တင်းကျပ်လာနိုင်တဲ့ ဥပဒေမူဝါဒတွေကြောင့် အိမ်ခြံမြေဈေးကစားမှုပျောက်နိုင် - Property News in Myanmar from iMyanmarHouse.com
2846 Views

တင်းကျပ်လာနိုင်တဲ့ ဥပဒေမူဝါဒတွေကြောင့် အိမ်ခြံမြေဈေးကစားမှုပျောက်နိုင်

အိမ်ခြံမြေကို ရင်းနှီ့းမြှုပ်နှံမှု တစ်ခုအနေနဲ့ မလုပ်ကြတော့တာက တင်းကျပ်လာနိုင်တဲ့ ဥပဒေ မူဝါဒတွေ။ လက်ရှိလုပ်ဆောင်နေတဲ့ စိစစ်မှုတွေကြောင့် နောက်ပိုင်းမှာ ဈေးကစားမှုတွေ ပျောက်သွားနိုင်တယ်လို့ သိရပါတယ်။

ကျောက်တံတားမြို့နယ်က အကျိုးဆောင် ဦးအောင်ကျော်က ‘ဝယ်ရောင်းဈေးကွက်ရှိနိုင်တယ်ဆိုပေမဲ့ ဈေးကစားတာတွေတော့ နည်းသွားနိုင်တယ်၊ ပုံမှန်ဈေးကွက်နဲ့ပဲ ဈေးကွက်က ပြန်ပြီး ခေါင်းပြန်မော့လာနိုင်တယ်၊ ဈေးကစားတဲ့ဈေးကွက်ကြောင့် အိမ်ခြံမြေဈေးတွေက အခုလိုမတန်တဆ ဖြစ်နေတာ ၊ အခုချိန်တောင် ဈေးကွက်က အေးနေတာ နောက်ပိုင်းဆို
ဈေးကွက်က ပုံမှန်ပြန်ဖြစ်လာမှာ ' လို့ ပြောပါတယ်။

လက်ရှိမှာလည်း ရင်းနှီးမြှုပ်နှံမှု တစ်ခုအနေနဲ့ ပြုလုပ်သူတွေနည်းလာတာကြောင့် အရောင်းအဝယ်က တော်တ်ာအေးနေတာပါ။ တကယ်နေမယ့်သူလောက်နဲ့ လိုအပ်တဲ့သူလောက်ပဲ ဝယ်တာမျိုးတွေရှိတယ်လို့ပြောပါတယ်။
စီမံကိန်းရှိလည်း ရင်းနှီးမြှုပ်နှံသူတွေက အရင်လို စိတ်ဝင်တစားရှိကြပေမဲ့ ဝယ်ယူမှုတော့ မရှိတော့ပါဘူး။ အရင်ကလိုဝယ်ထားရင် မြတ်တယ်ဆိုတဲ့ အတွေးတွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့သူ နည်းသွားတယ် လို့ အကျိုးဆောင် တချို့က ပြောပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးထက်ကျော်က ‘ တချို့တွေကတော့ ဖွံဖြိုးမှုတွေ ဖြစ်လာနိုင်တဲ့နေရာတွေကိုပဲ ရင်းနှီးမြှုပ်နှံထားကြတယ် ပြန်ရောင်းရင်မြတ်မှာပဲဆိုပြီး ဝယ်တဲ့သူတွေ သိပ်မရှိတော့ဘူး၊ အခုလို အရောင်းအဝယ် မကောင်းတဲ့အခါမှာ အမြတ်ရဖို့မသေချာတော့ ဝယ်ဖို့ကို စဉ်းစားချင့်ချိန်ပြီးမှပဲ ဝယ်ကြတော့တယ် ' လို့ ပြောပါတယ်။

ချင့်ချိန်ပြီး ဝယ်ကြတယ်ဆိုတာက ဥပမာ စက်မှုဇုန်ကို အရင်ကဝယ်ကြတယ်။တကယ်လုပ်ငန်းလုပ်ဖို့ထက် ဈေးကစားဖို့ အမြတ်ရဖို့အတွက် ဝယ်ထားကြတယ်။အခုလို အချိန်မှာတော့ လုပ်ငန်းမလုပ်ဘဲ ထားတဲ့သူတွေကို ပြန်သိမ်းမယ်ဆိုတာကြောင့် အရောင်းအဝယ် မကောင်းတဲ့ အတွက် အမြတ်ရဖို့မသေချာတော့ ဝယ်ဖို့ မဝံ့မရဲ ဖြစ်ကြတယ်လို့သိရပါတယ်။

ရန်ကုန်မြို့တွင်းဈေးကွက်ကတော့ အတက်ဈေးနဲ့တန့်နေသလို မြို့စွန်တွေနဲ့ ဆင်ခြေဖုံးတွေ မြို့သစ်တွေရဲ့ ဈေးကလည်း ဈေးဆက်မြင့်လာနိုင်ခြေ မရှိနိုင်ဘူးလို့ သိရပါတယ် ။မြို့တွင်းနဲ့ဆက်စပ်မြို့နယ်တွေဆိုလည်း သွားရလာရလွယ်ကူနေတယ်ဆိုပေမဲ့ ရန်ကုန်မြို့တွင်းဈေးကွက်ကိုတော့ မလိုက်နိုင်ကြဘူလို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။

ဝသုန်အကျိုးဆောင်က ဦးမောင်ဝင်းက ‘ မြို့သစ်လုပ်မယ့်နေရာတွေ မြို့စွန်းတွေ စီမံကိန်းးနေရာတွေကတော့ ဈေးကွက်ပြန်ဖြစ်ရင်တောင် ပုံမှန်ဈေးထက် အနည်းငယ်လောက်ဘဲ တက်နိုင်ခြေရှိတယ်၊ မြို့တွင်းဈေးကွက်ကတော့ အိမ်ခြံမြေဈေးကွက်ဘယ်လိုအခြေအနေဘဲဖြစ်ဖြစ်
ဈေးအမြင့်နဲ့ပဲရှိနေဦးမှာ၊ ဈေးကစားတာတွေတာ့ ပျောက်သွားနိုင်တယ်၊ အငှါးထားသူတွေ၊ နေဖို့သူတွေ၊ လုပ်ငန်းလုပ်သူတွေလောက်ပဲ ဈေးကွက်ရှိနိုင်တယ်’ လို့ပြောပါတယ်။

Credit: The Kumudra

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service