပါက လုပ်ငန်းခွင်အတွက် လိုအပ် သည့် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ စက်ယန္တရားများ
ဝယ်ယူဖြည့်တင်းခြင်းကို ကြို တင်ပြုလုပ်ထားရသည်။ အထပ်မြင့် တည် ဆောက်ရေးလုပ်ငန်းများ
စတင်လုပ်ကိုင်ခြင်း မပြုမီ အချိန်ကာလတွင် အဓိကကျသည့် မြေသားခိုင်ခံ့မှုကို စမ်းသပ်စစ်ဆေးသည့်
လုပ်ငန်းများအတွက်လည်း အချိန်နှင့် ငွေကြေး ရင်းနှီးမြှုပ်နှံထားသည်။

တည်ဆောက်ရေးလုပ်ငန်းများ စတင်ခြင်း မရှိသေးသည့် အထပ်မြင့် အဆောက်အအုံ များအတွက်
မူအသစ်ဖြင့် ပြန်လည်လျှောက် ထားရန်လိုအပ်ပြီး အထပ်မြင့်အဆောက် အအုံများ ပြန်လည်စိစစ်သည့်
လုပ်ငန်းစဉ် သည်လည်း မကြာမီ ပြီးစီးတော့မည်ဖြစ် သည်ဟု ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှုစိစစ်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးရဲမင်းဦးကပြောသည်။

"၅၁ လုံးကိစ္စက ဒီသောကြာမှာ စစ်ဖြစ်မယ်။ ကျန်တဲ့အလုံးတွေက မြေပြင်ပဲရှိသေးလို့
ဘာမှမလုပ်ရသေးဘူး။ မြေပြင်အလုံးတွေ က မူဘောင်အသစ် ချပေးလိုက်ရင် စည်ပင်က
အဲဒီမူဘောင်အတိုင်း ဆက်လုပ်သွားရုံပဲ။ သူတို့က အများကြီးပြန်စစ်တာတွေ ပြန်လုပ်စရာ
မလိုတော့ဘူးလေ။ လက်ရှိစစ်ဆေးနေ တဲ့ လုပ်ငန်းစဉ်တွေကြောင့် အချိန်ကြာလာ ရင်နစ်နာမှုတွေ
ရှိလာနိုင်တဲ့အတွက် စစ်ဆေးတဲ့ကိစ္စကို မြန်မြန်စစ်ဆေးမယ်လို့ ၀န်ကြီးချုပ်ကလည်း
ကြေညာထားပြီးပါပြီ" ဟု ၎င်းက ပြောသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service